Connect with us

Africa & Middle East

ငွေကြေးခဝါချသူ ၄၁၇ဦးကို ဖမ်းဆီးထိန်းသိမ်းရန် တူရကီညွှန်ကြား

တူရကီရဲတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစိုးရရှေ့နေများသည် ငွေကြေးခဝါချမှု နှင့် ပတ်သက်သော ငွေကြေးလွှဲပြောင်းမှုများတွင် တရားမဝင် ပါဝင်သည့် လူ ၄၁၇ဦးကို ဖမ်းဆီးထိန်းသိမ်းရန် အောက်တိုဘာ ၂ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

Hurriyet သတင်းစာ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့သည် နိုင်ငံခြားရှိ ငွေအကောင့် ၂၈,၀၈၈ခု သို့ ငွေကြေးလွှဲပြောင်းပေးမှုအတွက် ကော်မရှင်ခများ တရားမဝင်ရရှိနေသော သံသယရှိသူများကို ဖမ်းဆီးရန် နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၄၀ခုတွင် တစ်ပြိုင်နက်တည်း စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံသယရှိသူများသည် တူရကီလိုင်ရာငွေ ၂.၅ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်း ၄၂၀ခန့်) ကို အမေရိကန်နိုင်ငံအတွင်းနေထိုင်သော အီရန်လူမျိုးများပိုင်ဆိုင်သည့် ငွေအကောင့်အများစုသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အစ္စတန်ဘူလ်မြို့အစိုးရရှေ့နေချုပ်ရုံးမှပြုလုပ်သော အဆိုပါ စုံစမ်းစစ်ဆေးမှုသည် တူရကီနိုင်ငံ၏ စီးပွားရေး နှင့် ငွေကြေးလုံခြုံမှု ကို ပစ်မှတ်ထားလုပ်ဆောင်နေသူများကို အဓိကထား၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Hurriyet ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.