Connect with us

China

တရုတ်နိုင်ငံဆိုင်ရာလေ့လာရေးအတွက် ကမ္ဘာ့ပညာရှင်များ ရှန်ဟိုင်းတွင်အသိပညာမျှဝေရန် စုရုံး

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
“သမိုင်းနောက်ခံနှင့် မျက်မှောက်ခေတ်တရုတ်နိုင်ငံအပေါ် ကမ္ဘာ့မြင်ကွင်း” ခေါင်းစဥ်ဖြင့် တရုတ်နိုင်ငံဆိုင်ရာလေ့လာမှုများနှင့်ပတ်သက်သည့် ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် အောက်တိုဘာ ၁၄ ရက်က စတင်ပြုလုပ်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်းရှိ ထင်ရှားသည့် ကျွမ်းကျင်သူများနှင့်ပညာရှင်များဦးရေ ၅၀၀ ခန့်သည် အဆိုပါခေါင်းစဥ်နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါညီလာခံတွင် ဆွေးနွေးပွဲပေါင်းများစွာနှင့် အစီအစည်များ အပြင် မြို့ပြယဥ်ကျေးမှုတိုးတက်ပြောင်းလဲခြင်းနှင့်ပတ်သက်သည့် ပြပွဲတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
ဆွေးနွေးပွဲငယ်များတွင် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းရေး၊ ဒစ်ဂျစ်တယ်အသိဉာဏ်ခေတ်တွင် တရုတ်နိုင်ငံဆိုင်ရာလေ့လာမှုများနှင့် တရုတ်နိုင်ငံဆိုင်ရာလေ့လာမှုများ၏အနာဂတ်တွင် လူငယ်များ၏ အခန်းကဏ္ဍကဲ့သို့ ခေါင်းစဥ်များနှင့် အခြားသောအကြောင်းအရာများ ဆွေးနွေးကြမည်ဖြစ်သည်။
နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးနှင့် ရှန်ဟိုင်းမြူနီစီပယ်အစိုးရတို့က စီစဥ်ပြီး အခြားသောအစိုးရအသင်းအဖွဲ့များနှင့်ပညာရေးအဖွဲ့အစည်းများက ပူးတွဲစီစဥ်သော အဆိုပါညီလာခံတွင် ကမ္ဘာ့တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးဖွံဖြိုးတိုးတက်မှုအဆိုပြုချက်တစ်ခု ကြေညာမည်ဖြစ်ပြီး အဆိုပါနယ်ပယ်ဆိုင်ရာသုတေသနအတွက် အကြံပြုကျမ်းပြုစာစုစာရင်းတစ်ခု တင်ပြမည်ဖြစ်ကြောင်း သိရသည်။
………………….
(English Version)
World scholars on China studies gather in Shanghai to share wisdom

SHANGHAI, Oct. 14 (Xinhua) — The second edition of the World Conference on China Studies got underway in east China’s Shanghai on Tuesday with the theme “Historical and Contemporary China: A Global Perspective.”
Approximately 500 renowned experts and scholars from around the world will engage in in-depth discussions on this theme. The conference features various forums, activities and an exhibition focused on urban civilization.
The sub-forums will address topics such as Chinese modernization, China studies in the era of digital intelligence, and the role of youth in the future of China studies, among other subjects.
The conference, organized by the State Council Information Office and the Shanghai municipal government, with co-sponsorship from other government agencies and academic institutions, will also announce an initiative on the development of world China studies and present a recommended bibliography for research in this field.