Connect with us

China

တရုတ်နိုင်ငံမှ Feng နှင့် Huang တို့က ပြင်သစ်အိုးပင်းကြက်တောင်ရိုက်ပြိုင်ပွဲ၌ ကျားမနှစ်ယောက်တွဲ ချန်ပီယံဆုရရှိ

ဂျာမနီနိုင်ငံ Muelheim မြို့တွင် ၂၀၂၃ ခုနှစ် ဂျာမနီအိုးပင်းကြက်တောင်ရိုက်ပြိုင်ပွဲ၌ Kim Won-ho နှင့် Jeong Na-eun တို့နှင့် ယှဉ်ပြိုင်ကစားရသည့် ကျားမနှစ်ယောက်ဗိုလ်လုပွဲအတွင်း အမှတ်ရရှိမှုအား အောင်ပွဲခံနေသည့် Huang Dongping (ဝဲဘက်) နှင့် Feng Yanzhe တို့အား ၂၀၂၃ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ Feng Yanzhe နှင့် Huang Dongping တို့က ပြင်သစ်အိုးပင်းကြက်တောင်ရိုက်ပြိုင်ပွဲ၌ ကျားမနှစ်ယောက်တွဲ ချန်ပီယံဆုကို အောက်တိုဘာ ၂၆ ရက်၌ ရရှိခဲ့ကြသည်။
မျိုးရိုးအမည်များကို ပေါင်းစပ်၍ “ဖီးနစ်ငှက်” ဟု အမည်ပေးထားသည့် ထိုတရုတ်ကြက်တောင်ရိုက်အားကစားသမားအတွဲက ထိုင်းနိုင်ငံမှ Dechapol Puavaranukroh နှင့် Supissara Paewsampran တို့အတွဲကို ရမှတ် ၂၇-၂၅၊ ၂၁-၁၂ တို့ဖြင့် ယခုရာသီ၌ ၎င်းတို့၏ သတ္တမမြောက်ချန်ပီယံဆုကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြိုင်ပွဲတွေပြိုင်စဉ် ကျွန်မတို့တွေ ကြုံရတဲ့ ပြဿနာတွေကို အတူတူ ဆက်တိုက်ခွဲခြားအဖြေရှာလာခဲ့ကြပါတယ်” ဟု Huang က ပြောကြားခဲ့သည်။ “သိပ်ကို ပင်ပန်းနေချိန်မျိုးမှာတောင် ကျွန်မတို့တွေက အနိုင်ရဖို့ စိတ်ပိုင်းဖြတ်မှုနဲ့ အနိုင်ရလိုစိတ်တွေကို ထိန်းထားဖို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သတိပေးခဲ့ကြပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

အမျိုးသမီး တစ်ဦးချင်းဗိုလ်လုပွဲ၌ ကမ္ဘာ့နံပါတ် ၁ ကြက်တောင်မယ်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှ An Se-young က တရုတ်ကြက်တောင်မယ် Wang Zhiyi ကို ရမှတ် ၂၁-၁၃၊ ၂၁-၇ တို့ဖြင့် ယခုရာသီ၌ ၎င်း၏ နဝမမြောက် ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။
“ကျွန်မရဲ့ ပြိုင်ဘက်က ဒီနေ့တကယ်ကို ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ၊ ကျွန်မခန္ဓာကိုယ်က ခြေကုန်လက်ပန်းကျနေခဲ့ပါတယ်” ဟု Wang က ပြောကြားခဲ့သည်။ “ကျွန်မ အချိန်ခဏကြာ အနားယူပြီး ပြန်လည်ကောင်းမွန်လာဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံမှ Li Yijing နှင့် Luo Xumin တို့က ဂျပန်နိုင်ငံမှ Yuki Fukushima နှင့် Mayu Matsumoto တို့ကို ရမှတ် ၂၁-၁၇၊ ၁၈-၂၁၊ ၁၅-၂၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အမျိုးသမီးနှစ်ယောက်တွဲချန်ပီယံဆုနှင့် လွဲချော်ခဲ့သည်။
ဒိန်းမတ်နိုင်ငံမှ Anders Antonsen က အိမ်ရှင်နိုင်ငံမှ ကြက်တောင်ရိုက်အကျော်အမော် Christo Popov ကို ရမှတ် ၂၁-၁၂၊ ၂၁-၁၉ ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားတစ်ဦးချင်းချန်ပီယံဆုကို ရရှိခဲ့သည်။

အမျိုးသားနှစ်ယောက်တွဲချန်ပီယံဆုကိုမူ အင်ဒိုနီးရှားနိုင်ငံမှ Fajar Alfian နှင့် Muhammad Shohibul Fikri တို့အား ရမှတ် ၁၀-၂၁၊ ၂၁-၁၃၊ ၂၁-၁၂ ဖြင့် အနိုင်ရရှိခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ Kim Won-ho နှင့် Seo Seung-jae တို့အတွဲက ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China’s Feng/Huang claim mixed doubles title at badminton French Open
BEIJING, Oct. 27 (Xinhua) — China’s Feng Yanzhe and Huang Dongping won the mixed doubles title at the badminton French Open on Sunday.
The Chinese pair, nicknamed the “Phoenix” combination from their surnames, beat Thailand’s Dechapol Puavaranukroh and Supissara Paewsampran 27-25, 21-12 to claim their seventh title of the season.
“Over the past few weeks, we’ve been continuously identifying and solving problems together during competitions,” said Huang. “Even when being extremely tired, we kept reminding each other to maintain the desire and determination to win.”
In the women’s singles final, world No. 1 An Se-young of South Korea defeated China’s Wang Zhiyi 21-13, 21-7 to secure her ninth title of the season.
“My opponent really performed better today, and I was physically exhausted,” Wang said. “I need some rest and recovery.”
China’s Li Yijing and Luo Xumin missed out on the women’s doubles title after losing to Japan’s Yuki Fukushima and Mayu Matsumoto 21-17, 18-21, 15-21.
Denmark’s Anders Antonsen won the men’s singles title with a 21-12, 21-19 victory over home favorite Christo Popov.
The men’s doubles title went to South Korea’s Kim Won-ho and Seo Seung-jae, who came from behind to beat Indonesia’s Fajar Alfian and Muhammad Shohibul Fikri 10-21, 21-13, 21-12. ■
English Caption
Huang Dongping (L) and Feng Yanzhe celebrate a point during their mixed doubles final win against Kim Won-ho and Jeong Na-eun at the 2023 German Open badminton tournament in Muelheim, Germany, March 12, 2023. (Xinhua/Ren Pengfei)