China
တရုတ်နိုင်ငံ၏ ကွမ်ကျိုးနှင့် ဝူရှီးမြို့တို့က ယူနက်စကို ဖန်တီးမှုမြို့များကွန်ရက်၌ ပါဝင်လာ
ပါရီ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကွမ်ကျိုးမြို့နှင့် ဝူရှီမြို့တို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ ဖန်တီးမှုမြို့များကွန်ရက်တွင် ထည့်သွင်းလိုက်ကြောင်း ယူနက်စကိုက အောက်တိုဘာ ၃၁ ရက်၌ သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကြေညာခဲ့သည်။
ယူနက်စကိုသည် ကမ္ဘာ့မြို့များနေ့ အထိမ်းအမှတ်အဖြစ် ချွမ်ကျိုးနှင့် ဝူရှီးမြို့ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ မြို့သစ် ၅၈ မြို့အား ကွန်ရက်အတွင်း ထည့်သွင်းခြင်းဖြင့် ၎င်း၏ ဖန်တီးမှုမြို့များကွန်ရက်ကို တိုးချဲ့ခဲ့သည်။
ကွန်ရက်တွင် ဗိသုကာ၊ လက်မှုပညာနှင့် ရိုးရာအနုပညာ၊ မီဒီယာအနုပညာ၊ ဒီဇိုင်း၊ ရုပ်ရှင်၊ အစားအသောက်၊ စာပေနှင့် ဂီတဟူ၍ နယ်ပယ်ရှစ်ခု ပါဝင်သည်။ ချွမ်ကျိုးမြို့ကို “အစားအသောက် ဖန်တီးမှုမြို့” အဖြစ် သတ်မှတ်ခဲ့ပြီး ဝူရှီးကို “ဂီတ ဖန်တီးမှုမြို့” အဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ မြို့နှစ်မြို့စလုံးသည် ၎င်းတို့၏ တက်ကြွသော ယဉ်ကျေးမှုဘဝ၊ ဖန်တီးမှုကဏ္ဍများအတွက် တက်ကြွစွာ ပံ့ပိုးမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်သော ချဉ်းကပ်မှုများကြောင့် ထင်ရှားသည်။
အဆိုပါ မြို့များထပ်တိုးမှုများဖြင့် ကွန်ရက်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ မြို့ပေါင်း ၄၀၈ မြို့ ပါဝင်ပြီး အားလုံးမှာ ဖန်တီးမှုလုပ်ငန်းများနှင့် ယဉ်ကျေးမှုဘဝ တိုးတက်စေရန် ၎င်းတို့၏ တစ်စိုက်မတ်မတ် ဆောင်ရွက်ချက်များအတွက် အသိအမှတ်ပြုခံရခြင်းဖြစ်ကြောင်း ယူနက်စကိုက ထုတ်ပြန်ခဲ့သည်။
၂၀၀၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် ယူနက်စကို ဖန်တီးမှုရှိသော မြို့များကွန်ရက်သည် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးချသည့် မြို့များအား အလုပ်အကိုင်များ ဖန်တီးပေးရန်၊ စီးပွားရေးတိုးတက်မှု မြှင့်တင်ပေးရန်နှင့် လူမှုရေးစည်းလုံးညီညွတ်မှု ခိုင်မာစေရန်အတွက် ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပညာရှင်များ ပံ့ပိုးပေးခြင်း၊ ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံခြင်းတို့ဖြင့် ပံ့ပိုးပေးလျက်ရှိသည်။
ပေကျင်း၊ ရှန်ဟိုင်းနှင့် ဝူဟန့်အပါအဝင် အခြား တရုတ်မြို့များစွာကလည်း ၎င်းကွန်ရက်တွင် ပါဝင်နှင့်ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Quanzhou, Wuxi join UNESCO Creative Cities Network
PARIS, Oct. 31 (Xinhua) — Chinese cities Quanzhou and Wuxi have been added to the Creative Cities Network of the United Nations Educational, Scientific and Cultural Organization (UNESCO), the UN agency announced Friday in a press release.
UNESCO expanded its Creative Cities Network on the occasion of World Cities Day with the addition of 58 new cities around the world, including Quanzhou and Wuxi.
The Network encompasses eight creative fields: architecture, crafts and folk art, media arts, design, film, gastronomy, literature, and music. Quanzhou was designated a “Creative City of Gastronomy,” while Wuxi was named a “Creative City of Music.” Both cities stand out for their vibrant cultural life, active support for creative sectors, and innovative approaches to urban development.
With these additions, the Network now includes 408 cities across more than 100 countries, all acknowledged for their commitment to advancing creative industries and cultural life, UNESCO said.
Launched in 2004, the UNESCO Creative Cities Network supports cities that leverage culture and creativity to create jobs, boost economic growth, and strengthen social cohesion by promoting skills, supporting creative professionals, and engaging local communities.
Several other Chinese cities – including Beijing, Shanghai, and Wuhan – have also joined the Network. ■
English Caption
A tourist wearing a flowery headwear gets her makeup done at a travel photography studio at Xunpu Village of Quanzhou City, southeast China’s Fujian Province, Aug. 18, 2025. (Xinhua/Lin Shanchuan)
