Connect with us

Europe

အမေရိကန် စည်းကြပ်ခွန်မူဝါဒကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်နိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်အား ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် စည်းကြပ်ခွန်မူဝါဒနှင့် ၎င်းကြောင့်ဖြစ်ပေါ်သော ကုန်သွယ်ရေးစစ်ပွဲများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအား ဆုတ်ယုတ်ခြင်းသို့ တွန်းအားပေးနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အောက်တိုဘာ ၂၇ ရက်က ပြောကြားခဲ့သည်။

Zakharova က လက်ရှိအခြေအနေအရ ဆိုရလျှင် အမေရိကန်စည်းကြပ်ခွန်မူဝါဒသည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်အပေါ် သက်ရောက်မှုရှိပြီး အများအားဖြင့် နိုင်ငံအသီးသီး ချမှတ်သော တုံ့ပြန်မှု အစီအမံများအပေါ် မူတည်ကြောင်း၊ “အမေရိကန်ထုတ်ကုန်တွေအတွက်ပဲ စည်းကြပ်ခွန် လျှော့ချတာက အခြားနိုင်ငံတွေထက် အမေရိကန်လူမျိုးတွေမှာ ပြိုင်ဆိုင်မှုအားသာချက်ရှိတယ်၊ ဒါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်” ဟူ၍ ပြောကြားခဲ့ကြောင်း ရုရှား TASS သတင်းဌာန ဖော်ပြချက်အရ သိရသည်။

အမေရိကန်၏ မြင့်မားသောစည်းကြပ်ခွန်များက ငြင်းပယ်လိုက်သော ကုန်ပစ္စည်းများ ပြည်တွင်း ဈေးကွက်သို့ အလွန်အကျွံ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် နိုင်ငံအသီးသီးသည် ၎င်းတို့နိုင်ငံ စည်းကြပ်ခွန်များကို သိသိသာသာမြှင့်တင်ထားနိုင်ပြီး ကာကွယ်ရေးအစီအမံများကို ချမှတ်နိုင်ကြောင်း၊ ယင်းရလဒ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည် စီးဆင်းမှုလားရာ ပြောင်းလဲခြင်း၊ နိုင်ငံတကာကုန်သွယ်မှု အတိုင်းအတာ ကျဆင်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း Zakharova က ထောက်ပြခဲ့သည်။ “ဒီလို အခြေအနေတွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆုတ်ယုတ်ခြင်းတွေ ဖြစ်စေနိုင်တယ်” ဟု ၎င်းက ဆိုခဲ့သည်။

လတ်တလောတွင် အမေရိကန်သည် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို သိသိသာသာ မြှင့်တင်ခဲ့ပြီး ၎င်း၏ အဓိကအစီအမံများမှာ ရုရှားစီးပွားရေးပင်မထောက်တိုင်ဖြစ်သော စွမ်းအင်လုပ်ငန်းကဏ္ဍကို ပစ်မှတ်ထားသော အတိအကျ အရေးယူပိတ်ဆို့မှုများဖြစ်သည်။
ဥရောပသမဂ္ဂသည် ရုရှားအပေါ် ၁၉ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို တရားဝင် အတည်ပြုပြီး ယင်းတွင် အသစ်ထပ်တိုးသော တစ်ခုချင်းအရေးယူပိတ်ဆို့မှု ၆၉ ခုနှင့် စီးပွားရေး ကန့်သတ်မှု အစီအမံများစွာပါဝင်ပြီး အဓိကအားဖြင့် ရုရှား၏ စွမ်းအင်၊ ဘဏ္ဍာရေးနှင့် စစ်ဘက် စက်မှုကဏ္ဍများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဥရောပကောင်စီ၏ မကြာသေးမီရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ယခုနှစ် မတ်လတွင် အမေရိကန်ကလည်း ရုရှားရေနံ ဝယ်ယူသူများအား “ဒုတိယအဆင့် စည်းကြပ်ခွန်” ကောက်ခံနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးသည်။ ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က အမေရိကန်နှင့် ဥရောပ၏ ရုရှားအပေါ် ချမှတ်သည့် ပိတ်ဆို့အရေးယူမှုအသစ်များသည် ရုရှား-အမေရိကန် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးကို ရှုပ်ထွေးစေသည်ဟု အောက်တိုဘာ ၂၆ ရက်က မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
俄外交部发言人:美关税政策可致全球经济衰退
新华社莫斯科10月28日电(记者张继业)俄罗斯外交部发言人扎哈罗娃27日说,美国关税政策及其引发的贸易战可能将全球经济推向衰退。
据塔斯社报道,扎哈罗娃说,就目前形势而言,美国关税政策对多边贸易体系造成的影响,很大程度取决于各国所采取的应对措施。“仅对美国产品降低关税,使美国人为获得相对于其他国家的竞争优势,违反了世界贸易组织规则。”
扎哈罗娃指出,为防止被美国用高关税拒之门外的商品过度涌入本国市场,各国可能会大幅提高本国关税并采取保护措施。其结果将是全球产业链和供应链重组,全球商品流向发生变化,国际贸易规模下降,全球通胀上升。她说:“这种情况可能导致全球性衰退。”
美国近期显著加强了对俄罗斯制裁力度,其核心措施为针对俄罗斯经济支柱能源行业的精准制裁。欧盟理事会日前发布公报说,欧盟正式通过第19轮对俄制裁,其中包括新增69项单独制裁和多项经济限制措施,主要针对俄能源、金融和军工领域。今年3月,美国还曾威胁可能对俄罗斯石油买家征收“二级关税”。俄罗斯总统新闻秘书佩斯科夫26日接受媒体采访时说,美国和欧洲对俄罗斯实施的新制裁使俄美关系修复复杂化。(完)
图说:这是2025年4月24日在俄罗斯首都莫斯科拍摄的克里姆林宫。新华社发(亚历山大摄)