China
ဘာရိန်းတွင် ကျင်းပမည့် အာရှလူငယ်အားကစားပြိုင်ပွဲတွင် တရုတ်အားကစားသမား ၂၉၃ ဦး ပါဝင်ယှဉ်ပြိုင်မည်

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ဘာရိန်းနိုင်ငံတွင် ကျင်းပမည့် တတိယအကြိမ် အာရှလူငယ်အားကစားပြိုင်ပွဲအတွက် အားကစားသမား ၂၉၃ ဦး အပါအဝင် အဖွဲ့ဝင် ၄၃၅ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံက အောက်တိုဘာ ၁၃ ရက်၌ ကြေညာခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသမီးအားကစားသမား ၁၄၈ ဦးနှင့် အမျိုးသားအားကစားသမား ၁၄၅ ဦး ပါဝင်ကာ အားကစားနည်း ၂၀ အတွက် ပြိုင်ပွဲပေါင်း ၁၉၁ ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
“အာရှလူငယ်အားကစားပြိုင်ပွဲဟာ အာရှအိုလံပစ်ကောင်စီက စီစဉ်ကျင်းပတဲ့ အဓိက အားကစားပြိုင်ပွဲ ငါးခုထဲမှာ တစ်ခုအပါအဝင်ဖြစ်သလို အာရှတိုက်ရဲ့ ကဏ္ဍစုံလင်တဲ့ အကြီးမားဆုံး လူငယ်အားကစားပွဲတော်လည်းဖြစ်တယ်” ဟု တရုတ်နိုင်ငံ အားကစားရေးရာ အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ကျန်းကျားစိန့်က ပြောသည်။ “အဲဒီအားကစားပြိုင်ပွဲဟာ တရုတ်နိုင်ငံရဲ့ လူငယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ထုတ်ဖော်ပြသရာမှာ အရေးပါတဲ့ ပလက်ဖောင်းတစ်ခုဖြစ်သလို အာရှဒေသတစ်လွှား ငြိမ်းချမ်းမှု၊ စည်းလုံးညီညွတ်မှုနဲ့ တိုးတက်မှုတွေကိုလည်း မြှင့်တင်ပေးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လူငယ်အားကစားသမားများအနေဖြင့် တရုတ်လူငယ်များ၏ စိတ်ဓာတ်ကို ပြသရန်နှင့် ယှဉ်ပြိုင်မှုတွင်သာမက အားကစားသမားပီသမှုတွင်လည်း ထူးချွန်ပြောင်မြောက်ရေးအတွက် ကြိုးပမ်းသွားရန် ကျန်းက တိုက်တွန်းခဲ့သည်။
“ဖိအားတွေက ကျိန်းသေပေါက်ရှိလာမယ်ဆိုပေမဲ့ ကျွန်မတို့ အပြည့်အဝပြင်ဆင်ထားသလို ကျွန်မတို့ရဲ့ အစွမ်းအစကို ပြသနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု အမျိုးသမီး မီတာ ၁၀၀ တန်းကျော်အပြေးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အသက် ၁၆ နှစ်အရွယ် Zhang Keyi က ဆိုသည်။
အားကစားနည်း အများအပြားပါဝင်သည့် ပြည်ပအားကစားပြိုင်ပွဲတစ်ခုတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ၎င်းအနေဖြင့် စိတ်အားတက်ကြွလျက်ရှိပြီး အာရုံစူးစိုက်ထားသည်ဟု ပြောကြားခဲ့သည်။ “ဒါက ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပါပဲ။ ကျွန်မ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
တတိယအကြိမ် အာရှလူငယ်အားကစားပြိုင်ပွဲအား အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။ (Xinhua)
………………………………………………………………………………………………..
(English Version)
293 Chinese athletes to compete at Asian Youth Games in Bahrain
BEIJING, Oct. 13 (Xinhua) — China on Monday unveiled a 435-member delegation, including 293 athletes, for the upcoming 3rd Asian Youth Games in Bahrain.
The delegation comprises 148 female and 145 male athletes who will compete in 191 events across 20 sports.
“The Asian Youth Games is one of the five major sports events under the Olympic Council of Asia, and the continent’s largest comprehensive youth sports gathering,” said Zhang Jiasheng, deputy director of China’s General Administration of Sport. “It also serves as an important platform to showcase the development of youth sports in China and promote peace, unity and progress across Asia.”
Zhang urged the young athletes to demonstrate the spirit of Chinese youth, and strive for excellence in both competition and sportsmanship.
“There will definitely be pressure, but we are fully prepared and confident in showing what we’ve got,” said Zhang Keyi, 16, who will compete in the women’s 100m hurdles.
Despite competing in an overseas multi-sport event for the first time, she insisted that she was upbeat and focused. “It’s a rare opportunity, and I hope to deliver a good performance.”
The 3rd Asian Youth Games will be held from October 22 to 31.
English Caption
China’s delegation for the 3rd Asian Youth Games holds a launch conference in Beijing on Oct. 13, 2025. (Xinhua/Hu Xingyu)