Connect with us

North America

“ယူကရိန်း အနိုင်ရမယ်လို့ ဘယ်တုန်းကမှ မပြောဖူးဘူး” ဟု ထရမ့် ပြောင်းလဲပြောကြား

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ဝဲဘက် ဒုတိယ) က ယူကရိန်း သမ္မတ ဇယ်လန်းစကီး (ဝဲဘက် တတိယ) အား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် အောက်တိုဘာ ၂၀ ရက်တွင် ၎င်းအနေဖြင့် “ယူကရိန်း အနိုင်ရမယ်လို့ ဘယ်တုန်းကမှ မပြောဖူးဘူး” ဟု ပြောကြားခဲ့သည်။ ယင်းသည် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ယူကရိန်း အနိုင်ရရှိမည့် အလားအလာအပေါ် သံသယရှိသည့် သဘောထားအား ထပ်မံဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်မီဒီယာများ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

သတင်းထောက်က ထိုနေ့တွင် အိမ်ဖြူတော်၌ ရုရှား-ယူကရိန်း ပဋိပက္ခတွင် ယူကရိန်း အနိုင်ရရှိမည်လောဟု မေးမြန်းရာတွင် ထရမ့်က “သူတို့အနိုင်ရမယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မပြောဖူးဘူး။ ကျွန်တော်ပြောတာက အကယ်၍ ကျွန်တော်တို့ သဘောတူညီချက်ရမယ်ဆိုရင် သူတို့အနိုင်ရရှိနိုင်ခြေရှိတယ် ဆိုတာပါ” ဟု ဖြေကြားခဲ့သည်။
ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခ၏ အနာဂတ်အလားအလာအပေါ် ရှုမြင်ချက်များသည် အကြိမ်များစွာ ပြောင်းလဲခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ရုရှား-ယူကရိန်းပဋိပက္ခအား အဆုံးသတ်ရန်အတွက် ထရမ့်က ယူကရိန်းအား နယ်မြေပိုင်နက်ပြဿနာ၌ နောက်ဆုတ်ပေးရန် ဖိအားပေးခဲ့သည်။ စက်တင်ဘာလ လကုန်ပိုင်းတွင် ယူကရိန်းအနေဖြင့် “ယူကရိန်းနိုင်ငံ ဒေသတစ်ခုလုံးကို ပြန်လည်ရယူရန်” စွမ်းရည်ရှိပြီး မူလနယ်မြေပိုင်နက်အား ပြန်လည်ဖော်ဆောင်နိုင်သည်ဟု ၎င်းက ဆိုခဲ့ပြန်သည်။ လွန်ခဲ့သည့်သီတင်းပတ်တွင် ထရမ့်နှင့် ရုရှား သမ္မတ ပူတင်တို့က အချိန်ကြာရှည်စွာ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြီးနောက် နောက်တစ်နေ့တွင် ယူကရိန်း နိုင်ငံ သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံခဲ့ကာ ထို့နောက်ပိုင်းတွင် ရုရှား-ယူကရိန်း နှစ်ဖက်အနေဖြင့် “လက်ရှိနေရာတွင် အပစ်ရပ်ပြီး အနိုင်ရရှိကြောင်း ကိုယ်စီကြေညာရန်” တိုက်တွန်းခဲ့သည်။
ရုရှား-ယူကရိန်းအနေဖြင့် လက်ရှိစစ်မျက်နှာစာအရ Donbas ဒေသအားခွဲထုတ်ကာ နယ်နိမိတ်သတ်မှတ်၍ အပစ်ရပ်ပြီး ကိုယ်စီတပ်ဆုတ်သင့်ကြောင်း ထရမ့်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ Donbas ဒေသတွင် အဓိကအားဖြင့် Donetsk နှင့် Luhansk ဟူ၍ ဒေသနှစ်ခုပါဝင်ကာ ရုရှားနှင့် ယူကရိန်းတို့သည် Donbas ဒေသ၏ ထိန်းချုပ်ခွင့်အား အစဉ်တစိုက် အပြင်းအထန်လုယူလျက်ရှိသည်။ ထရမ့်၏အစီအစဉ်အရ Donbas ဒေသ၏ မြေနေရာအများအပြားကို ရုရှားမှ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
ရုရှားအနေဖြင့် ယူကရိန်းစစ်တပ်အား Donetsk နှင့် Luhansk ဒေသမှ ဘက်စုံဆုတ်ခွာရန် တောင်းဆိုခဲ့ရာ ယူကရိန်းအနေဖြင့် ယင်းအားလက်ခံရန် ငြင်းပယ်ထားကြောင်း ဇယ်လန်းစကီးက အောက်တိုဘာ ၁၉ ရက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
特朗普又改口:“从未说过乌克兰会赢”
新华社华盛顿10月20日电 美国总统特朗普20日称,他“从未说过乌克兰会赢”。美国媒体解读,这再次表明特朗普对乌克兰在俄乌冲突中获胜的前景持怀疑态度。
当天在白宫被记者问及乌克兰是否能赢得俄乌冲突时,特朗普回答:“我从未说过他们会赢。我说的是,如果我们达成协议,他们可能赢。”
特朗普对俄乌冲突前景的看法多次变化。今年早些时候,特朗普施压乌克兰在领土问题上让步以结束俄乌冲突。9月下旬,他又宣称乌有能力“夺回整个乌克兰”,恢复领土原状。上周,特朗普与俄罗斯总统普京长时间通话,次日与乌克兰总统泽连斯基会晤,此后呼吁俄乌双方“就地停火,各自宣布获胜”。
特朗普19日表示,俄乌应按当前战线“割裂”顿巴斯,划界停火、各自撤兵。顿巴斯主要包括顿涅茨克和卢甘斯克两个地区,俄乌一直在激烈争夺顿巴斯的控制权。美国媒体解读,按照特朗普的方案,顿巴斯地区大部分土地将由俄罗斯控制。
泽连斯基19日对媒体表示,俄要求乌军全面撤出顿涅茨克和卢甘斯克地区,对此乌方拒绝接受。(完)
图说:10月17日,在美国首都华盛顿白宫,美国总统特朗普(左二)欢迎乌克兰总统泽连斯基(左三)。新华社记者胡友松摄