Africa & Middle East
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ငလျင်ကြောင့် သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၀ ခန့် ရှိ
ကဘူးလ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၈ ဦးထက်မနည်းနှင့် ဒဏ်ရာရရှိသူ ၂၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ဒေသန္တရအစိုးရ အရာရှိက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Samangan ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲ Qari Lutfullah Habibi က အဆိုပါပြည်နယ် မြို့တော် Aybak တွင် သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိကြောင်း၊ အဆိုပါပြည်နယ် Hazrat Sultan ဒေသတွင် သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅ ဦး ရှိကြောင်း၊ ကပ်လျက်တည်ရှိသည့် Balkh ပြည်နယ် Khulm ဒေသတွင် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိသည်ဟု အစီရင်ခံတင်ပြထားကြောင်း ပြောကြားခဲ့သည်ဟု အာဖဂန်နစ္စတန် မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ ဒေသန္တရအစိုးရက ငလျင်ဒဏ်သင့်ဒေသ၏ ဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ စာရင်းကောက်ယူထားသည့် ထိခိုက်သေဆုံးသူအရေအတွက်သည် တစ်ဆင့်တိုးမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
阿富汗北部地震已致8人死亡约200人受伤
新华社喀布尔11月3日电(记者李昂)阿富汗地方政府官员3日说,该国北部当天凌晨发生的6.3级地震已造成至少8人死亡、约200人受伤。
据阿富汗媒体报道,阿北部萨曼甘省公共卫生局局长卡里·卢特富拉·哈比比说,该省首府艾巴克有1人死亡、逾100人受伤;该省哈兹拉特苏丹地区有1人死亡、15人受伤;在邻近的巴尔赫省,胡勒姆地区已报告6人死亡、70余人受伤。
阿地方政府表示,随着地震灾区通信恢复,统计的伤亡人数可能进一步上升。(完)
