China
ပင်လယ်ကွေ့ဒေသရှိ ပထမဆုံး တရုတ်ယဉ်ကျေးမှုစင်တာကို ကူဝိတ်တွင် ဖွင့်လှစ်

ကူဝိတ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ပင်လယ်ကွေ့ဒေသ၏ ပထမဆုံးသော တရုတ်ယဉ်ကျေးမှုစင်တာ အပြည့်အဝလည်ပတ်မှု အထိမ်းအမှတ်အဖြစ် ကူဝိတ်နိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုစင်တာ၏ တရားဝင် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်က ကျင်းပခဲ့သည်။
ကူဝိတ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ လျိုရှန်က ပင်လယ်ကွေ့ဒေသ၏ ပထမဆုံးသော တရုတ်ယဉ်ကျေးမှုစင်တာဖြစ်သည့် ကူဝိတ်နိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုဗဟိုဌာနသည် တရုတ်-ကူဝိတ် ချစ်ကြည်ရေးသင်္ကေတအဖြစ် ရပ်တည်ပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်းဖလှယ်မှု တိုးမြှင့်ရန်အတွက် အရေးကြီးသော စင်မြင့်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည်ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါစင်တာသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စမ်းသပ်လည်ပတ်မှုစတင်ခဲ့ပြီး ထိုအချိန်မှစ၍ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာဆွေးနွေးပွဲများမြှင့်တင်ရန် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
“ကူဝိတ်နိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုစင်တာက ကျွန်တော်တို့နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်မှာ ပိုပြီးခမ်းနားတဲ့အခန်းကို ဆက်လက်ရေးသားဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယဉ်ကျေးမှုစင်တာ၏ ဒါရိုက်တာ လျိုကျင်ဟုန်ကလည်း အဆိုပါစင်တာအား တရားဝင်ဖွင့်လှစ်ခြင်းသည် ပြည်သူနှစ်ရပ်ကြားတွင် စိတ်ဓာတ်ရေးရာတွေ့ဆုံမှုအသစ်တစ်ခုဖြစ်သည်ဟု ဆိုသည်။
လျို က ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ရန်၊ ယဉ်ကျေးမှုများအကြား အပြန်အလှန် သင်ယူမှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံစလုံး၏ တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် စင်တာ၏ သန္နိဋ္ဌာန်ကို အလေးပေးပြောကြားခဲ့သည်။
ကူဝိတ်နိုင်ငံ၏ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေဆိုင်ရာ အမျိုးသားကောင်စီ၏ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Al-Anoud Ibrahim Al-Sabah က ယဉ်ကျေးမှုစင်တာကို တရားဝင်ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရန် နေရာသစ်တစ်ခု ဖန်တီးပေးကြောင်း ပြောကြားခဲ့သည်။
ယဉ်ကျေးမှုဗဟိုဌာနသည် “ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းရေးတို့ဖြင့် ချည်နှောင်ထားသော ယဉ်ကျေးမှုနှစ်ရပ်ကို ချိတ်ဆက်ပေးသည့် အဓွန့်ရှည်ကြာသော တံတားတစ်စင်းနှင့် ဆွေးနွေးမှုအလင်းရောင်တစ်ခု” ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နှင့် ကူဝိတ်ယဉ်ကျေးမှုတို့ ရောစပ်ထားသည့် မတူကွဲပြားသော အနုပညာဖျော်ဖြေမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
1st Chinese cultural center in Gulf region inaugurated in Kuwait
KUWAIT CITY, Oct. 12 (Xinhua) — The official inauguration ceremony for the Chinese Cultural Center in Kuwait was held on Sunday, marking the full operation of the Gulf region’s first Chinese cultural center.
Liu Xiang, charge d’affaires of the Chinese Embassy in Kuwait, said during the ceremony that the Chinese Cultural Center in Kuwait, as the first of its kind in the Gulf region, stands as a symbol of China-Kuwait friendship and serves as an important platform for enhancing cultural and people-to-people exchanges between the two countries.
He noted that the center had begun trial operations in September 2023 and has since worked to promote cultural exchange and civilizational dialogue.
“We look forward to the Chinese Cultural Center in Kuwait continuing to write an even more splendid chapter in the story of friendship and cooperation between our two countries,” he said.
Liu Jinhong, director of the cultural center, said the official opening marks a new beginning and a “spiritual encounter” between the two peoples.
Liu stressed the center’s commitment to deepening cultural cooperation, promoting mutual learning among civilizations, and contributing to the progress and development of both nations.
Al-Anoud Ibrahim Al-Sabah, assistant secretary-general of Kuwait’s National Council for Culture, Arts and Letters, said the official opening of the cultural center creates a new space for cultural exchange between the two countries.
She expressed her hope that the cultural center will become “a beacon of dialogue and a lasting bridge connecting two cultures bound by friendship and peace.”
The opening ceremony also featured diverse artistic performances blending Chinese and Kuwaiti culture. ■
English Caption
A woman poses for photos with a panda-shaped mascot at the China Cultural Center in Kuwait, Hawalli Governorate, Kuwait, Oct. 12, 2025. (Photo by Asad/Xinhua)