North America
အမေရိကန်က အတောမသတ်နိုင်သည့် ပါတီအားပြိုင်မှုများကြား အစိုးရယန္တရား “ရပ်ဆိုင်းမှု” အကြာရှည်ဆုံး စံချိန်တင်ခဲ့
ဝါရှင်တန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက် ၀ နာရီတွင် အမေရိကန် ဖက်ဒရယ်အစိုးရက မြို့တော်ဝါရှင်တန်၏ အေးခဲလှသော ဆောင်းဦးအငွေ့အသက်များကြားတွင် အစိုးရယန္တရား “ရပ်ဆိုင်းမှု” မှာ ၃၆ ရက်မြောက်သို့ ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့သည့် ၇ နှစ်က စံချိန်ကိုချိုးကာ အမေရိကန်သမိုင်းတွင် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်တိုက်ကြာချိန် အကြာရှည်ဆုံး ဖြစ်လာခဲ့သည်။အမေရိကန် အထက်လွှတ်တော်သည် နိုဝင်ဘာ ၄ ရက်တွင် အစိုးရယန္တရား “ရပ်ဆိုင်းမှု” အကျပ်အတည်းနှင့် စပ်လျဉ်းသည့် ယာယီအသုံးစရိတ် ဥပဒေကြမ်းအား ၁၄ ကြိမ်မြောက် မဲခွဲဆုံးဖြတ်ခဲ့ရာ အတည်ပြုရန် လိုအပ်သည့် ထောက်ခံဆန္ဒမဲ ၆၀ ရရှိခဲ့ခြင်းမရှိပေ။ ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ရပ်သည် ဆက်လက်အပြန်အလှန်အပြစ်တင်၍ အလျှော့ပေးမည့် အရိပ်အယောင် မတွေ့ရသေးပေ။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Hyattsville မြို့တွင် အစိုးရဝန်ထမ်းများက အခမဲ့စားသောက်ဖွယ်ရာများ ရယူနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၁၉၈၀ ပြည့်နှစ်မှစ၍ အမေရိကန်သည် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၁၅ ကြိမ်ဖြစ်ခဲ့ပြီးဖြစ်သည်။ ယခုမတိုင်မီ အကြာရှည်ဆုံး “ရပ်ဆိုင်း” သည့်မှတ်တမ်းမှာ ၂၀၁၈ ခုနှစ် နှစ်ကုန်မှ ၂၀၁၉ ခုနှစ် နှစ်ဆန်းအထိဖြစ်သော ၃၅ ရက်ကြာ ရပ်ဆိုင်းမှုဖြစ်သည်။
အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် သီတင်းပတ် ၆ ပတ်ဆက်တိုက်ဖြစ်ပါက စီးပွားရေးအရ နစ်နာဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်ပြီး စတုတ္ထသုံးလပတ် အမေရိကန်၏ လက်တွေ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တစ်နှစ်တိုးတက်မှုနှုန်း မျှော်မှန်းချက်အနေဖြင့် ၁ ရာခိုင်နှုန်းပွိုင့်မှ ၂ ရာခိုင်နှုန်းပွိုင့်အထိ လျော့နည်းသွားမည်ဟု အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးက မကြာသေးမီက ပြောကြားခဲ့သည်။

စံချိန်တင်သည့် အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အမေရိကန်၏ လေကြောင်းပို့ဆောင်ရေး လုံခြုံမှု၊ စားနပ်ရိက္ခာ ကူညီမှု စသည့် ပြည်သူ့လူနေမှုဘဝကဏ္ဍများကို ပြင်းပြင်းထန်ထန် ထိုးနှက်လျက်ရှိသည်။ လက်ရှိတွင် အမေရိကန် နိုင်ငံတစ်ဝန်း၌ နေ့စဉ် လေကြောင်းခရီးစဉ် အကြိမ်ရေ ထောင်ချီ နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဖြစ်ပွားလာသည့်အချိန်မှစ၍ အမေရိကန်ခရီးသွားဧည့်သည်ပေါင်း ၃.၂ သန်းကျော်သည် လေကြောင်းခရီးစဉ် နှောင့်နှေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကြောင့် သက်ရောက်မှုဖြစ်ခဲ့ကြောင်း အမေရိကန်လေကြောင်းအသင်း၏ အချက်အလက်များက ဖော်ပြထားသည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားပါက အမေရိကန်အနေဖြင့် ဝေဟင်ပိုင်နက်အချို့အား မဖြစ်မနေ ပိတ်ရနိုင်ခြေရှိကြောင်း အမေရိကန် ပို့ဆောင်ရေးဝန်ကြီး Sean Duffy က သတိပေး ပြောကြားခဲ့သည်။
ချီကာဂိုမြို့ပြင် စားနပ်ရိက္ခာ ကူညီရေးဌာနတစ်ခုတွင် နိုဝင်ဘာ ၄ ရက်က လူတန်းရှည်ကြီး တန်းစီခဲ့သည်။ စားနပ်ရိက္ခာပစ္စည်းစင်တွင် ပစ္စည်းများကုန်သွားပြီဖြစ်ရာ နိုဝင်ဘာ ၅ ရက်မှစ၍ ခွဲဝေပေးရန် စားနပ်ရိက္ခာ ရှိတော့မည်မဟုတ်ဟု ဝန်ထမ်းများက ဆိုသည်။
