Connect with us

Africa & Middle East

ဟားမက်စ်ဖမ်းဆီးထားသော ဓားစာခံရုပ်အလောင်းကို အစ္စရေးလက်ခံရရှိ

ခန်းယူနစ်မြို့တောင်ပိုင်းရှိ နက်စ်ဆာကျန်းမာရေးဌာနတွင် ပြန်လည်လွတ်မြောက်လာသော ပါလက်စတိုင်းအကျဥ်းသားများကို ကြိုဆိုနေကြသောပြည်သူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျေရုဆလင်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ဂါဇာတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမည်မသိအစ္စရေးရုပ်အလောင်းတစ်ခုကို ကြက်ခြေနီအဖွဲ့ထံမှ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က လက်ခံရရှိခဲ့ကြောင်း IDF က အောက်တိုဘာ ၁၇ ရက်နံနက် အစောပိုင်း၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါရုပ်အလောင်းကို မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ဖော်ထုတ်ရေးလုပ်ငန်းစဥ်များပြုလုပ်ရန် အတွက် IDF တပ်ဖွဲ့ဝင်များက လိုက်ပါခြံရံစောင့်ကြပ်ပြီး နယ်စပ်ကိုဖြတ်ကျော်ကာ တဲလ်အဗစ်မြို့ရှိ အမျိုးသား ခင်းဆေးပညာအင်စတီကျူ့သို့ ပို့ဆောင်ပေးခဲ့ကြောင်း IDF က လူမှုကွန်ရက် X တွင် ရေးသားဖော်ပြခဲ့သည်။
အလားတူ ထိလွယ်ရှလွယ်လုပ်ဆောင်ရမည်ကိစ္စဖြစ်၍ သေဆုံးသွားသော ဓားစာခံများ၏ မိသားစုဝင် များထံသို့ ပထမဆုံးဆက်သွယ်ရန် ပြုလုပ်ရမည့် တရားဝင်သေဆုံးမှုအတည်ပြုခြင်းကို စောင့်ဆိုင်းရန် လည်း IDF က ပြည်သူများအား တိုက်တွန်းခဲ့သည်။
အဆိုပါ ရုပ်အလောင်းမှာ ယခုသီတင်းပတ်အတွင်း ဟားမက်စ်က လွဲပြောင်းပေးခဲ့သည့် အစ္စရေး ဓားစာခံ ရုပ်အလောင်း ၁၀ ခုမြောက်ဖြစ်ပြီး ဂါဇာငြိမ်းချမ်းရေးအစီအစဥ်၏ ပထမအဆင့်သဘောတူညီချက်အရ ဟားမက်စ်က အစ္စရေးသို့ ရုပ်အလောင်း ၂၈ ခုကို ပြန်လည်ပို့ဆောင်ပေးရမည့် တာဝန်ရှိနေသည်။
ဂါဇာတွင် နှစ်နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် အသက်ရှင်ကျန်ရစ်နေသော အစ္စရေး ဓားစာခံ ၂၀ ဦးကိုလည်း ဟားမက်က်အဖွဲ့က အောက်တိုဘာ ၁၃ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Israel receives body of hostage held by Hamas
JERUSALEM, Oct. 18 (Xinhua)
The Israel Defense Forces (IDF) received from the Red Cross a coffin of an unidentified Israeli hostage held in Gaza, the IDF said early Saturday in a statement.
In a post on X, the IDF said that the coffin, escorted by IDF troops, crossed the border into Israel on its way to the National Institute for Forensic Medicine in Tel Aviv for identification procedures.
The IDF urged the public “to act with sensitivity and wait for official identification, which will first be communicated to the families of the deceased hostages.”
This was the 10th body of an Israeli hostage that Hamas has handed over this week, out of 28 bodies it is obliged to return under the first phase of the Gaza peace plan.
Hamas on Monday released 20 live Israeli hostages who had been held in Gaza for two years. ■
Photo:
People welcome released Palestinian prisoners at Nasser Medical Complex in the southern city of Khan Younis, on Oct. 13, 2025. (Photo by Rizek Abdeljawad/Xinhua)