Europe
လုံခြုံရေးကို အားဖြည့်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်ရန် နေတိုးအကြီးအကဲ တိုက်တွန်း

လူဗျာနာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
နေတိုးမဟာမိတ်အဖွဲ့အနေဖြင့် စုပေါင်းကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး မျှော်မှန်းချက်ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းနေစဉ် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေးက လုံခြုံမှုရှိရေးအတွက် ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်ကြရန် အောက်တိုဘာ ၁၃ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ဥရောပမဟာမိတ်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့အနေဖြင့် မိမိတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်နီးပါး တိုးမြှင့်သွားမည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ဆလိုဗေးနီးယားနိုင်ငံ လူဗျာနာမြို့တွင် ကျင်းပသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ လွှတ်တော်ဆိုင်ရာ အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ရူတေးက ထည့်သွင်းပြောကြားခဲ့သည်။
“အတ္တလန္တိတ်၊ အာတိတ်၊ ဥရောပနဲ့ အမေရိကန်တို့ ဆက်ပြီးလုံခြုံမှုရှိဖို့ဆိုရင် အဲဒီလိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ရူတေးက ပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၃၅ ခုနှစ်နောက်ဆုံးထား၍ အဓိက ကာကွယ်ရေးအသုံးစရိတ်အတွက် ၃.၅ ရာခိုင်နှုန်း အပါအဝင် ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုထားသည်ဟု ဆိုသည်။
လက်ရှိတွင် နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံရှိသည့်အနက် အများစုမှာ ဂျီဒီပီ၏ သုံးရာခိုင်နှုန်းအောက်ကိုသာ ကာကွယ်ရေးအတွက် အသုံးပြုလျက်ရှိသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ လွှတ်တော်အမတ်များ ဆွေးနွေးတိုင်ပင်ရာ အစည်းအဝေးဖြစ်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ လွှတ်တော်ဆိုင်ရာ အစည်းအဝေး၏ လေးရက်ကြာ နှစ်ပတ်လည် အစည်းအဝေးအား လူဗျာနာမြို့တွင် အောက်တိုဘာ ၁၃ ရက်က ကျင်းပပြီးစီးသွားပြီဖြစ်ကာ ယင်းအစည်းအဝေးသို့ ကိုယ်စားလှယ် ၂၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ပမှ ကြားဝင်စွက်ဖက်မှုများကို ပိုမိုခိုင်မာစွာ ကြံ့ကြံ့ခံနိုင်ရေး၊ အဟန့်အတားနှင့် အကာအကွယ်များ တိုးမြှင့်ရေး၊ အတ္တလန္တိတ်ဖြတ်ကျော် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်နက်ရှိုင်းရှိုင်းရှိရေး၊ အနောက်ပိုင်း ဘော်လ်ကန်ဒေသ ပိုမိုတည်ငြိမ်ရေး၊ ယူကရိန်းအတွက် အကူအညီ ဆက်လက်ပေးအပ်ရေးနှင့် အနာဂတ် ဒရုန်းစစ်ပွဲအတွက် အသင့်ပြင်ဆင်ရေး စသည်တို့အတွက် အကြံပြုထားသည့် ဆုံးဖြတ်ချက် ခြောက်ရပ်ကို ထိုအစည်းအဝေး၌ အတည်ပြုခဲ့သည်။
လေကြောင်းနှင့် ဒုံးလက်နက်ကာကွယ်ရေး စွမ်းရည်များတွင် ပိုမိုရင်းနှီးမြှုပ်နှံရန်၊ ရုရှားနိုင်ငံအပေါ် ပိုမိုပြင်းထန်စွာ ဒဏ်ခတ်အရေးယူရန်၊ ဒရုန်းကဲ့သို့သော ထွန်းသစ်စနည်းပညာများအတွက် ငွေကြေးပိုမိုပံ့ပိုးရန်၊ စစ်ရေးအရ ခြိမ်းခြောက်မှုကိုဖြစ်စေ စစ်ရေးအရမဟုတ်သော ခြိမ်းခြောက်မှုများကိုဖြစ်စေ ပိုမိုထိရောက်အားကောင်းစွာ တုံ့ပြန်ရန် အစည်းအဝေး တက်ရောက်လာသည့် ကိုယ်စားလှယ်များက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
NATO chief urges higher defense spending to strengthen security
LJUBLJANA, Oct. 13 (Xinhua) — NATO Secretary General Mark Rutte on Monday called for higher defense spending to ensure security, as the alliance moves toward a goal of increasing collective defense investment.
Addressing the NATO Parliamentary Assembly in Ljubljana, Rutte said European allies and Canada “are now on a trajectory” to bring their defense spending closer to that of the United States.
“This is necessary to keep the Atlantic, the Arctic, Europe and the United States safe,” Rutte said, noting that member states have committed to investing 5 percent of gross domestic product (GDP) on defense by 2035, including 3.5 percent for core defense expenditure.
At present, most of NATO’s 32 members spend less than 3 percent of their GDP on defense.
The four-day annual session of the NATO Parliamentary Assembly, a consultative body for lawmakers from members and partner countries, concluded on Monday in Ljubljana with 245 delegates in attendance.
The assembly adopted six resolutions recommending stronger resilience against foreign interference, enhanced deterrence and defense, deeper transatlantic economic and security cooperation, greater stability in the Western Balkans, continued support for Ukraine, and readiness for future uncrewed warfare.
Delegates urged more investment in air and missile defense capabilities, tougher sanctions on Russia, more funding for emerging technologies such as drones, and stronger action against hybrid threats.
English Caption
North Atlantic Treaty Organization (NATO) Secretary General Mark Rutte meets the press before the NATO Summit in The Hague, the Netherlands, June 23, 2025. (Xinhua/Zhao Dingzhe)