Politics, Law & Military
အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် မလေးရှားနိုင်ငံသို့ ရောက်ရှိ
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ဝန်ကြီးချုပ်လီမှာ စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ ၂၈ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ ၂၈ ကြိမ်မြောက် အာဆီယံ အပေါင်းသုံး ထိပ်သီးအစည်းအဝေး (ASEAN Plus Three Summit) ၊ ၂၀ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနှင့် ၅ ကြိမ်မြောက် ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ အစည်းအဝေးတို့ကို တက်ရောက်မည်ဖြစ်သည်။
စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း လီက စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ယာယီသမ္မတ Eddie Teo နှင့်လည်း တွေ့ဆုံခဲ့ကာ တရုတ်-စင်ကာပူ စီးပွားရေးအသိုက်အဝန်း သီးသန့်ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့် ကုန်သွယ်စီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်ရန်၊ ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာ့စည်းစနစ်အတွက် စင်ကာပူနိုင်ငံနှင့်အတူ ကြိုးပမ်းအားထုတ်ရန် သန္နိဋ္ဌာန်ပြုထားကြောင်း အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………….
(English Version)
Chinese premier arrives in Malaysia for leaders’ meetings on East Asian cooperation
KUALA LUMPUR, Oct. 26 (Xinhua) — Chinese Premier Li Qiang arrived here on Sunday to attend the leaders’ meetings on East Asian cooperation in Malaysia.
At the invitation of Prime Minister Anwar Ibrahim of Malaysia, ASEAN’s rotating chair, Li will attend the 28th China-ASEAN Summit, the 28th ASEAN Plus Three Summit, the 20th East Asia Summit and the fifth Regional Comprehensive Economic Partnership Leaders’ Meeting, following his official visit to Singapore.
During his stay in Singapore, Li held talks with Singaporean Prime Minister Lawrence Wong, met with Acting President Eddie Teo, and attended China-Singapore business community symposium, highlighting China’s resolve to tap the potential of economic and trade cooperation with Singapore, and make joint efforts with Singapore for a more just, equitable world order.
English Caption
Chinese Premier Li Qiang arrives at Singapore’s Changi airport in Singapore, Oct. 25, 2025. Li arrived here Saturday for an official visit to Singapore at the invitation of Singaporean Prime Minister Lawrence Wong. (Xinhua/Huang Jingwen)
