China
တရုတ်မော်တော်ကားအမှတ်တံဆိပ် Jetour က ကင်ညာနိုင်ငံတွင် SUV မော်ဒယ်သစ်များကို မိတ်ဆက်
နိုင်ရိုဘီ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်မော်တော်ကားအမှတ်တံဆိပ် Jettour က ကားမော်ဒယ်အသစ် ၄ မျိုးကို ကင်ညာနိုင်ငံစျေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး Global Motors Center Limited အား ပြည်တွင်းဖြန့်ဖြူးရောင်းချသူအဖြစ် လက်တွဲလိုက်ကြောင်း သိရသည်။
ကင်ညာနိုင်ငံ၏ မြို့တော် နိုင်ရိုဘီမြို့တွင် နိုဝင်ဘာ ၇ ရက်ညနေပိုင်းက ကျင်းပခဲ့သည့် အဆိုပါ မိတ်ဆက်ပွဲတွင် SUV မော်ဒယ်များဖြစ်သည့် T1၊ T2၊ Dashing နှင့် X70 ကားသစ်များကို မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ကင်ညာအစိုးရအဖွဲ့မှ အကြီးတန်းအရာရှိများ၊ စက်မှု လုပ်ငန်းများမှ အမှုဆောင်အရာရှိများလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
Jetour ကို တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Chery ၏ တစ်ဆင့်ခံအမှတ်တံဆိပ်အဖြစ် ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ စတိုင်လ်၊ စွမ်းဆောင်ရည်နှင့် အဆင့်မြင့်နည်းပညာများ ကို ပေါင်းစပ်ထားသည့် SUVs ကားများကို Jetour က အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။
ကင်ညာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ စက်မှုလုပ်ငန်းတိုးတက်ရေး အတွင်းရေးမှူး အားစတက်စ် ဂါတီဘီက ကင်ညာစျေးကွက်အတွင်းသို့ Jetour ဝင်ရောက်လာခြင်းက မော်တော်ယာဥ်ပိုင်းဆိုင်ရာကဏ္ဍတွင် ကင်ညာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုကိုကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။
” ကင်ညာနိုင်ငံက ဝယ်ယူအသုံးပြုသူတွေအတွက် အခုလို ကားမော်ဒယ်အသစ်တွေကို မိတ်ဆက် ပေးလိုက်တာက ကင်ညာနိုင်ငံရဲ့ပြည်တွင်းမော်တော်ကားလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်မှုရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပါပဲ” ဟု ဂါတီဘီက ပြောကြားခဲ့သည်။
Jetour International ၏ လက်ထောက်ဥက္ကဋ္ဌ Andy Yuan က ကားမော်ဒယ်တိုင်းတွင် ကင်ညာနိုင်ငံ၏ ကြီးထွားလာနေသော SUV ကဏ္ဍလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အထူးဒီဇိုင်းပြု ထုတ်လုပ် ထားသော အဆင့်မြင့်အင်ဂျင်နီယာပိုင်းဆိုင်ရာဟန်ချက်ညီမှုနှင့် အဆင့်မြင့်နည်းပညာများပါဝင်ကာ ဈေးနှုန်းသင့်တင့်မှုရှိကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။
ကင်ညာနိုင်ငံ၏ ထုတ်လုပ်မှုပိုင်းကဏ္ဍ၊ အလုပ်အကိုင်ဖန်တီးရေးနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး ကို ပံ့ပိုးပေးနိုင်ရန်အတွက် Jetour က ဒေသတွင်း တပ်ဆင်ရေးဆိုင်ရာ စက်ရုံတစ်ခုကို တည်ထောင်ရန် စီစဉ်နေကြောင်းလည်း Andy Yuan က ဆက်လက်ပြောကြားခဲ့သည်။
Global Motors Center Limited ၏ မန်နေးဂျင်းဒါရိုက်တာ ဖာရုရှိတ်ခ်က ဖြန့်ဖြူးရောင်းချပေးသည့် ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုက Jetour ယာဉ်ပိုင်ရှင်များအတွက် အလုံးစုံမောင်းနှင်မှုအတွေ့အကြုံကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သလို ယာဥ်အပိုပစ္စည်းများပိုမိုရရှိနိုင်မှုကိုလည်း ထောက်ပံ့ပေးနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
China’s automotive brand Jetour unveils new SUV models in Kenya
NAIROBI, Nov. 8 (Xinhua)
Chinese automotive brand Jetour has launched four new models in the Kenyan market, with Global Motors Center Limited acting as its local distributor.
The event held on Friday evening in Nairobi, the capital of Kenya, brought together senior government officials and industry executives to witness the launch of the T1, T2, Dashing, and X70 sport utility vehicle (SUV) models.
Founded in 2018 as a sub-brand of Chinese automotive manufacturer Chery, Jetour focuses on SUVs that blend style, performance, and advanced technology.
Erastus Gatebe, industrialization secretary in Kenya’s Ministry of Investment, Trade and Industry, said Jetour’s entry symbolizes deepening cooperation between Kenya and China in the automotive sector.
“The introduction of the new models to Kenyan consumers signifies confidence of foreign investors in the local motor vehicle industry,” Gatebe said.Andy Yuan, assistant president of Jetour International, noted that each vehicle model embodies a balance of advanced engineering, intelligent technology, and affordability, designed specifically to meet the needs of Kenya’s growing SUV segment.
He added that Jetour plans to set up a local assembly facility to support Kenya’s manufacturing sector, job creation, and skills development.
Farooq Sheikh, managing director of Global Motors Center Limited, said the distributor’s investment in aftermarket support will improve the availability of spare parts and enhance the overall driving experience for Jetour vehicle owners. ■
Photo:
This photo taken on May 20, 2025 shows a drone show during the launching ceremony of a new lite off-road SUV model, namely T1, from Chinese auto brand Jetour at the Giza Pyramids scenic spot in Giza, Egypt. (Xinhua Ahmed Gomaa)
