Politics, Law & Military
လီချန်နှင့် နိုင်ဂျီးရီးယားနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Abbas Tajudeen တွေ့ဆုံဆွေးနွေး
ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တက်ရောက်သည့် နိုင်ဂျီးရီးယားနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Abbas Tajudeen တို့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံသည် နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရေးရှိကြသည့် ညီအစ်ကိုကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ကြကြောင်း၊ ယခုနှစ်များတွင် နှစ်ဖက်အတူတကွကြိုးပမ်းမှုဖြင့် တရုတ်-နိုင်ဂျီးရီးယားဆက်ဆံရေး တိုးတက်မှုသည် “အမြန်လမ်း” သို့ ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ် စက်တင်ဘာလက သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Bola Tinubu နှင့် ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ဂျီးရီးယားနိုင်ငံနှင့်အတူ ခေတ်မီအသွင်ပြောင်းရေး တွန်းအားပေးသည့် လမ်းကြောင်းပေါ်တွင် ဆက်လက် ရှေ့သို့ လက်တွဲ လျှောက်လှမ်းသွားရန်၊ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ရန်၊ ဘက်စုံထောင့်စုံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ လက်တွေ့အောင်မြင်မှုရလဒ်များကို ဆွတ်ခူးကာ နှစ်နိုင်ငံ လူမှုစီးပွားကဏ္ဍတည်ဆောက်မှုကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-နိုင်ဂျီးရီးယားသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည့်နည်းတူ များပြားလှသော လူဦးရေပမာဏ၊ ကြီးမားလှသော ဖွံ့ဖြိုးတိုးတက်ရေးအလားအလာများရှိကြကြောင်း၊ နှစ်နိုင်ငံစီးပွားရေးဖွဲ့စည်းပုံသည် အတော်အသင့်အားကောင်းသည့် အပြန်အလှန်ဖြည့်စွက်မှုရှိကြရာ ပူးပေါင်းဆောင်ရွက်ရေးချိတ်ဆက်မှုကို တစ်ဆင့်တိုးနီးကပ်စေခြင်းမှတစ်ဆင့် ပို၍ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေးစုပေါင်းအင်အားကို စုစည်းနိုင်ကြောင်း လီချန်က ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ဂျီးရီးယားနိုင်ငံနှင့်အတူ တရုတ်-အာဖရိက “မိတ်ဖက်လှုပ်ရှားမှု ၁၀ ရပ်” ကို တက်ကြွစွာ ဖော်ဆောင်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” ကို အရည်အသွေးမြင့် အတူတည်ဆောက်သွားလိုကြောင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်း လက်မှတ်ထိုးခြင်းမှတစ်ဆင့် နိုင်ဂျီးရီးယားတွင် အခွန်သုညအစီအမံ ဆောလျင်စွာ ဖော်ဆောင်ရေး တွန်းအားပေးရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သတ္တုလုပ်ငန်း၊ အခြေခံအဆောက်အဦ၊ လူမှုဘဝ စသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန်၊ သန့်ရှင်းစွမ်းအင်၊ လျှပ်စစ်ကား၊ ဉာဏ်ရည်တု၊ ဇီဝသိပ္ပံနည်းပညာ စသည့် ထွန်းသစ်စ ထုတ်လုပ်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့ရန် ဆောင်ရွက်သွားလိုကြောင်း၊ နိုင်ငံတကာနှင့် ဒေသရေးရာကိစ္စရပ်များတွင် နိုင်ဂျီးရီးယားနိုင်ငံ၏ ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်မှုအပေါ် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ BRICS ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စသည့် နိုင်ငံစုံယန္တရားများတွင် တရုတ်နိုင်ငံက နိုင်ဂျီးရီးယားနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း