Connect with us

China

(တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးအတွက် တည်ငြိမ်မှုနှင့် မောင်းနှင်အားဖြစ်ဟု တာဝန်ရှိသူ ပြော

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့်အပိုင်းတွင် ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အစိမ်းရောင်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုများက အဓိကကျသောတန်ဖိုးကို ပေးအပ်လျက်ရှိကာ ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော တည်ငြိမ်မှုနှင့် မောင်းနှင်အား ဖြစ်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း ပြင်ပပတ်ဝန်းကျင် အခြေအနေက ရှုပ်ထွေးကာ ပြောင်းလဲမှု လျင်မြန်ခဲ့ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးက တည်ငြိမ်စွာ တိုးတက်မှုကို ထိန်းထားဆဲဖြစ်ကာ မသေချာမရေရာသော ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော အရှိန်အဟုန်အဖြစ် ထမ်းဆောင်လျက်ရှိတယ်” ဟု NBS တာဝန်ရှိပုဂ္ဂိုလ် ဝမ်ကွမ့်ဟွာက ဆင်ဟွာသတင်းဌာန စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သောအပိုင်း၌ ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ပျမ်းမျှ နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅.၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး ကမ္ဘာ့ရှေ့ပြေး အဓိကစီးပွားရေးနိုင်ငံများအကြား ပါဝင်လာခဲ့ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသည် ယင်းကာလအတွင်း နှစ်စဉ် ပျမ်းမျှ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းဝန်းကျင် အကျိုးထမ်းဆောင်ခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စီးပွားရေးအသွင်ကူးပြောင်းမှုအရ ကြည့်ပါကလည်း တရုတ်နိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ဝမ်က မီးမောင်းထိုးဖော်ပြခဲ့သည်။ ယနေ့ခေတ်တွင် သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှာ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားသုံးစွဲ၏ သုံးပုံတစ်ပုံရှိကြောင်း ၎င်းက ဆိုသည်။ ၂၀၂၄ ခုနှစ်တွင် ဂျီဒီပီတစ်ယူနစ်အတွက် တရုတ်နိုင်ငံ၏ စွမ်းအင်သုံးစွဲမှုမှာ၂၀၂၀ ပြည့်နှစ်ကထက် ၁၁.၆ ရာခိုင်နှုန်းကျဆင်းခဲ့ရာ စွမ်းအင်သုံးစွဲမှု ကျဆင်းနှုန်းအနေဖြင့် ကမ္ဘာ့ဦးဆောင်နိုင်ငံများအကြား တစ်နိုင်ငံအဖြစ် ပါဝင်လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုအင်အားကြီးနိုင်ငံအဖြစ် ၎င်း၏အနေအထားကို ခိုင်မာစေခဲ့သည်။ တရုတ်နိုင်ငံသည် ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုအညွှန်းကိန်း ထိပ်တန်း ၁၀ နိုင်ငံအတွင်း ဝင်ရောက်လာခဲ့ရာ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကမ္ဘာ့အမြန်ဆုံးတိုးတက်လာသော ဆန်းသစ်တီထွင်သူများအနက် တစ်နိုင်ငံဖြစ်လာခဲ့ကြောင်း ဝမ်က ဆိုသည်။ (Xinhua)
……………………………………..
(English Version)
(China Economic Roundtable) China a key stabilizer, driving force of world economy: official
BEIJING, Oct. 17 (Xinhua) — China has become a crucial stabilizer and driving force for the global economy, with its green transformation and innovation breakthroughs offering significant value, said an official with the National Bureau of Statistics (NBS).
“Despite a complex and fast-changing external environment during the 14th Five-Year Plan period (2021-2025), China’s economy has maintained stable growth — serving as a key source of momentum for the uncertain global economy,” said Wang Guanhua, an official with the NBS, on the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
She pointed out that China’s average annual economic growth rate came in at 5.5 percent from 2021 to 2024 — ranking among the fastest of the world’s major economies. The country, notably, contributed around 30 percent to global growth on average annually during this period.
Wang also highlighted China’s leadership in terms of global green transition. She said that clean energy sources now account for one-third of the country’s electricity consumption. In 2024, China’s energy consumption per unit of GDP was 11.6 percent lower than in 2020, ranking it among global leaders in the decline of energy intensity.
China has cemented its position as a global innovation powerhouse. The country broke into the top 10 of the Global Innovation Index this year, making it as one of the world’s fastest-rising innovators over the past decade, Wang said.
Photo: Guests attend the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Yin Gang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.