အသုံးစရိတ်ကုန်သွားခြင်းကြောင့် လူပေါင်း ၄၂ သန်းခန့် ပါဝင်ထားသည့် အမေရိကန် ဖက်ဒရယ် စားနပ်ရိက္ခာ ကူညီရေးစီမံကိန်း “ဖြည့်စွက်အာဟာရ ကူညီရေးအစီအစဉ်” သည် နိုဝင်ဘာ ၁ ရက်မှစ၍ ထောက်ပံ့ကြေး ထုတ်ဝေပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။ ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်းတစ်သန်းကျော်သည် လစာမရခြင်းကြောင့် အချို့သောသူများသည် အကူအညီပေးသည့် စားနပ်ရိက္ခာအား မဖြစ်မနေတန်းစီယူနေရသည်။
အမေရိကန် Politico ဂျာနယ်က “သမိုင်းတွင် အရှည်ကြာဆုံး အစိုးရယန္တရား ရပ်ဆိုင်းမှု” ကို “အလွန်အမင်း အကျည်းတန်တဲ့ မှတ်တမ်း” ဟု တင်စားဖော်ပြထားသည်။
ဝါရှင်တန်မြို့ဒေသခံ လူနာကလည်း ပါတီနှစ်ရပ်ဆက်လက်ပြီး အားပြိုင်မှုများ လုပ်ဆောင်နေမည်ဆိုပါက “ဘာမှ ပြောင်းလဲလာမှာမဟုတ်ဘဲ ပြဿနာဖြေရှင်းမှုကိုပဲ ပိုမိုခက်ခဲလာစေမှာပါ” ဟု ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
အမေရိကန် Gallup အတိုင်ပင်ခံကုမ္ပဏီ၏ နောက်ဆုံး ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်အရ ပြည်သူများက လွှတ်တော်အပေါ် ထောက်ခံအားပေးမှုနှုန်းသည် ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တွေ့ရသည်။ အခြားပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်တစ်ခုအရ စစ်တမ်းဖြေကြားသူပေါင်း ၆၀ ရာခိုင်နှုန်းကျော်က ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်သည် ပြည်သူများ၏ လက်တွေ့အကျိုးစီးပွားအား ဂရုစိုက်ခြင်းမရှိဟု ယူဆကြသည်။
ဟားဗက်တက္ကသိုလ် ကနေဒီကျောင်း Linda Bilmes က စနစ်အလုပ်မလုပ်ခြင်းသည် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၏ အရင်းခံအကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် Brookings Institution သုတေသနဌာနမှ အဆင့်မြင့်သုတေသီ Darrell West ကမူ ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အမေရိကန်နိုင်ငံရေး ထူးချွန်သူများ၏ “အစွမ်းအစမဲ့မှု” ကို ထင်ဟပ်စေပြီး “အမေရိကန်က ကိုယ့်ဘာသာကိုယ် ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ မသိဘူး” ဟူသည်ကို တစ်ကမ္ဘာလုံးက တွေ့မြင်သွားခဲ့သည်ဟု တည့်တိုးပြောကြားခဲ့သည်။ (Xinhua)
#US #GovernmentShutDown #Record #အမေရိကန် #အစိုးရယန္တရားရပ်ဆိုင်းမှု #စံချိန်တင်
————————————–
(Chinese Version)
美国在无休止党争中创下政府“停摆”最长纪录
新华社华盛顿11月5日电(记者熊茂伶 杨伶)当地时间5日零时,美国联邦政府在首都华盛顿的深秋寒意中进入“停摆”第36天,打破近7年前纪录,成为美国历史上持续时间最长的联邦政府“停摆”。
美国国会参议院4日就政府“停摆”危机相关的临时拨款法案进行第14次投票,但未获通过所需的60票赞成。共和、民主两党继续互相指责,妥协迹象依然未现。
自1980年以来,美国已出现15次政府“停摆”。此前最长“停摆”纪录是2018年底至2019年初的35天。
美国国会预算办公室日前表示,“停摆”若持续6周,经济损失将上升到110亿美元,预计四季度美国实际国内生产总值(GDP)的年增长率将下降1至2个百分点。
创纪录“停摆”严重冲击美国航空安全、食品救济等民生领域。目前,全美每天有数千架次航班延误。美国航空协会数据显示,自“停摆”以来,已有超过320万美国旅客受航班延误或取消影响。美国交通部长肖恩·达菲警告,如果“停摆”持续,美国可能被迫关闭部分空域。
芝加哥市郊一处食品救济处4日排起长龙。工作人员说,食品货架已告罄,5日起恐将没有食品可发放。
因资金耗尽,约4200万人参与的美国联邦食品救济项目“补充营养援助计划”本月1日起暂停发放救济金。超过百万联邦雇员被拖欠工资,其中一些人不得不排队领取救济食品。
“极不光彩的纪录!”美国《政治报》如此形容“史上最长停摆”。
华盛顿居民卢娜对新华社记者表示,两党一直这样争斗下去,“什么都不会改变,只会让解决问题变得更困难”。
美国盖洛普咨询公司最新民调显示,民众对国会的支持率下跌至15%。另一项民调显示,超六成受访者认为民主、共和两党并不关心民众切身利益。
哈佛大学肯尼迪学院公共政策教授琳达·比尔姆斯说,制度失灵是联邦政府“停摆”的根本原因。美国布鲁金斯学会高级研究员达雷尔·韦斯特直言,联邦政府“停摆”反映出美国政治精英“无能”,全世界都看到“美国不知道如何治理自己”。(完)
1、这是11月4日拍摄的美国华盛顿白宫外景。新华社记者 胡友松 摄
2、10月21日,在美国马里兰州海厄茨维尔市,联邦雇员领取免费食品。新华社记者李睿摄
