Europe
ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ဘောလ်တစ်ပင်လယ်ပြင်ကို ဖြတ်ကျော်ပျံသန်း

မော်စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ၏ Tu-22M3 တာဝေးပစ် ဗုံးကြဲလေယာဉ်များသည် ဘောလ်တစ်ပင်လယ်၏ နိုင်ငံတကာရေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းရန် စီစဉ်ထားသည့် ခရီးစဥ်မှာ အောက်တိုဘာ ၂၂ ရက်၌ ပြီးစီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါဗုံးကြဲလေယာဉ်များ၏ ပျံသန်းမှုမှာ ငါးနာရီကျော် ကြာမြင့်ခဲ့ပြီး ထိုသို့ပျံသန်းစဉ်အတွင်း တိုက်လေယာဉ်များက လိုက်ပါစောင့်ရှောက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လမ်းကြောင်း၏ နေရာအချို့၌ အဆိုပါဗုံးကြဲလေယာဉ်များကို ပြည်ပနိုင်ငံများမှ တိုက်လေယာဉ်များကပါ လိုက်ပါစောင့်ရှောက်ပေးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ရုရှားလေကြောင်းအာကာသတပ်ဖွဲ့၏ လေယာဉ်ဖြင့် ပျံသန်းမှုအားလုံးကို နိုင်ငံတကာလေပိုင်နက်စည်းမျဉ်းများနှင့်အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Russian strategic bombers fly over Baltic Sea
MOSCOW, Oct. 22 (Xinhua) — Russian Tu-22M3 long-range bombers completed a scheduled flight mission over the neutral waters of the Baltic Sea on Wednesday, the Russian Ministry of Defense said.
The flight lasted for more than five hours and was escorted by fighter jets, the ministry said in a statement.
During certain stages of the route, the bombers were escorted by fighter jets from foreign countries, it said.
All flights by aircraft of the Russian Aerospace Forces are conducted in strict compliance with international airspace regulations, it added. ■
English Caption
Screenshot of footage released by the Russian Defense Ministry on June 5, 2023 shows a Tu-95MS strategic bomber during a patrol mission.