International Organizations
ဟာရီကိန်းမုန်တိုင်း မယ်လစ်ဆာက ဂျမေကာနိုင်ငံ၏ GDP ၃၀ ရာခိုင်နှုန်းနှင့် ညီမျှသည့် ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂ ပြောကြား
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
ဂျမေကာနိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း မယ်လစ်ဆာကြောင့် နိုင်ငံ၏ အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၃၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် (UNDP) က နိုဝင်ဘာ ၆ ရက်တွင် တရားဝင်ထုတ်ပြန်ပြောကြားလိုက်သည်။
” ကနဦး ခန့်မှန်းတွက်ချက်မှုတွေအရ ဂျမေကာနိုင်ငံ GDP ရဲ့ ၃၀ ရာခိုင်နှုန်းခန့်နဲ့ ညီမျှတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပမာဏက ထပ်မံမြင့်တက်လာမယ်လို့လည်း မျှော်လင့်ရပါတယ်” ဟု ဘဟားမားစ်၊ ဘီလစ်ဇ်၊ ဘာမြူဒါ၊ ကေမန်အိုင်းလန်းစ်၊ ဂျမေကာ၊ တာ့ခ်နှင့် ကိုင်ကို့စ်အိုင်းလန်းစ်နိုင်ငံများဆိုင်ရာ UNDP ဌာနေကိုယ်စားလှယ် ကီရှန်ကိုဒေးက သတင်းထောက်များအား ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က အဆင့် ၅ ရှိသည့် ဖျက်အားပြင်းမုန်တိုင်း ဟာရီကိန်း တိုက်ခတ်ခဲ့ပြီးနောက် ဂျမေကာနိုင်ငံ အနောက်ဘက်တစ်ဝန်းတွင် အပျက်အစီးပေါင်း မက်ထရစ်တန် ၅ သန်းနီးပါး ထွက်ပေါ်လာခဲ့သည်ဟု UNDP က ခန့်မှန်းထားကြောင်း ကီရှန်ကိုဒေးက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ဂျ်က ဟာရီကိန်းမုန်တိုင်းကြောင့် ဂျမေကာနိုင်ငံတွင် သေဆုံးသူ ၃၂ ဦးရှိခဲ့သည်ဟု အာဏာပိုင်များက အတည်ပြုခဲ့ကြောင်းနှင့် လူပေါင်း ၁.၅ သန်းခန့် မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဟာရီကိန်းမုန်တိုင်းအလွန် တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအတွက် အခြေခံအကဲဖြတ်ခြင်း လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ရန် UNDP က အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ကို ကနဦးခွဲဝေပေးထားကြောင်း၊ နိုင်ငံတော်အဆင့် မိတ်ဖက်အဖွဲ့အစည်းများထံသို့လည်း အစောပိုင်းထောက်ပံ့မှုများကို ပြုလုပ်ပေးထားကြောင်း၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အိမ်ထောင်စု ၆,၀၀၀ ကျော်အတွက် သီတင်းပတ် တစ်ပတ်ကြာအသုံးပြုနိုင်မည့် စားနပ်ရိက္ခာများကို ဘာဘေးဒိုးစ်နိုင်ငံမှတစ်ဆင့် လေကြောင်းဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း ဟက်ဂျ်က ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Hurricane Melissa causes damage in Jamaica equivalent to 30 pct of GDP: UN official
UNITED NATIONS, Nov. 6 (Xinhua)
Jamaica has suffered damage caused by Hurricane Melissa approximately equivalent to 30 percent of its gross domestic product (GDP), an official of the UN Development Programme (UNDP) said Thursday.
“Initial estimates show that the damage caused is approximately equivalent of 30 percent of Jamaica’s GDP, a figure that’s expected to rise,” Kishan Khoday, UNDP resident representative for the Bahamas, Belize, Bermuda, Cayman Islands, Jamaica, and the Turks and Caicos Islands, told reporters via video conference.
UNDP estimated that nearly 5 million metric tonnes of debris have been generated across western Jamaica following the devastating Category 5 storm last week, he said.
Farhan Haq, deputy spokesperson for the UN secretary-general, said that authorities have confirmed 32 deaths in Jamaica, where some 1.5 million people have been affected by the hurricane.
To support response and recovery efforts, UNDP has allocated an initial 400,000 U.S. dollars to assist with basic assessment work and provide early support to national partners, and the UN World Food Programme is airlifting food from Barbados to support more than 6,000 households for up to a week, Haq said. ■
Photo:
This photo taken on Oct. 28, 2025 shows a gas station damaged by Hurricane Melissa in Montego Bay, Jamaica. (Jamaica Observer/Handout via Xinhua)
