Connect with us

China

တရုတ်နိုင်ငံက သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို ကမ္ဘာကြီးနှင့်အတူ ဆက်လက်မျှဝေခံစားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စက်ရုပ်သည် ကျယ်ပြန့်သော အသုံးချမှု အလားအလာကို ပြသလျက်ရှိပြီး လက်တွေ့စမ်းသပ်ခန်းများမှ စက်ရုံထုတ်လုပ်ရေးလိုင်းနှင့် နိုင်ငံအသီးသီး ပြည်သူများ နေအိမ်သို့ တဖြည်းဖြည်း ဝင်ရောက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို နက်ရှိုင်းစွာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပိုမိုတံခါးဖွင့်လှစ်မှုရှိသော သဘောထားဖြင့် ကမ္ဘာ့စျေးကွက်နှင့် ချိတ်ဆက်ကာ တရုတ်သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို ကမ္ဘာကြီးနှင့် အတူမျှဝေခံစားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ စက်ရုပ်အဖွဲ့ချုပ် (IFR) ဥက္ကဋ္ဌ Takayuki Ito က တရုတ်နိုင်ငံ စက်ရုပ် ထုတ်လုပ်ရေးလုပ်ငန်းသည် မကြုံစဖူးသော အမြန်နှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်း အလိုအလျောက်စနစ်၏ အရေးကြီးသော မောင်းနှင်အားအဖြစ် လျင်မြန်စွာဖြစ်လာကြောင်း မကြာသေးမီရက်က တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့ရာ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ယင်းနှင့်စပ်လျဉ်း၍ မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက အဆိုပါနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ လုပ်ငန်းခွင်သုံး စက်ရုပ် သိုလှောင်ထားသောအရေအတွက်သည် ၂ သန်းကျော် ရှိလာခဲ့ပြီး ကမ္ဘာပေါ်တွင် ပထမနေရာ၌ ရပ်တည်လျက်ရှိကြောင်း၊ ထို့အပြင် တရုတ်စက်ရုပ်များသည် မော်တော်ကား၊ အီလက်ထရွန်းနစ်၊ သတ္တုစက်ပစ္စည်း၊ အိမ်တွင်းဝန်ဆောင်မှု၊ ကျန်းမာရေးပညာရေးစသည့် ကဏ္ဍများတွင် ကျယ်ပြန့်သော အသုံးချမှု အလားအလာများ ပြသနေပြီး လက်တွေ့စမ်းသပ်ခန်းများမှ စက်ရုံထုတ်လုပ်ရေးလိုင်းနှင့် နိုင်ငံအသီးသီး ပြည်သူများ နေအိမ်သို့ တဖြည်းဖြည်း ဝင်ရောက်လျက်ရှိသည်ဟု ယင်းမတိုင်မီ IFR က ထုတ်ပြန်ထားသော “၂၀၂၅ ခုနှစ် ကမ္ဘာ့ စက်ရုပ် အစီရင်ခံစာ” တွင် ဖော်ပြထားကြောင်း လျင်ကျန့်က မိတ်ဆက်ပြောကြားခဲ့သည်။
တရုတ်စက်ရုပ်များ အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်မှုနှင့် အသုံးချမှုနေရာ စုံလင်မှုတို့၏ နောက်ကွယ်တွင် တက်ကြွဖွံ့ဖြိုးသော ဆန်းသစ်တီထွင်မှုစွမ်းအားနှင့် အဆက်မပြတ်မြှင့်တင်နေသော ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးပတ်ဝန်းကျင်တို့ ရှိကြောင်း၊ ယင်းမှာ ပြည်တွင်း ကုမ္ပဏီလုပ်ငန်းများ အမြန်ဆုံးကြီးထွားလာစေရန် တွန်းအားပေးရုံသာမက နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်နှင့် ဆက်စပ်သော ထုတ်လုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်အဆင့်မြင့်နည်းပညာသစ် ကုမ္ပဏီလုပ်ငန်းပေါင်း ၅၀၀,၀၀၀ ကျော်ရှိ၍ စမတ်ထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ်အသွင် ထိပ်တန်းအဆင့် ကိုယ်စားပြုသည့် “မီးပြတိုက်ပမာ စက်ရုံ” အရေအတွက်သည် ကမ္ဘာ့စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး ကမ္ဘာ့နံပါတ် ၁ အဖြစ် ရပ်တည်လျက်ရှိရာ တရုတ်နိုင်ငံ စီးပွားရေးအတွက် စဉ်ဆက်မပြတ်သော စွမ်းအင်အသစ်များဖြည့်တင်ပေးသလို ကမ္ဘာလုံးဆိုင်ရာ နည်းပညာတိုးတက်မှုအတွက် ဉာဏ်ပညာနှင့် ခွန်အားများ ကူညီပံ့ပိုးပေးခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“ဆန်းသစ်တီထွင်မှုဆိုတာ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်တဲ့ ပထမ တွန်းအားဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ ဆန်းသစ်တီထွင်မှုနဲ့ မောင်းနှင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို နက်ရှိုင်းစွာ ဆက်လက်အကောင်အထည်ဖော်သွားပြီး ပိုမိုတံခါးဖွင့်လှစ်မှုရှိသော သဘောထားနဲ့ ကမ္ဘာ့စျေးကွက်ကို ချိတ်ဆက်ကာ တရုတ်သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှု ရလဒ်တွေကို ကမ္ဘာကြီးနဲ့ အတူမျှဝေခံစားသွားမှာဖြစ်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
外交部:中国将继续与世界共享科技发展成果
新华社北京10月14日电(记者刘杨、袁睿)外交部发言人林剑14日表示,中国机器人正展现出广阔应用前景,逐步从实验室走进工厂生产线和各国百姓家。中国将继续深入实施创新驱动发展战略,以更开放的姿态链接全球市场,与世界共享中国科技发展成果。
当日例行记者会上,有记者问:国际机器人联合会主席伊藤孝幸日前接受采访时表示,中国机器人产业正以前所未有的速度发展,跃升为全球制造业自动化的重要引擎。发言人对此有何评论?
林剑介绍,国际机器人联合会此前发布的《2025年世界机器人报告》显示,2024年中国在役工业机器人存量突破200万台,居全球首位。与此同时,我们也看到中国机器人正在汽车、电子、金属机械、家庭服务、医疗教育等领域展现出广阔应用前景,逐步从实验室走进工厂生产线和各国百姓家。
林剑表示,中国机器人量产化、应用场景多元化的背后,是蓬勃的创新动力和不断优化的产业发展环境,这不仅推动了本土企业快速成长,也带动了国际供应链和相关产业协同发展。当前,中国高新技术企业已经超过50万家,代表智能制造和数字化领先水平的“灯塔工厂”数量占全球40%以上,居世界第一,为中国经济注入源源不断的新动能,也为全球科技进步贡献智慧与力量。
“创新是引领发展的第一动力。中国将继续深入实施创新驱动发展战略,以更开放的姿态链接全球市场,与世界共享中国科技发展成果。”林剑说。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.