Africa & Middle East
ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဆီးရီးယား နိုင်ငံ အား S-300 လေကြောင်း ကာကွယ်ရေး စနစ် ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား
မော်စကို ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Sergey Shoygu က အောက်တိုဘာ ၂ ရက် တွင် ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး စွမ်းရည် မြှင့်တင်ရန် နှင့် ရုရှား နိုင်ငံ အစိုးရ တပ်ဖွဲ့ တို့ ၏ လုံခြုံရေး အတွက် S-300 လေကြောင်း ကာကွယ်ရေး စနစ် အား ဆီးရီးယား နိုင်ငံ သို့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကရင်မလင် နန်းတော် ၏ ထုတ်ပြန်ချက်အရ ရုရှား နိုင်ငံ သမ္မတ ပူတင် ၏ ဆုံးဖြတ်ချက်အရ ရုရှား နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အား S-300 လေကြောင်း ကာကွယ်ရေး စနစ် ပေးအပ်ခဲ့ပြီး လေကြောင်း ကာကွယ်ရေး စနစ် တွင် ရေဒါ ၊ တည်နေရာ အတည်ပြုစနစ် ၊ ညွှန်ကြားမှုယာဉ် နှင့် ဒုံးကျည် ပစ်လွှတ်စင် စသည့် ပစ္စည်း ကိရိယာ ပေါင်း ၄၉ မျိုးပါဝင်ပြီး အီလက်ထရောနစ် စစ်ဆင်ရေး စနစ် ကိုလည်း စွမ်းရည် မြှင့်တင်ထားကြောင်း သိရှိရသည်။
ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး က လေကြောင်း ကာကွယ်ရေး စနစ် တည်ဆောက်ရန် အတွက် ကိရိယာ များကို ဆီးရီးယား နိုင်ငံ သို့ စတင် ထောက်ပံ့ နေပြီး သက်ဆိုင်ရာ သင်တန်း ပို့ချမှု ကိုလည်း အောက်တိုဘာ ၂၀ ရက် မတိုင်မီ ပြီးစီးမည် ဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် S-300 လေကြောင်း ကာကွယ်ရေး စနစ် ထိန်းချုပ်မှု ဆိုင်ရာ ၃ လ ကြာ သင်တန်း ကို ဆက်လက် တက်ရောက်သွားကြမည် ဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၇ ရက် တွင် ရုရှား နိုင်ငံ ၏ Ilyushin Il-20 ကင်းထောက် လေယာဉ် က ဆီးရီးယား ၏ မှားယွင်း ပစ်ခတ်မှု ကို ခံခဲ့ရပြီး လေယာဉ် ပေါ်ရှိ ရုရှား တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံး ခဲ့ရသည်။ ရုရှား နိုင်ငံ က အစ္စရေး နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်း ဗုံးကြဲ တိုက်ခိုက်မှုများ ဆောင်ရွက်ရာတွင် တာဝန်မဲ့စွာ ရုရှား နိုင်ငံ လေယာဉ် အား အကာအကွယ် အဖြစ် ပြုလုပ်ခဲ့သောကြောင့် ဆီးရီးယား လေကြောင်း ကာကွယ်ရေး စနစ် ၏ ပစ်ခတ်မှု ကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
စက်တင်ဘာ ၂၄ ရက် တွင် ရုရှား နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ သမ္မတ တို့က ဖုန်းဖြင့် ဆက်သွယ်ပြောကြားမှု ပြုလုပ်ခဲ့ပြီး ဆီးရီးယား နိုင်ငံ အတွင်း ရှိ ရုရှား တပ်ဖွဲ့ လုံခြုံရေး နှင့် ဆီးရီးယား လေကြောင်း ကာကွယ်ရေး စနစ် စွမ်းရည် မြှင့်တင်ရန် အတွက် S-300 လေကြောင်း ကာကွယ်ရေး စနစ် အား ပေးအပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)