Connect with us

International Organizations

ရီးရဲလ်မက်ဒရစ်နှင့် ပြင်သစ်အသင်းတို့အတွက် ချူအာမီနီ၏ ဒဏ်ရာပြဿနာ

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်ရှိ Santiago Bernabeu အားကစားကွင်း၌ ရီးရဲလ်မက်ဒရစ်အသင်းနှင့် စီအေ အိုဆာဆူနာအသင်းတို့၏ စပိန်လာလီဂါပွဲစဉ်အတွင်း စီအေ အိုဆာဆူနာအသင်းမှ Aimar Oroz နှင့် ယှဉ်ပြိုင်ကစားနေသည့် အော်ရယ်လီယန် ချူအာမီနီ (ယာ) ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

လီဗာပူးလ်အသင်းကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် နိုဝင်ဘာ ၄ ရက်ည ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အော်ရယ်လီယန် ချူအာမီနီမှာ ကြွက်သားဒဏ်ရာ ရရှိသွားကြောင်း အတည်ပြုချက်နှင့်အတူ ရီးရဲလ်မက်ဒရစ် ကလပ်အသင်းသည် နောက်ထပ်ဒဏ်ရာပြဿနာတစ်ခုနှင့်ပါ ရင်ဆိုင်နေရသည်။
ချူအာမီနီအား “၎င်း၏ဝဲဘက်ပေါင်ရှိ semitendinosus ကြွက်သားတွင် ဒဏ်ရာဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း” ကလပ်အသင်းက အသိပေးခဲ့ပြီး “၎င်း၏ ပြန်လည်ကောင်းမွန်လာမှုကို စောင့်ကြည့်သွားမည်” ဟုလည်း ဖြည့်စွက်ထုတ်ပြန်ခဲ့သည်။

၎င်းပြန်ကစားနိုင်မည့်ခန့်မှန်းရက်စွဲကို မသိရှိရသေးသော်လည်း စပိန်အားကစားသတင်းစာ Diario AS က ကွင်းလယ်ကစားသမား ချူအာမီနီသည် သုံးပတ်ခန့် အနားယူရဖွယ်ရှိပြီး ယင်းမှာ ယခုသီတင်းပတ်ကုန်တွင် Rayo Vallecano နှင့် ကစားရမည့် ခရီးစဉ်၊ ယူကရိန်း၊ အဇာဘိုင်ဂျန်တို့နှင့် ကစားရမည့် ပြင်သစ်၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများအပြင် နိုင်ငံတကာပွဲစဉ်များအပြီး စပိန်လာလီဂါတွင် Elche နှင့် ချန်ပီယံလိဂ်တွင် Olympiakos နှင့် ပွဲစဉ်များကိုပါ ထပ်မံလွဲချော်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
ချူအာမီနီသည် ယခုရာသီ၌ ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီ အလွန်ဆိုအတွက် အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ခံစစ်ကြောင်းရှေ့မှ ကာကွယ်ပေးကာ ဟန်ချက်ထိန်းညှိပေးသည့် ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ကာ ၎င်းအနေဖြင့် လီဗာပူးနှင့်ပွဲစဉ်၌ မိနစ် ၉၀ စလုံးတွင် သိသာထင်ရှားသည့် ဒဏ်ရာရရှိမှုလက္ခဏာ တစ်ခုမျှမပြဘဲ ကစားခဲ့ခြင်းဖြစ်သည်။
၎င်း၏ဒဏ်ရာကြောင့် အက်ဒွါဒို ကာမာဗင်ဂါအတွက် ကွင်းလယ်ခံစစ်နေရာတွင် ကစားရန် အခွင့်အရေးရစေပြီး ဖက်ဒီ ဗယ်လ်ဗာဒီအနေဖြင့် ညာနောက်ခံလူနေရာ၌ ပွဲအတော်များများကစားပြီးနောက် ကွင်းလယ်သို့ ပြန်ရောက်လာစေနိုင်ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Tchouameni injury problem for Real Madrid and France
MADRID, Nov. 6 (Xinhua) — Real Madrid has suffered another injury setback with the club confirming that French international midfielder Aurelien Tchouameni suffered a muscle injury in Tuesday night’s 1-0 Champions League defeat away to Liverpool.
The club informs Tchouameni “has been diagnosed with an injury to the semitendinosus muscle in his left thigh,” adding that “his recovery will be monitored.”
Although there is no estimated return date, Spanish Sports paper Diario AS estimates the midfielder will be out of action for around three weeks, which means he misses this weekend’s visit to play Rayo Vallecano, France’s World Cup qualifying matches against Ukraine and Azerbaijan as well as further matches against Elche in La Liga and Olympiakos in the Champions League, after the international break.
Tchouameni has become a key player for Real Madrid coach Xabi Alonso this season, playing in a holding role in front of the defense and he played all 90 minutes in Liverpool without any apparent signs of injury.
His injury opens the door for Eduardo Camavinga to play the defensive midfield role, perhaps allowing Fede Valverde to return to midfield after playing several games at right back. ■
English Caption
Aurelien Tchouameni (R) of Real Madrid vies with Aimar Oroz of CA Osasuna during the La liga football match between Real Madrid and CA Osasuna in Santiago Bernabeu Stadium, Madrid, Spain, on Aug. 19, 2025. (Photo by Gustavo Valiente/Xinhua)