ပူးတွဲကာ ကိုယ်ပိုင်အင်အားတောင့်တင်းမှု ဖော်ဆောင်ရေးကို တွန်းအားပေးရန်၊ ကမ္ဘာဗဟုဝင်ရိုးအသွင်ပြောင်းရေးနှင့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းရေးကို အတူတကွ မြှင့်တင်ကာ ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Abbas Tajudeen က လက်ရှိ ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုနှင့် မသေချာမရေရာမှုများ အရှိန်အဟုန်မြင့်ဖြစ်ပေါ်လျက်ရှိသော နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို ဆက်တိုက်ကျင်းပခဲ့ရာ တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ကမ္ဘာနှင့်မျှဝေကာ ဘုံဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်သည့် အားထုတ်မှုကို ထင်ရှားစွာ ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည့်နည်းတူ သံတမန်ဆက်ဆံရေး ထူထောင်သည့်အချိန်မှစ၍ အစဉ်သဖြင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အားပေးထောက်ခံမှု ရှိပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအရှိန်အဟုန်သည် အားကောင်းလျက်ရှိကြောင်း၊ နိုင်ဂျီးရီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းမည်ဖြစ်သလို တရုတ်နိုင်ငံ၏ နိုင်ငံ့အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအပေါ် ကာကွယ်ထိန်းသိမ်းသည့် ကြိုးပမ်းမှုများကို အခိုင်အမာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်ရေးကို မြှင့်တင်ရန်၊ ကုန်သွယ်စီးပွား၊ အခြေခံအဆောက်အဦ၊ စွမ်းအင် စသည့် ကဏ္ဍများ၌ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို နီးကပ်အောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နိုင်ဂျီးရီးယားလွှတ်တော်အနေဖြင့် နိုင်ဂျီးရီးယား-တရုတ် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် ထောက်ခံအားပေး၍ အာမခံမှုများ ပံ့ပိုးသွားရန်၊ နိုင်ဂျီးရီးယား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပို၍အဆင့်မြင့်မားမှုဆီသို့ စဉ်ဆက်မပြတ်တက်လှမ်းရေး တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ချန်ကျီနင်၊ ဝူကျိန့်လုန် တက်ရောက်ခဲ့သည်။ (Xinhua)
#China #PM #LiQiang #Nigeria #တရုတ် #ဝန်ကြီးချုပ် #လီချန် #နိုင်ဂျီးရီးယား
——————————-
(Chinese Version)
第八届进博会|李强会见尼日利亚众议长塔杰丁
新华社上海11月4日电(记者有之炘、邵艺博)11月4日下午,国务院总理李强在上海会见来华出席第八届中国国际进口博览会的尼日利亚众议长塔杰丁。
李强表示,中国同尼日利亚是有着深厚传统友谊的好兄弟、好伙伴。近年来,在双方共同努力下,中尼关系发展进入“快车道”。去年9月,习近平主席同提努布总统在北京举行会晤,推动两国关系迈入全面战略伙伴关系的新阶段。中方愿同尼方在推进现代化的道路上持续携手前行,加强发展战略对接,拓展全方位合作,取得更多实际成果,更好服务两国经济社会建设。
李强指出,中尼同为发展中国家,都有庞大的人口规模、巨大的发展潜力,两国经济结构有较强的互补性,通过进一步拉紧合作纽带,就能汇聚更大发展合力。中方愿同尼方积极落实中非“十大伙伴行动”,高质量共建“一带一路”,通过商签共同发展经济伙伴关系协定,推动零关税举措在尼日利亚早日落地,提升两国贸易、投资、农业、矿业、基建、民生等领域合作水平,拓展清洁能源、电动车、人工智能、生物科技等新兴产业合作。中方支持尼日利亚在国际和地区事务中发挥更大作用,愿同尼方在金砖国家、联合国、世贸组织等多边机制加强协调配合,推动全球南方联合自强,共同推进世界多极化和经济全球化,构建更加公正合理的全球治理体系。
塔杰丁表示,在当前全球不稳定性不确定性上升的背景下,中国连续举办进博会,彰显了中国致力于同世界分享发展机遇、促进共同发展。尼中同为发展中国家,建交以来始终相互尊重、相互支持,两国关系发展势头强劲。尼方坚定恪守一个中国原则,坚定支持中国维护国家主权和领土完整的努力,愿同中方加强治国理政经验交流,拓展经贸、基建、能源等领域互利合作,密切人文交流。尼议会愿为尼中各领域合作提供有力支持和保障,推动尼中全面战略伙伴关系不断迈向更高水平。
陈吉宁、吴政隆参加会见。(完)
1. 11月4日下午,国务院总理李强在上海会见来华出席第八届中国国际进口博览会的尼日利亚众议长塔杰丁。 新华社记者 黄敬文 摄
