Economy
၁၃၈ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ ကျင်းပပြီးစီး၊ ပြပွဲသို့လာရောက်သည့် ဝယ်ယူသူ နိုင်ငံခြားကုန်သည်ပေါင်း ၃၁၀,၀၀၀ ဖြင့် စံချိန်သစ်တင်
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) သည် နိုဝင်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ်ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၂၂၃ ခုမှ ဝယ်ယူသူ နိုင်ငံခြား ကုန်သည်စုစုပေါင်း ၃၁၀,၀၀၀ ကျော် တက်ရောက်ခဲ့ရာ ယမန်အကြိမ်ပြပွဲထက် ၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ထပ်မံစံချိန်သစ်တင်ခဲ့သည်။ ပြပွဲခန်းမတွင် တင်ပို့ရန်ဆန္ဒရှိမှုအတွက် သဘောတူညီချက် ရရှိခဲ့သည့်ပမာဏသည် အမေရိကန်ဒေါ်လာ ၂၅.၆၅ ဘီလီယံ ရှိကြောင်းသိရသည်။ ယခုအကြိမ်ပြပွဲတွင် ဥရောပသမဂ္ဂ၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်၊ ဘရာဇီးမှ ဝယ်ယူသူကုန်သည်များ သိသိသာသာ တိုးပွားလာကြောင်း၊ ၎င်းအနက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်သည့် နိုင်ငံများမှ လာရောက်သည့် ဝယ်ယူသူကုန်သည်မှာ ၂၁၄,၀၀၀ ရှိပြီး ၉.၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ပြပွဲတွင် ပါဝင်ပြသသည့် အစုအဖွဲ့နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်သည့် နိုင်ငံများ၏ တင်ပို့ရန် သဘောတူညီချက်ရရှိမှုသည် ၆၀ ရာခိုင်နှုန်းထက်ကျော်ပြီး သမားရိုးကျဈေးကွက်တွင် သဘောတူညီချက် ရရှိမှုသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း ကြီးမှူးကျင်းပသူ၏ စာရင်းကောက်ယူချက်အရ သိရသည်။

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) တတိယအဆင့်တွင် ပါဝင်ပြသသူများ ဖလှယ်ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယခုအကြိမ် ပြပွဲတွင်တွင် ကုန်ပစ္စည်းအသစ်ထုတ်ပြန်သည့် လှုပ်ရှားမှုအစီအစဉ် ၆၃၂ ပွဲ ကျင်းပခဲ့သည်။ ပါဝင်ပြသသည့် ကုန်ပစ္စည်း ၄.၆ သန်းတွင၁၃၈ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲသည် ဆန်းသစ်တီထွင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် QR Code သက်သေခံလက်မှတ်စနစ်ကို အသုံးပြုခဲ့ရာ အမြန်ဆုံး စက္ကန့် ၃၀ အတွင်း မြန်နှုန်းမြင့် သက်သေခံလက်မှတ် ပြုလုပ်ခြင်းကို ဖော်ဆောင်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် “Bluetooth + 5G + Beidou” နည်းပညာအား အသုံးပြုထားသော ပြခန်းအဆင့် တည်နေရာပြစနစ်အား မိတ်ဆက်ခဲ့ရာ AI ဖြင့် ပြခန်းလှည့်ပတ်ကြည့်ရှုခြင်း၊ စမတ်နည်းဖြင့် လမ်းညွှန်ခြင်း စသည့် အဆောက်အဦများကို အဆင့်မြှင်တင်လိုက်ပြီး “ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လမ်းညွှန်ပေးခြင်း၊ ကုတ်တစ်ခုဖြင့် ပြခန်းများကြည့်ရှုခြင်း” ကို ဖော်ဆောင်လိုက်သောကြောင့် စုစုပေါင်း အသုံးပြုသူအကြိမ်ရေ ၄၇၇,၀၀၀ ကို ဆွဲဆောင်နိုင်ခဲ့သည်။

ကွမ်ကျိုးကုန်စည်ပြပွဲကို ၁၉၅၇ ခုနှစ်တွင် စတင်ထူထောင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၏ လက်ရှိတိုင် သမိုင်းအရှည်ကြာဆုံး၊ ပမာဏအကြီးမားဆုံး၊ ကုန်ပစ္စည်းအမျိုးအစား အစုံလင်ဆုံး၊ ပြပွဲတက်ရောက်သည့် ဧည့်သည်ကုန်သည်အများဆုံး၊ အရောင်းအဝယ်ဖြစ်မှု ရလဒ်အကောင်းဆုံးသော ဘက်စုံနိုင်ငံတကာ ကုန်သွယ်ရေး ကုန်စည်ပြပွဲဖြစ်ရာ “တရုတ်နိုင်ငံ၏ နံပါတ်တစ် ပြပွဲ” ဟု တင်စားခေါ်ဝေါ်ခံရပြီး တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေး၏ “အခြေအနေပြကိရိယာ” နှင့် “ဦးတည်ချက်လားရာပြကိရိယာ” အဖြစ် ရှုမြင်ခြင်းခံရသည်။ (Xinhua)
———————————-
(Chinese Version)
第138届广交会闭幕 到会境外采购商超31万人创新高
新华社广州11月4日电(记者洪泽华、丁乐)第138届中国进出口商品交易会(广交会)4日于广州闭幕。本届展会共有来自223个国家和地区的超31万名境外采购商到会,较上届增长7.5%,再创历史新高。现场意向出口成交额达256.5亿美元。
据主办方统计,本届展会上,来自欧盟、中东以及美国、巴西的采购商增长明显。其中,“一带一路”共建国家采购商到会21.4万人,增长9.4%。参展主体与“一带一路”共建国家的出口成交占比超六成,传统市场成交保持稳定。
本届展会共举办了632场新品发布活动。新产品、绿色产品和自主知识产权产品在460万件展品中占比均超过20%。具身机器人、脑机接口设备、生物基材料、AI智能康复设备、3D打印等成为备受欢迎的展品。
第138届广交会创新升级,首次采用二维码证件形式,实现了最快30秒快速制证,比以往速度提升6倍;首次推出采用“蓝牙+5G+北斗”技术的展位级导航,升级AI逛展、智能指路等设施,实现“一键导航、一码逛展”,累计吸引47.7万人次使用。
广交会创办于1957年,是中国目前历史最长、规模最大、商品种类最全、到会客商最多、成交效果最好的综合性国际贸易展会,被称为“中国第一展”,被视为中国外贸的“晴雨表”和“风向标”。(完)
1、11月4日拍摄的第138届广交会现场。新华社记者 洪泽华 摄
2、11月2日,采购商在第138届广交会第三期与参展商交流。新华社记者 洪泽华 摄
