China
တရုတ်နိုင်ငံတွင် ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ၏ “အကောင်းဆုံး ခရီးသွားကျေးရွာ” အဖြစ် ကျေးရွာ ၄ ရွာ ထပ်တိုး

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) က တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့၌ “အကောင်းဆုံး ခရီးသွားကျေးရွာ” ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၅ ခုနှစ်အတွက် “ကမ္ဘာ့အကောင်းဆုံး ခရီးသွားကျေးရွာ” အမည်စာရင်းကို ကြေညာခဲ့ရာ တရုတ်နိုင်ငံမှ လျှောက်ထားခဲ့သော ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လီဖိန်ခရိုင် စွမ်းကျန်းမြို့နယ် ဟွမ်ကန်ကျေးရွာ၊ စီချွမ်းပြည်နယ် ကန်းကျီ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ သန်းပါးခရိုင် မော့အယ်သောဆန်းမြို့နယ် ကျီးခါရီးကျေးရွာ၊ ကျန်းဆူးပြည်နယ် ထိုက်ကျိုးမြို့ ရှင်းဟွမြို့ ချန်သော်မြို့နယ် တုန်းလောကျေးရွာ၊ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့နယ် နန်းရွှင်ခရိုင်နှင့် ဖူမြို့နယ် တီကန်ကျေးရွာ စသည့် ကျေးရွာ ၄ ခု ရွေးချယ်ခံခဲ့ရသည်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံ ရွေးချယ်ခံရသော ကျေးရွာစုစုပေါင်းအရေအတွက်သည် ၁၉ ရွာအထိ ရှိလာခဲ့ပြီဖြစ်သည်။
ယခုအကြိမ်တွင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကျေးရွာ ၅၂ ရွာ ရွေးချယ်ခံရသည်။ တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော ကျေးရွာ ၄ ရွာသည် သဘာဝမြေမျက်နှာသွင်ပြင်၊ ယဉ်ကျေးမှုပုံစံနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများတွင် ကိုယ်ပိုင်ဝိသေသလက္ခဏာများ ရှိကြပြီး ကျေးလက်ခရီးသွားလုပ်ငန်း၏ ကြွယ်ဝပြီး စုံလင်ကွဲပြားသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ ပြသခဲ့ကြသည်။
“အကောင်းဆုံး ခရီးသွားကျေးရွာ” အစီအစဉ်ကို ၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကျေးရွာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်း၏ ကျေးရွာများ ပြန်လည်ဖွံ့ဖြိုးရေး၌ အရေးပါသော အခန်းကဏ္ဍကို အားဖြည့်ရန် ရည်ရွယ်သည်။ လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ကျေးရွာပေါင်း ၂၃၆ ရွာသည် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့၏ “အကောင်းဆုံး ခရီးသွားကျေးရွာ” အဖြစ် ရွေးချယ်ခံခဲ့ရသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လီဖိန်ခရိုင် စွမ်းကျန်းမြို့နယ် ဟွမ်ကန်ကျေးရွာ၌ ရိုးရာပွဲတော် ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
我国新增4个联合国旅游组织“最佳旅游乡村”
新华社照片,北京,2025年10月18日
10月17日,联合国旅游组织在浙江省湖州市举行“最佳旅游乡村”颁奖仪式。会上公布了2025年“最佳旅游乡村”名单,我国申报的贵州省黔东南苗族侗族自治州黎平县双江镇黄岗村、四川省甘孜藏族自治州丹巴县墨尔多山镇基卡依村、江苏省泰州市兴化市千垛镇东罗村、浙江省湖州市南浔区和孚镇荻港村等4个乡村入选。截至目前,我国入选总数达到19个。
本届共有29个国家的52个乡村入选。我国入选的4个乡村,在自然地貌、文化形态与发展路径上各具特色,呈现出乡村旅游丰富多元的发展脉络。
“最佳旅游乡村”活动于2021年由联合国旅游组织创立,旨在通过旅游促进乡村文化遗产保护和可持续发展,强化旅游助力乡村振兴的重要作用。截至目前,来自57个国家的236个乡村入选联合国旅游组织“最佳旅游乡村”。
图说1:这是2024年7月20日拍摄的贵州省黎平县双江镇黄岗村全景(无人机照片)。 新华社发(龙建睿 摄)
图说2:这是2024年7月20日在贵州省黎平县双江镇黄岗村拍摄的 “喊天节”活动现场(无人机照片)。新华社发(龙建睿 摄)