International Organizations
ဖလာမင်ဂိုအသင်းက Racing အသင်းကို အကြိုဗိုလ်လုပွဲ ပထမအကျော့ အနိုင်ရ
ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံလက်ရွေးစင်ကွင်းလယ်ကစားသမား Jorge Carrascal က ဘရာဇီးဖလာမင်ဂိုအသင်းအတွက် နောက်ကျအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး အာဂျင်တီးနား Racing အသင်းကို Copa Libertadores အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ၁-၀ ဖြင့် အောက်တိုဘာ ၂၂ ရက်က အနိုင်ရရှိခဲ့သည်။
ပွဲကစားချိန် ၈၈ မိနစ်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ရှိနေရာမှ Carrascal ၏ အဝေးကန်ချက်သည် လမ်းကြောင်းပြောင်းကာ ဂိုးတိုင်ဘယ်ဘက်အောက်ခြေထောင့်သို့ ဝင်ရောက်သွားခဲ့ရာ ဂိုးသမား Facundo Cambeses ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရသည်။
Racing အသင်းသည် ဘောလုံးပိုင်ဆိုင်မှု သုံးပုံတစ်ပုံအောက်သာ ရရှိခဲ့ပြီး ပွဲတစ်ခုလုံးတွင် တစ်ကြိမ်သာ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့သည်။
ယခုပွဲရလဒ်ကြောင့် ဖလာမင်ဂိုအသင်းသည် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ရန် လာမည့် အောက်တိုဘာ ၂၉ ရက် ဗျူနိုအေးရီးစ်တွင်ကစားမည့် ဒုတိယအကျော့ပွဲတွင် သရေရလဒ်သာ လိုအပ်တော့ကြောင်းသိရသည်။
Racing အသင်းသည် ၁၉၆၇ ခုနှစ်တွင်ပထမဆုံးဆုဖလားရရှိခဲ့ပြီးချိန်ကတည်းက ဒုတိယမြောက် Copa Libertadores ဆုဖလားကိုရှာဖွေနေခြင်းဖြစ်သည်။ ဖလာမင်ဂိုအသင်းအတွက်မူ ၁၉၈၁ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ဆုဖလားသုံးကြိမ်ရရှိပိုင်ဆိုင်ခဲ့ပြီး တောင်အမေရိက၏ အကြီးဆုံးကလပ်အသင်းပြိုင်ပွဲကို လေးကြိမ်မြောက်အနိုင်ရရှိရန်ယှဥ်ပြိုင်နေခြင်း ဖြစ်သည်။(Xinhua)
…………………..
(English Version)
Flamengo edges Racing in Libertadores semifinal first leg
RIO DE JANEIRO, Oct. 22 (Xinhua) — Colombia international midfielder Jorge Carrascal struck late as Brazil’s Flamengo secured a 1-0 home win over Argentine side Racing in the first leg of their Copa Libertadores semifinal on Wednesday.
Carrascal broke the deadlock in the 88th minute when his long-range effort took a deflection before flying into the bottom-left corner, leaving goalkeeper Facundo Cambeses stranded.
Racing had less than a third of the total possession and managed just one shot on target for the night.
The result means Flamengo needs only a draw in next Wednesday’s return leg in Buenos Aires to reach the final.
Racing is seeking its second Copa Libertadores title and first since 1967. Flamengo is vying to win South America’s premier club competition for a fourth time, having previously triumphed in 1981, 2019 and 2022.
Photo : Members of Flamengo celebrate with the trophy after winning the final against Corinthians at the Copa do Brasil 2022 in Rio de Janeiro, Brazil, Oct. 19, 2022. (Xinhua/Wang Tiancong)
