Connect with us

International Organizations

၂၀၂၅ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှု လိုအပ်ချက်များ၏ လေးပုံ တစ်ပုံအောက်သာ ရန်ပုံငွေရရှိသေးဟု ကုလသမဂ္ဂ ထုတ်ပြန်

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia မြို့၌ လူသားချင်းစာနာမှုအကူအညီများ သယ်ယူနေကြသည့် ပါလက်စတိုင်းသားများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂသည် ၎င်း၏ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များအတွက် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၅.၃ ဘီလီယံကျော် ရန်ပုံငွေတောင်းခံခဲ့သော်လည်း စက်တင်ဘာလကုန်အထိ ၂၁ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံသာ လက်ခံရရှိခဲ့ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။
“ယခုနှစ်မှာ သုံးလအောက်သာ ကျန်တော့ပြီး ၂၀၂၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ရဲ့ရန်ပုံငွေတောင်းခံမှုဟာ လေးပုံ တစ်ပုံအောက်သာ ရရှိသေးတယ်လို့ OCHA (လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး) မှ ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သတိပေးလာပါတယ်” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုအရေအတွက်သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းကျော် သိသိသာသာ လျော့ကျသွားခြင်းဖြစ်ပြီး ယင်းရန်ပုံငွေကွာဟချက်က လူသန်းနှင့်ချီအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေကာ ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့ခြင်း၊ မိသားစုများ စားနပ်ရိက္ခာ ပြတ်လပ်ခြင်းနှင့် ကလေးသူငယ်များ ပညာရေးမရရှိခြင်းတို့ကို ဖြစ်စေမည်ဖြစ်ကြောင်း ဟက်က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ်အတွင်း ကျန်းမာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၄၂၀ ကျော်ကို ပိတ်ထားခဲ့ပြီး လူပေါင်း ၃ သန်းမှာ အရေးပေါ်စောင့်ရှောက်မှု မရှိဘဲ နေထိုင်နေကြရသည်။ ဆိုမာလီယာနိုင်ငံတွင်လည်း စားနပ်ရိက္ခာအကူအညီများ သိသိသာသာလျော့နည်းသွားပြီဖြစ်ပြီး လူဦးရေ ၁ ဒသမ ၁ သန်းကို အကူအညီပေးနိုင်ခဲ့သည့် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက နိုဝင်ဘာလတွင် လူ ၃၅၀,၀၀၀ သာ ထောက်ပံ့မှုရရှိတော့မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၌လည်း ကော့ဘဇားမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်ကလေးငယ် တစ်သန်းခွဲမှာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ကြောင်း OCHA ကို ကိုးကား၍ ဟက်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်များအနေဖြင့် အကူအညီပေးနိုင်ရန် ရရှိနိုင်သော အကန့်အသတ်ရှိသည့် ရန်ပုံငွေဖြင့် ရပ်တည်ရန်ခက်ခဲသူအများအပြားထံ တတ်စွမ်းသမျှ အစွမ်းကုန်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားလျက် ဟက်က လူသားချင်းစာနာမှု အကူအညီများတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အလှူရှင်များအား တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)


………………..
(English Version)
Less than quarter of 2025 global humanitarian needs funded: UN
UNITED NATIONS, Oct. 14 (Xinhua) — The United Nations has appealed for more than 45.3 billion U.S. dollars for its global humanitarian needs in 2025, but only 21 percent, or 9.6 billion dollars, had been received as of the end of September, a UN spokesperson said Tuesday.
“Our colleagues from OCHA (Office for the Coordination of Humanitarian Affairs) warn that with fewer than three months left in the year, our appeal to meet global humanitarian needs in 2025 is less than a quarter funded,” Farhan Haq, deputy spokesperson for the UN secretary-general, told a daily briefing.
The number showed a staggering decrease of over 40 percent compared to the same time last year, he said, adding that these funding gaps are having devastating consequences for millions, leaving people without healthcare, families without food and children without education, said Haq.
In Afghanistan, more than 420 health facilities have closed this year, forcing 3 million people to go without critical care. In Somalia, food aid had to be slashed, which means only 350,000 people will receive support in November, compared to 1.1 million people in August. In Bangladesh, half a million Rohingya refugee children have lost access to education in Cox’s Bazar, Haq said, citing OCHA.
The United Nations and its partners are doing all they can to reach as many vulnerable people as possible with the limited funding available, said Haq, calling on donors to step up their investment in humanitarian aid. ■
English Caption
Palestinians carry humanitarian aid in Beit Lahia, northern Gaza Strip, on Aug. 1, 2025. (Photo by Rizek Abdeljawad/Xinhua)