Connect with us

North America

ထရမ့်နှင့် ဇယ်လန်းစကီး တွေ့ဆုံဆွေးနွေး၊ အမေရိကန်-ရုရှား-ယူကရိန်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု မဖြစ်နိုင်

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ဝဲဘက် ဒုတိယ) က ယူကရိန်း သမ္မတ ဇယ်လန်းစကီး (ဝဲဘက် တတိယ) အား ကြိုဆိုနေသည်ကို အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် အောက်တိုဘာ ၁၇ ရက်တွင် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ အမေရိကန်-ရုရှား-ယူကရိန်း သုံးပွင့်ဆိုင် တွေ့ဆုံးနွေးနွေးမှု လတ်တလော ကျင်းပနိုင်ခြေကို မရှိကြောင်းနှင့် ယူကရိန်းနိုင်ငံအား “Tomahawk” ခရုဇ်ဒုံးကျည်ပံ့ပိုးပေးမည့် ဖြစ်နိုင်ခြေအပေါ် အမေရိကန်က လေသံ လျှော့ချခဲ့ကြောင်း သိရသည်။
တံခါးပိတ်အစည်းအဝေး မကျင်းပမီ မီဒီယာများနှင့် တံခါးဖွင့်တွေ့ဆုံမှုတွင် ထရမ့်က ၎င်း၏ စိတ်ကူးအရ ဟန်ဂေရီနိုင်ငံတွင် ၎င်းနှင့် ရုရှားသမ္မတ ပူတင်၏ “နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု” သာ ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်-ရုရှား-ယူကရိန်း ခေါင်းဆောင်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ပူတင်နှင့် တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း ၎င်းသည် ဇယ်လန်းစကီးနှင့် ဆက်သွယ်မှုကို ထိန်းသိမ်းထားမည်ဟုလည်း ထရမ့် ဆိုခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်မှု ဆောင်ကြဉ်းလာသော “အရှိန်အဟုန်” သည် သုံးနှစ်ခွဲကြာ ဖြစ်ပွားလာသော ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် အထောက်အကူပြုကြောင်း၊ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ရရှိရေးသည် ”အရေးကြီးဆုံးကိစ္စရပ်” ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ယူကရိန်းမှ ထုတ်လုပ်သော ဒရုန်းအများအပြားကို အသုံးပြု၍ အမေရိကန်၏ “Tomahawk” ဒုံးကျည်နှင့် လဲလှယ်ရန် ၎င်းက အကြံပြုခဲ့သည်။
“Tomahawk” ဒုံးကျည်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ထရမ့်က အမေရိကန်အနေဖြင့်လည်း “Tomahawk”နှင့် အခြားသော အမေရိကန် ထုတ်လုပ်သော၊ ယူကရိန်းထံ ပို့ဆောင်ခဲ့ပြီးဖြစ်သော လက်နက်များ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက ယူကရိန်းထံ ပံ့ပိုးသော “Tomahawk” သည် အခြေအနေကို “အဆင့်မြှင့်တင်” မည်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး “’Tomahawk’ ဒုံးကျည်တွေအကြောင်း စဉ်းစားစရာမလိုဘဲ စစ်ပွဲကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် ယူကရိန်းအား နယ်မြေပြဿနာပေါ်တွင် လိုက်လျောမှုများ ပြုလုပ်ရန် ဖိအားပေးခဲ့သည်။ စက်တင်ဘာလနှောင်းပိုင်းတွင် ယူကရိန်းသည် ယူကရိန်းတစ်ခုကို ပြန်လည်ရယူနိုင်စွမ်းရှိသည်ဟု ပြန်လည်ပြောကြားကာ မူလနယ်မြေအနေအထား ပြန်လည်ထားရှိခဲ့သည်။ အောက်တိုဘာ ၁၇ ရက်တွင် သတင်းထောက်က ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် နယ်မြေဖြင့် လဲလှယ်ရန် လိုအပ်ခြင်း ရှိမရှိနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် ထရမ့်က “ဘယ်သူမှမသိဘူး” ဟူ၍သာ ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် ပဋိပက္ခအဆုံးသတ်ရန်အတွက် မည်သည့်လိုက်လျောမှုများ လုပ်ရန် ဆန္ဒရှိသနည်းဟု မေးမြန်းခဲ့ရာ ဇယ်လန်းစကီးက ဦးစွာ စကားဝိုင်းတွင် ထိုင်၍ ဆွေးနွေးရန် လိုအပ်ကြောင်း၊ ဒုတိယအနေဖြင့် အပစ်ရပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားက စေ့စပ်ညှိနှိုင်းရေးစကားဝိုင်းဆီသို့ ပြန်သွားရန် ဆန္ဒမရှိကြောင်း ၎င်းက ပြောဆိုခဲ့ပြီး ရုရှားအပေါ် ဖိအားပေးရန် အမေရိကန်အား တိုက်တွန်းခဲ့သည်။ ယခုရက်ပိုင်းတွင် ယူကရိန်း စွမ်းအင်အခြေခံအအောက်အအုံကို ရုရှားဘက်က တိုက်ခိုက်ခဲ့ရာ အမေရိကန် စွမ်းအင်ကုမ္ပဏီက အကူအညီပေးရန် ပြင်ဆင်ပြီးဖြစ်ကြောင်းလည်း ဇယ်လန်းစကီးက ပြောကြားခဲ့သေးသည်။
ဩဂုတ် ၁၅ ရက်တွင် ထရမ့်နှင့် ပူတင်တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်းခါးရေ့ဂျ်မြို့တွင် အမေရိကန်-ရုရှား ခေါင်းဆောင်များ ၄ နှစ်ကျော်ကြာအတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မည်သည့် သဘောတူညီမှုမျှ မရရှိခဲ့ပေ။ ရုရှား-ယူကရိန်း အပစ်ရပ် စေ့စပ်ညှိနှိုင်းမှုမှာ ယခုထိတိုင် ကျဉ်းထဲကျပ်ထဲ ကျရောက်လျက်ရှိသည်။ ယခုလ ၁၆ ရက်တွင် ထရမ့်နှင့် ပူတင် အချိန်ကြာမြင့်စွာ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် လတ်တလောတွင် ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်စ်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)


