Connect with us

Business

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းထုတ်ကုန် တင်ပို့မှုမှာ ပထမနှစ်ဝက်တွင် ၉ ရာခိုင်နှုန်း တိုးတက်လာ

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ဧပြီလ ၁ ရက်မှ စတင်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် ပြည်ပနိုင်ငံများသို့ အထည်ချုပ်လုပ်ငန်းထုတ်ကုန် တင်ပို့မှုမှာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း အောက်တိုဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းစာ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ ဝင်ငွေအကောင်းဆုံး ပို့ကုန်များတွင် အထည်ချုပ်လုပ်ငန်းနှင့် လယ်ယာထွက်ကုန်များ ပါဝင်ပြီး အထည်ချုပ်လုပ်ငန်းက ပို့ကုန်ကဏ္ဍကို ဦးဆောင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် ပိတ်စဖြတ်ခြင်း၊ ချုပ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း (CMP) စနစ်ဖြင့် လုပ်ကိုင်လျက်ကြောင်း The Global New Light of Myanmar ၏သတင်းတွင်ပါရှိသည်။
CMP စနစ်ဖြင့် ထုတ်လုပ်သည့် လုပ်ငန်းများသည် အထည်ချုပ်လုပ်ငန်းအပြင် အီလက်ထရွန်းနစ်ပစ္စည်းများ၊ ဖိနပ်များ၊ အိတ်များ၊ ဆံပင်တုများ၊ မျက်ကပ်မှန်များနှင့် ကင်မရာများကို ထုတ်လုပ်လျက်ရှိကြောင်း သတင်းတွင်ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ဆက်စပ်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် CMP စနစ်မှ အပြည့်အဝ ထုတ်လုပ်မှုပုံစံသို့ အသွင်ကူးပြောင်းလဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………….
English Version
Myanmar garment sector sees 9 percent export growth in H1
YANGON, Oct. 22 (Xinhua) — Myanmar’s garment exports increased by nine percent in the first half of the 2025-2026 fiscal year, starting from April 1, compared to the same period last year, the state-owned daily The Global New Light of Myanmar reported on Wednesday.
Myanmar’s top-earning sectors include garments and agricultural produce, with the garment industry leading the export sector, it said.
The country’s garment enterprises operate under the Cutting, Making, and Packaging (CMP) system, it added.
In addition to garments, CMP operations produce electronic appliances, footwear, bags, wigs, lenses and cameras, the report said.
The Myanmar Garment Manufacturers Association and related organizations are exerting concerted efforts to transform from the CMP system to a full production model in the country, it added. ■