Africa & Middle East
တရုတ်နိုင်ငံ၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရာတွင် ရေရှည်စီမံကိန်းက အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေဟု အီဂျစ် Al Akhbar သတင်းစာ ဒုတိယအယ်ဒီတာချုပ် ပြောကြား

ကိုင်ရို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရေရှည်စီမံကိန်းများသည် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရာတွင် သိသာထင်ရှားသော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ခဲ့ပြီး စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် အရေးပါသော ကိရိယာတစ်ခုအနေဖြင့် ကာလကြာရှည်ပံ့ပိုးပေးထားကြောင်း မကြာသေးမီက အီဂျစ် Al Akhbar သတင်းစာ ဒုတိယအယ်ဒီတာချုပ် အာမာ ထာမန်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုအတွင်း ဖြေကြားခဲ့သည်။၂၀၂၅ ခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ၏ နောက်ဆုံးနှစ်ဖြစ်သည်။ အာမာထာမန်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလေးပေးဖော်ဆောင်မှုသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ပြောင်းလဲလာပြီး ဥပမာ လျှပ်စစ်ကားများကဲ့သို့ တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဂုဏ်သတင်းအား မြှင့်တင်ပေးလိုက်သည်ဟု ယူဆခဲ့သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ ဝူချန်းခရိုင်ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း၌ စွမ်းအင်သစ်ကား ရွေးချယ်ဝယ်ယူနေသူအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှု၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် လူမှုဖူလုံရေး စသည်တို့အား အလေးထားကြောင်း၊ အဆိုပါကြိုးပမ်းမှုများသည် ပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းအား ကောင်းမွန်လာစေသလို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားအား အကျိုးရှိစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာမာ ထာမန်က တရုတ်နိုင်ငံ၏ လွန်ခဲ့သည့် ၅ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု ထူးခြားချက်အား “ကဏ္ဍစုံလင်မှု၊ ဆန်းသစ်တီထွင်မှု၊ တံခါးဖွင့်လှစ်မှု” စသည့် အဓိကစကားလုံးများဖြင့် ပုံဖော်ပြောကြားခဲ့သည်။
စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်တိုင် တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းအား ထိန်းသိမ်းထားဆဲဖြစ်ရာ ၎င်း၏ မဟာဗျူဟာ စီမံကိန်းရေးဆွဲရာ၌ အမြော်အမြင်ရှိမှုနှင့် ကိုယ်တိုင်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကို ဖော်ပြလိုက်ကြောင်း၊ “တရုတ်နိုင်ငံအနေနဲ့ တစ်ကမ္ဘာလုံးစီးပွားရေး တိုးတက်မှုနှုန်းအတွက် အကျိုးထမ်းဆောင်မှုနှုန်းက ၃၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ ဒီလိုမျိုး မသေချာမရေရာမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ တရုတ်နိုင်ငံက တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့အား ရှေ့ဆင့်နောက်ဆင့် အဆိုပြုခဲ့ကြောင်း၊ ယင်းအစီအမံများကို တရုတ်နိုင်ငံ၏ ရေရှည်စီမံကိန်းများတွင် ပေါင်းစပ်ထည့်သွင်းထားရာ အခြားနိုင်ငံများနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်ရန် ရည်ရွယ်ကြောင်း အာမာထာမန်က ပြောကြားခဲ့သည်။
“ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အား အတူတကွ တည်ဆောက်သည့်နိုင်ငံများသည် အခြေခံအဆောက်အဦ တည်ဆောက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ လက်တွေ့ကျကျ အကျိုးစီးပွားများ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အဦ သက်ဆိုင်ရာစီမံကိန်းများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု စံနမူနာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လာမည့် ၅ နှစ်တွင် တရုတ်နိုင်ငံသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်တု (AI)၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ခြင်းတို့ကို ဦးစားပေးနေရာ၌ ဆက်လက်ထားရှိသွားရန် အာမာ ထာမန်က မျှော်လင့်လျက်ရှိသည်။
“တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပြည်သူကနေ အရင်းခံပြီး ပြည်သူတွေကို ဝန်ဆောင်မှုပေးပါတယ်။ တရုတ်နိုင်ငံဟာ လူ့စွမ်းအားအရင်းအမြစ်ကို တိုးတက်မှုတွန်းအားအဖြစ် ပြောင်းလဲလိုက်ရာ ပြည်သူ့ဆန္ဒကို လှုံ့ဆော်အားပေးတဲ့ စံနမူနာ ဖြစ်လာခဲ့တယ်” ဟု အာမာ ထာမန်က ပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား တူညီသောထူးခြားချက်နှင့် နိုင်ငံရေးအရ သဘောတူညီချက်များကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများက တရုတ်နိုင်ငံ၏ အတွေ့အကြုံအား လေ့လာသင်ယူရန် ပိုမိုလွယ်ကူသွားစေခဲ့သည်ဟု ၎င်းက ယူဆခဲ့သည်။ (Xinhua)
————————————————
(Chinese Version)
专访丨长远规划在推动中国各领域发展方面发挥重要作用——访埃及《消息报》副总编辑阿米尔·塔马姆
新华社开罗10月17日电 专访丨长远规划在推动中国各领域发展方面发挥重要作用——访埃及《消息报》副总编辑阿米尔·塔马姆 新华社记者姚兵 张健
埃及《消息报》副总编辑阿米尔·塔马姆日前在开罗接受新华社记者采访时表示,长期以来,中国的长远规划为应对挑战提供了重要工具,在推动各领域发展方面发挥了重要作用。
2025年是中国“十四五”规划的“收官之年”。塔马姆认为,中国的发展重心转向高质量发展,提升了中国出口产品的声誉,比如电动汽车。他说,中国注重经济增长、科技创新、环境保护和社会福利,这些努力改善国内人民的生活水平,也造福世界,许多国家从中受益。
塔马姆用“多元、创新、开放”等关键词来形容中国过去5年的发展特点。他说,尽管面临挑战,但中国仍保持5%左右的经济增速,展现了其战略规划的前瞻性和自身的发展韧性。“中国对全球经济增长贡献率达30%左右。在这个充满不确定性的世界中,中国成为稳定基石。”
塔马姆说,中国先后提出共建“一带一路”倡议、全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,这些倡议都融入了中国的长期规划之中,旨在同其他国家实现共同发展。
他表示,“一带一路”倡议共建国家已经在基础设施建设、贸易和投资领域获得实实在在的益处。埃及是与中国在绿色经济、基础设施相关项目上互利共赢的合作典范。
塔马姆期待,下一个5年,中国将继续把科技创新、人工智能、数字经济和应对气候变化等放在优先位置。
“中国的发展源于人民,服务人民。”塔马姆说,中国将人力资本转化为增长动力,成为鼓舞人心的典范。他认为,全球南方国家之间的共同特征和政治共识,使发展中国家更容易借鉴中国的经验。(完)
1、2025年9月16日,海轮在钦州港码头装卸货物(无人机照片)。新华社记者 张爱林 摄
2、10月14日,在湖北省武汉市武昌区一家商场,顾客在选购新能源汽车。新华社发(赵军摄)