Connect with us

Asia

ဆာနာအဲ တာကာအိချိ ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသော ယာယီလွှတ်တော် အောက်လွှတ်တော် ဝန်ကြီးချုပ် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိပြီးနောက် မတ်တတ်ရပ် ဂါရဝပြုသော ဆာနာအဲ တာကာအိချိအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိသည် အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် ယာယီလွှတ်တော် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၏ ဝန်ကြီးချုပ် ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ပြီး ဂျပန်နိုင်ငံ၏ ၁၀၄ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ပေသည်။
ထိုနေ့တွင် ကျင်းပသည့် အောက်လွှတ်တော် ဝန်ကြီးချုပ်ရွေးကောက်ပွဲကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခန့် (ပေကျင်းစံတော်ချိန် နေ့လယ် ၁၂ နာရီခန့်) ၌ စတင်ကျင်းပခဲ့ရာ ဆာနာအဲ တာကာအိချိသည် အကျုံးဝင်သည့် ရွေးကောက်မဲ ၄၆၅ မဲတွင် ၂၃၇ မဲ ရရှိခဲ့သည်။ ထို့နောက်ကျင်းပသည့် အထက်လွှတ်တော် ဝန်ကြီးချုပ် ရွေးကောက်ပွဲ၌ ဆာနာအဲ တာကာအိချိသည် ပထမအကြိမ် ရွေးကောက်မဲပေးမှုတွင် မဲအရေအတွက် တစ်ဝက်ကျော် မရရှိခဲ့သော်လည်း နှစ်ကြိမ်ရွေးကောက်ပွဲပြီးနောက် အနိုင်ရရှိခဲ့သည်။
ဆာနာအဲ တာကာအိချိသည် ဆက်လက်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းတည်ဆောက်မှုကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုနေ့ညတွင် ဂျပန်နန်းတော်၌ ကျင်းပမည့် ဝန်ကြီးချုပ် ခန့်အပ်မှုနှင့် အစိုးရအဖွဲ့ဝန်ကြီးများ အသိအမှတ်ပြုမှု အခမ်းအနားပြီးနောက် အစိုးရအဖွဲ့သစ်အား တရားဝင်ဖွဲ့စည်းတည်ထောင်မည်ဖြစ်သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသော ယာယီလွှတ်တော် အောက်လွှတ်တော် ဝန်ကြီးချုပ် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိပြီးနောက် မတ်တတ်ရပ် ဂါရဝပြုသော ဆာနာအဲ တာကာအိချိအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
高市早苗当选日本首相
新华社东京10月21日电(记者李子越 陈泽安)日本自民党总裁高市早苗21日在临时国会众议院和参议院首相指名选举中均胜出,当选日本第104任首相。她是日本首位女首相。
当天的众议院首相指名选举从当地时间13时许(北京时间12时许)开始,高市早苗在465张有效选票中获得237票。在随后举行的参议院首相指名选举中,高市早苗第一轮票数未过半,经过两轮选举后胜出。
高市早苗接下来将着手组建内阁。当晚在日本皇宫举行首相任命和内阁大臣认证仪式后,新内阁将正式成立。(完)
图说:10月21日,在日本东京,自民党总裁高市早苗(中)在临时国会众议院首相指名选举中胜出后起身致谢。新华社记者 贾浩成 摄