Connect with us

China

တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးနှင့် ဝေါလ်မတ် အမှုဆောင်ဒုတိယဥက္ကဋ္ဌ တွေ့ဆုံ

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ရှန်ဟိုင်းရှိ ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကုန်သွယ်ရေး ဝန်ဆောင်မှုနေရာတွင် ဝေါ်လ်မတ်၏ပြခန်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး စိန့်ချိုးဖိန်သည် ဝေါလ်မတ် ကော်ပိုရိတ်ရေး‌ရာ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Dan Bartlett နှင့် မကြာသေးမီကတွေ့ဆုံခဲ့မှုအတွင်း တရုတ်နိုင်ငံရှိ အမေရိကန်ရင်းနှီးမြှုပ်နှံမှု လက်လီစီးပွားရေးလုပ်ငန်းများဖွံဖြိုးရေးစသည့် ကိစ္စရပ်များတွင် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းသိရသည်။
အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံဆွေးနွေးမှုအတွင်း စိန့်က မာတီနေရှယ်နယ်ကော်ပိုရေးရှင်းများသည် နှစ်နိုင်ငံစီးပွား‌ရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ပြီး အရေးပါသော တာဝန်များကိုထမ်းဆောင်နေရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၃ ရက်ထုတ်ပြန်သည့် ကြေညာချက်အရသိရသည်။
တရုတ်နိုင်ငံရှိ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လက်လီစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၌ အကြီးဆုံးလက်လီဆိုင်လုပ်ငန်းဖြစ်သည့် ဝေါလ်မတ်သည် မာလ်တီနေရှင်နယ်ကော်ပိုရေးရှင်းများ၏ နိုင်ငံတကာ အရှိန်အဝါကို ပြည့်ပြည့်ဝဝ အသုံးချရန်၊ စျေးကွက်စည်းကမ်းများကို လေးစားလိုက်နာရန်၊ စျေးကွက်စည်းစနစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် တရုတ်နိုင်ငံတွင် ဝယ်ယူမှုများချဲ့ထွင်ရန် မျှော်လင့်ကြောင်း စိန့် က ပြောကြားခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လက်လီစီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ဥပဒေစည်းမျဥ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းလည်ပတ်၍ နိုင်ငံ၏ ကျယ်ပြန့်သည့်စျေးကွက်ဖွံ့ဖြိုးမှု၏ အကျိုးစီးပွားများကို မျှဝေခံစားခြင်းအား ကြိုဆိုကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Bartlett က ဝေါလ်မတ်အနေဖြင့် တရုတ်နိုင်ငံစျေးကွက်ကို အထူးအလေးထားကြောင်း၊ နိုင်ငံအားလုံး ကုန်သွယ်ရေးများလုပ်ဆောင်ကာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်ဖက်အကျိုးရှိသည့် ဘုံအကျိုးစီးပွားကို ရှာဖွေသင့်သည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ ဝေါလ်မတ်သည် တရုတ်နိုင်ငံလက်လီစျေးကွက်တွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိကြောင်းနှင့် စားသုံးသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများထောက်ပံ့မည်ဖြစ်‌ကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)
………………..
(English Version)
Chinese vice commerce minister meets with Walmart executive
BEIJING, Oct. 23 (Xinhua) — Chinese Vice Commerce Minister Sheng Qiuping recently met with Dan Bartlett, executive vice president of corporate affairs for Walmart, during which they exchanged views on issues such as the development of U.S.-funded retail enterprises in China.
During their meeting on Oct. 16, Sheng said that multinational corporations play an important role in bilateral economic and trade cooperation and bear important responsibilities, according to a statement released Thursday by the ministry.
As one of the largest foreign-funded retail enterprises in China and the largest retailer in the United States, Walmart is expected to give full play to the international influence of multinational corporations, respect market rules, safeguard market order and expand procurement in China, Sheng said.
China welcomes foreign-funded retail enterprises to operate in compliance with the country’s laws and regulations and to share in the benefits of the development of China’s vast market, he added.
Bartlett said that Walmart attaches great importance to the Chinese market and believes that all countries should engage in trade and seek win-win cooperation through collaboration. Walmart is willing to continue to invest in China’s retail market and provide better services for consumers, he said.
Photo : Photo taken on Nov. 8, 2018 shows the booth of Walmart at the Trade in Services area of the first China International Import Expo (CIIE) in Shanghai, east China. (Xinhua/Fang Zhe)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.