Connect with us

China

ရှီကျင့်ဖိန်နှင့် ဂါနာ သမ္မတ John Mahama တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတက်ရောက်လာသည့် ဂါနာ သမ္မတ John Mahama တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တရုတ်နိုင်ငံသို့ လာရောက်၍ ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတက်ရောက်လာသည့် ဂါနာ သမ္မတ John Mahama နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်နှင့် ဂါနာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၆၅ နှစ်ပြည့်ဖြစ်ကြောင်း၊ တရုတ်- ဂါနာ ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင်တည်ဆောက်ထားရာ အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ခိုင်မာမြဲမြံလာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂါနာနိုင်ငံ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ခေတ်မီအသွင်ပြောင်းလမ်းကြောင်း လျှောက်လှမ်းခြင်းကို အခိုင်အမာထောက်ခံပြီး ဂါနာနိုင်ငံနှင့်အတူ နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြှင့်တင်ရန်၊ အဆင့်မြှင့်တင်ရန် တွန်းအားပေးပြီး ခေတ်သစ်အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရေးအတွက် ပို၍ကြီးမားသောအကျိုးကိုဆောင်ရွက်သွားလိုကြောင်း ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် စစ်မှန်ခြင်း၊ ရင်းနှီးခင်မင်ခြင်း၊ ရိုးသားခြင်း အတွေးအခေါ်နှင့် အကျိုးစီးပွားထက် သမတ်သမာကျမှုကို ဦးစားပေးဆောင်ရွက်ခြင်းအမြင်ကို အစဉ်အမြဲ လက်ကိုင်ထားပြီး ဂါနာနိုင်ငံနှင့်အတူ နိုင်ငံရေးအရယုံကြည်မှု မြှင့်တင်လိုပြီး နှစ်နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားများနှင့် အရေးကြီးစိုးရိမ်မှုများဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် ပံ့ပိုးကူညီလိုကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၊ ပေကျင်းထိပ်သီးအစည်းအဝေး အောင်မြင်မှုရလဒ်များကို အတူတကွ လက်တွေ့ဖော်ဆောင်ပြီး အမျိုးစုံလင်သော ပူးပေါင်းဆောင်ရွက်မှုပုံစံကို စူးစမ်းရှာဖွေရမည်ဖြစ်ကြောင်း၊ သတ္တုတူးဖော်လုပ်ငန်း၊ စွမ်းအင်အရင်းအမြစ်၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းစသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ကာ ဂါနာနိုင်ငံက သယံဇာတများကို ဖွံ့ဖြိုးတိုးတက်ရေးစွမ်းအားအဖြစ် ပြောင်းလဲခြင်းကို အကူအညီပေး၍ သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား ထိရောက်စွာ ဟန်ချက်ညီဆောင်ရွက်မှုများဖော်ဆောင်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို အတူတကွ လက်တွေ့ဖော်ဆောင်ကာ ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ် ဖွဲ့စည်းတည်ဆောက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်၏ အစောပိုင်းရရှိသော အစီအစဉ်များ အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရရှိထားသည့် အခြေခံမူသဘောတူညီချက်များနှင့် စပ်လျဉ်း၍ တရုတ်က အာဖရိကရှိ သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံများအတွက် ထောက်ပံ့ပေးထားသော ပစ္စည်းအားလုံး စည်းကြပ်ခွန် ကင်းလွတ်ခွင့် အစီအမံမှ ဂါနာနိုင်ငံ ဆောလျင်စွာ အကျိုးခံစားခွင့်ရရှိရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က အလေးအနက်ထား ပြောကြားခဲ့သည်။
Mahama က တရုတ်နိုင်ငံ၏ ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့သည်။ ယခုအကြိမ် ထိပ်သီးအစည်းအဝေး အနက်အဓိပ္ပာယ်မှာ အရေးပါလှပြီး ကမ္ဘာ့အမျိုးသမီးများ လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ ဦးဆောင်နိုင်စွမ်းကို ထင်ဟပ်စေခဲ့သည်ဟု ၎င်းက ယူဆသည်။
ဂါနာနှင့် တရုတ်၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားလှပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဂါနာနိုင်ငံအပေါ် အားကောင်းသော ထောက်ပံ့ ကူညီမှုများ ပေးအပ်ခဲ့ရာ တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ ဂါနာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး နက်ရှိုင်းစေရန် အားထားဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ စွမ်းအင်အရင်းအမြစ်၊ သတ္တုတူးဖော်ရေး၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေးစသည့် ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ကာ နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရေးကို တွန်းအားပေးဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ဂါနာနိုင်ငံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ထောက်ခံအားပေးပြီး တရုတ်နိုင်ငံ စသည့် အတွေးအခေါ်ချင်း နီးကပ်သော နိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်မှု အားကောင်းစေရန်၊ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှု နီးကပ်စေရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ လက်တွေ့ဖော်ဆောင်ရန်၊ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှု ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်သွားလိုကြောင်း Mahama က ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ဝမ်ရိ ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
…………………………………..
(Chinese Version)
习近平会见加纳总统马哈马
新华社北京10月14日电(记者曹嘉玥、马卓言)10月14日上午,国家主席习近平在北京人民大会堂会见来华出席全球妇女峰会的加纳总统马哈马。
习近平指出,今年是中国和加纳建交65周年。中加友谊由两国老一辈领导人亲自缔造,历久弥坚。中方坚定支持加纳走符合自身国情的现代化道路,愿同加方推动各领域合作提质升级,为共筑新时代全天候中非命运共同体作出更大贡献。
习近平强调,中方始终秉持真实亲诚理念和正确义利观开展对非合作,愿同加方增进政治互信,在涉及双方核心利益和重大关切问题上相互支持。双方要共同落实中非合作论坛北京峰会成果,探索多元化合作模式;拓展矿业、能源、基础设施建设、农渔业等领域合作,帮助加方将资源优势转化为发展动能,实现资源开发和环境保护有效协同,推动两国合作高质量发展;共同践行全球治理倡议,推动构建更加公正合理的全球治理体系。双方就共同发展经济伙伴关系协定早期收获安排达成原则共识,期待加方早日从中国对非洲建交国100%税目产品零关税举措中受益。
马哈马热烈祝贺中国成功举办全球妇女峰会,认为这次峰会意义重大,彰显中国推动世界妇女事业发展的领导力。他表示,加纳同中国的友好关系历史悠久,感谢中方通过中非合作论坛和共建“一带一路”框架下合作对加纳提供大力支持和帮助。加方坚定奉行一个中国政策,致力于深化对华关系,期待同中方加强贸易、数字经济、基础设施建设、能源、矿产、人文交流等合作,推动两国关系迈上新台阶。加方坚定支持多边主义,愿同中国等理念相近国家加强团结,密切多边协调,践行全球治理倡议,维护国际公平正义。
王毅参加会见。(完)
图说:10月14日上午,国家主席习近平在北京人民大会堂会见来华出席全球妇女峰会的加纳总统马哈马。 新华社记者 谢环驰 摄