Connect with us

International Organizations

လီဗာပူးလ်အား အနိုင်ရခဲ့သည့် ပွဲစဉ်၌ မလျော်ကန်သော အပြုအမူအတွက် ချဲလ်ဆီးနည်းပြ မာရက်စကာ တစ်ပွဲပယ်ခံရ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ချဲလ်ဆီးအသင်းနည်းပြချုပ် အန်ဇို မာရက်စကာအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာမှာ ယခုလအစောပိုင်းက လီဗာပူးလ်အသင်းအား အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ထုတ်ပယ်ခံရမှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်သလို ဒဏ်ကြေးအဖြစ်လည်း ပေါင် ၈,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုပွဲစဉ်၌ ပွဲကစားချိန် ၉၅ မိနစ်တွင် ချဲလ်ဆီးကစားသမား အီစတေဗို ဝီလီယန်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြမှာ နည်းစနစ်ဧရိယာထဲမှထွက်ကာ အောင်ပွဲခံခဲ့သည့်အတွက် ကွင်းလယ်ဒိုင် အန်သနီ တေလာက ၎င်းအား ဒုတိယအကြိမ် အဝါကတ်ပြသခဲ့ခြင်းဖြစ်သည်။
“အဲဒီပွဲစဉ်မှာ မန်နေဂျာတစ်ယောက်အနေနဲ့ မလျော်ကန်တဲ့ အပြုအမူမျိုးကို လုပ်ဆောင်ခဲ့ပြီး ကြမ်းတမ်းတဲ့၊ ရိုင်းပျတဲ့ စကားလုံးတွေ၊ အပြုအမူတွေကို သုံးနှုန်းခဲ့တယ်လို့ ယူဆရတဲ့အတွက် ပွဲချိန် ၉၆ မိနစ်လောက်မှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်” ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မာရက်စကာကလည်း ထိုစွပ်စွဲချက်ကို လက်ခံခဲ့သလို ပုံမှန်အတိုင်း ပြစ်ဒဏ်ပေးမှုကိုလည်း ခံယူခဲ့ကြောင်း သိရသည်။ သို့ဖြစ်၍ အဆိုပါ အသက် ၄၅ နှစ်အရွယ် နည်းပြအနေဖြင့် အောက်တိုဘာ ၁၈ ရက်တွင် နော်တင်ဟမ် ဖောရက်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် အဝေးကွင်းပွဲစဉ်၌ ကွင်းဘေးမှ ကြီးကြပ်ခွင့်ရတော့မည် မဟုတ်ဘဲ လက်ထောက်နည်းပြဖြစ်သူ ဝီလီ ကာဘာလာရိုက ကိုယ်စားတာဝန်ယူသွားဖွယ်ရှိသည်။
ယင်းသည် မာရက်စကာအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် ပရီးမီးယားလိဂ်၌ နည်းပြဖြစ်လာပြီးနောက် ဒုတိယအကြိမ်အဖြစ် ကွင်းဘေးမှ ကြီးကြပ်ခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။ ပထမအကြိမ်တွင်လည်း ၎င်းအနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလက ဖူဟမ်အသင်းနှင့် ပွဲစဉ်၌ ပွဲချိန် ၉၃ မိနစ်တွင် ပက်ဒရို နက်တို အနိုင်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့ရာတွင် တစ်ရာသီအတွင်း တတိယမြောက် အဝါကတ်ပြသခံရပြီးနောက် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရဖူးသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ချဲလ်ဆီးအသင်းနည်းပြချုပ် အန်ဇို မာရက်စကာအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူပြီးနောက် ချဲလ်ဆီးအသင်းမှ အီစတေဗို (ဝဲ-ရှေ့) အောင်ပွဲခံနေစဉ် (ဆင်ဟွာ)


…………………
(English Version)
Chelsea coach handed one-game ban for improper conduct in Liverpool win
LONDON, Oct. 15 (Xinhua) — Chelsea coach Enzo Maresca has received a one-match ban and an 8,000-pound (10,700 U.S. dollars) fine after being sent off during his side’s Premier League win over Liverpool earlier this month.
The Italian manager was shown a second yellow card by referee Anthony Taylor for leaving his technical area to celebrate with his players following Estevao Willian’s 95th-minute winner against the reigning champions.
“It was alleged that the manager acted in an improper manner and/or used abusive and/or insulting words and/or behavior during the fixture, which led to his dismissal around the 96th minute,” the Football Association said in a statement.
Maresca admitted the charge and accepted the standard punishment. The 45-year-old will be absent from the touchline when Chelsea visits Nottingham Forest on Saturday. Assistant coach Willy Caballero is expected to take charge from the sidelines.
This marks Maresca’s second touchline suspension since becoming a Premier League manager in June 2024. His first came in April 2025, when he served a ban after receiving a third yellow card of the season while celebrating Pedro Neto’s 93rd-minute winner at Fulham.
English Caption 1
Chelsea’s head coach Enzo Maresca reacts during the English Premier League match between Chelsea FC and Liverpool FC in London, Britain, on Oct. 4, 2025. (Xinhua)
English Caption 2
Chelsea’s Moises Caicedo celebrates after scoring the opening goal during the English Premier League match between Chelsea FC and Liverpool FC in London, Britain, on Oct. 4, 2025. (Xinhua)
English Caption 3
Chelsea’s Estevao (front L) celebrates after scoring an injury-time winning goal during the English Premier League match between Chelsea FC and Liverpool FC in London, Britain, on Oct. 4, 2025. (Xinhua)