China
အတားအဆီးမဲ့ ရုပ်ရှင်ရုံ၌ ရုပ်ရှင်နားဆင်ကြည့်ရှု၍ မသန်စွမ်းသူများနှင့် ပျော်ရွှင်ဖွယ်ရာအား အတူမျှဝေခြင်း
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
စနေ၊ တနင်္ဂနွေ ပိတ်ရက်ကာလ၌ တရုတ်နိုင်ငံ ပေကျင်းမြို့ ရှီးသန်းလမ်းရှိ ထရိုဂျန်ဒဏ္ဍာရီ စားသောက်ဆိုင်တွင် အတားအဆီးမဲ့ရုပ်ရှင်ရုံ ရုပ်ရှင်ကြည့်ရှုခြင်း လှုပ်ရှားမှုကို မိတ်ဆက်ပေးခဲ့ရာ အမြင်အာရုံ မသန်စွမ်းသူများနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ ၅၂ ဦးက လာရောက် ရုပ်ရှင်အား နားဆင်ကြည့်ရှု၍ ဖလှယ်ခဲ့ကြသည်။
သာမန်ရုပ်ရှင်နှင့် နှိုင်းယှဉ်ပါက အတားအဆီးမဲ့ရုပ်ရှင်တွင် လူဖြင့်ရှင်းလင်းပြောကြားချက် ထည့်သွင်းပေးထားသောကြောင့် အမြင်အာရုံ မသန်စွမ်းသူများအနေဖြင့် ဦးနှောက်ထဲတွင် လူပုဂ္ဂိုလ်၏ မျက်နှာအမူအရာ၊ ပတ်ဝန်းကျင်အခြေအနေနှင့် လှုပ်ရှားပုံ စသည့်ရုပ်ပုံများကို မြင်ယောင်လာစေနိုင်သည်။ ရုပ်ရှင်နားဆင်ကြည့်ရှုရာနေရာတွင် စေတနာ့ဝန်ထမ်းများက ကိုယ်လက်အင်္ဂါမသန်စွမ်းသူများအတွက် ဓာတ်လှေကားဖြင့် ပို့ဆောင်ပေးခြင်း စသည့် အကြိုအပို့ဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့သည်။
ထရိုဂျန်ဒဏ္ဍာရီ စားသောက်ဆိုင်သည် မသန်စွမ်းသူများအား ဂရုစိုက်စောင့်ရှောက်ခြင်း ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ထားသည့် ၁၆ နှစ်တာ ကာလအတွင်း အမြင်အာရုံ မသန်စွမ်းသူနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူပေါင်း ၂၀၀ ကျော်က အဆိုပါ စားသောက်ဆိုင်၌ အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းအလုပ်များ ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
စားသောက်ဆိုင်သည် အခမဲ့သွေးလှူဒါန်းသည့် စေတနာ့ဝန်ထမ်းများအတွက် ၇ နှစ်ဆက်တိုက် အခမဲ့စားသောက်ခွင့်ဝန်ဆောင်မှု ပံ့ပိုးပေးခဲ့သည်။ ကျောင်းတက်ဆဲ ကျောင်းသား၊ ကျောင်းသူများနှင့် စားသောက်ဆိုင်သို့ လာရောက်စားသုံးသူပေါင်း ၄,၀၀၀ ကျော်ကလည်း စားသောက်ဆိုင်၏ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုတွင် ပါဝင်ခဲ့ရာ ၎င်းတို့၏ စေတနာ့ဝန်ထမ်းအဖြစ် ဝန်ဆောင်မှုပေးသည့် စုစုပေါင်း ကြာချိန်သည် နာရီပေါင်း ၄၀၀,၀၀၀ နီးပါးရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထရိုဂျန်ဒဏ္ဍာရီ စားသောက်ဆိုင်၌ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများက ရုပ်ရှင်ကြည့်ရှုပြီးနောက် အပြန်အလှန် ဖလှယ်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


———————-
(Chinese Version)
无障碍剧场“观”影 与残障人士共享美好
新华社照片,北京,2025年10月26日
周末,位于北京西单的木马童话黑暗餐厅推出无障碍剧场观影活动,52名视力障碍人士和肢体残疾人士前来“观”影交流。相比普通电影,无障碍电影引入讲述人解说,能更好地帮助视障人士在脑海中呈现人物的表情、环境、动作等画面。观影现场,志愿者还为肢体残疾人士提供了电梯间接送等志愿服务。
以关怀残障人士为主题的木马童话黑暗餐厅创建16年来,先后有200多名视力障碍和肢体残疾人士在这里专职或兼职工作,餐厅连续7年为上万名无偿献血志愿者提供义餐服务,4000多名在校学生和餐厅顾客加入餐厅志愿服务,他们的志愿服务总时长近40万小时。
1、10月26日,在木马童话黑暗餐厅,视力障碍人士和志愿者一起观看无障碍电影。 新华社记者 殷刚 摄
2、10月26日,在木马童话黑暗餐厅,肢体残疾人士在观影后交流。新华社发(向兰兰摄)