……………………………….
(Chinese Version)
特朗普见泽连斯基 排除美俄乌三方会
新华社华盛顿10月17日电(记者徐剑梅)美国总统特朗普17日在白宫与乌克兰总统泽连斯基举行会谈,排除近期举行美俄乌领导人三方会晤的可能性,并在美国可能向乌提供“战斧”巡航导弹一事上降低了调门。
在闭门会谈前的媒体开放环节,特朗普表示,按照他的设想,拟在匈牙利举行的将是他与俄罗斯总统普京的“双边会晤”、而非美俄乌领导人三方会谈。特朗普还说,与普京会晤期间,他将与泽连斯基保持联系。
泽连斯基表示,加沙地带停火带来的“势头”有助于结束持续逾三年半的俄乌冲突。获得安全保障对乌克兰来说是“最重要的事情”。他建议用乌克兰生产的大量无人机向美国换取“战斧”导弹。
就“战斧”导弹问题,特朗普表示,美国也需要“战斧”及其他美国制造、已经运往乌克兰的武器。他同时承认,向乌提供“战斧”将导致局势“升级”,并称“希望我们能够不用考虑‘战斧’导弹就结束战争”。
今年早些时候,特朗普施压乌克兰在领土问题上作出让步以结束俄乌冲突,9月下旬又宣称乌有能力“夺回整个乌克兰”,恢复领土原状。17日当天被记者问及乌克兰是否需要以领土换和平时,特朗普只是说:“谁也不知道。”
被问及乌克兰愿为结束冲突作出哪些让步时,泽连斯基说,首先,需要坐下来谈;其次,需要停火。他指称俄罗斯不愿回到谈判桌,呼吁美国对俄施加压力。泽连斯基还说,俄罗斯近日袭击乌能源基础设施,美国能源公司已准备提供帮助。
8月15日,特朗普与普京在美国阿拉斯加州安克雷奇市举行美俄领导人4年多来首次面对面会晤,但未达成任何协议。俄乌停火谈判迄今陷入僵局。本月16日,特朗普与普京进行长时间通话,随后宣布两人近期将在匈牙利首都布达佩斯会晤。(完)
图说:10月17日,在美国首都华盛顿白宫,美国总统特朗普(左二)欢迎乌克兰总统泽连斯基(左三)。新华社记者胡友松摄