Economy
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များအကြား ဒုတိယမြောက်နေ့ ကုန်သွယ်စီးပွားဆိုင်ရာ ဆွေးနွေးမှုများကို ကွာလာလမ်ပူတွင် ပြုလုပ်
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များက နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒုတိယမြောက်နေ့ ဆွေးနွေးမှုများကို အောက်တိုဘာ ၂၆ ရက်က ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ပထမနေ့ ဆွေးနွေးမှုများကိုမူ မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် အောက်တိုဘာ ၂၅ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကိစ္စရပ်များအား ယခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ရရှိခဲ့သည့် အရေးကြီး ဘုံသဘောတူညီချက်များနှင့်အညီ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)
#China #US #TradeTalks #တရုတ်နိုင်ငံ #အမေရိကန်နိုင်ငံ #ကုန်သွယ်ရေးဆွေးနွေးပွဲ
………………………………………………………………………………
(English Version)
Chinese, U.S. delegations reconvene for 2nd day of economic, trade talks in Kuala Lumpur
KUALA LUMPUR, Oct. 26 (Xinhua) — The Chinese and U.S. delegations reconvened on Sunday for the second day of talks on economic and trade issues.
The first day of talks took place on Saturday in the Malaysian capital.
A spokesperson for China’s Ministry of Commerce said earlier that the two sides will hold consultations on important issues in China-U.S. economic and trade ties in accordance with the important consensus reached by the heads of state of the two countries during their phone calls this year.
English Caption
This photo taken on Oct. 25, 2025 shows Merdeka 118, the venue for the China-U.S. economic and trade talks, in Kuala Lumpur, Malaysia. (Xinhua/Zhu Wei)
