Connect with us

Europe

ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ကနေဒါ ချမှတ်

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ကရင်မလင်နန်းတော်၏ မြင်ကွင်းတစ်ခုကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံသည် စွမ်းအင်ကဏ္ဍ၊ စစ်ရေးစွမ်းရည်နှင့် ဆိုက်ဘာအခြေခံအဆောက်အအုံများနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထား၍ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များအား နိုဝင်ဘာ ၁၂ ရက်က ချမှတ်ခဲ့သည်။အဆိုပါအစီအမံများသည် နိုင်ငံ၏ အထူးစီးပွားရေးအစီအမံများ (ရုရှား) စည်းမျဉ်းများအရ လူပုဂ္ဂိုလ် ၁၃ ဦးနှင့် အဖွဲ့အစည်း ၁၁ ခုကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး အနီတာ အာနန်က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ကြေညာခဲ့သည်။

ထုတ်ပြန်ချက်အရ အဆိုပါအစီအမံများသည် ရုရှား၏ သမားရိုးကျနှင့် ပေါင်းစပ်စစ်ရေးစွမ်းရည်များကို ယိုယွင်းစေရုံသာမက ၎င်း၏ စွမ်းအင်ဝင်ငွေနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပြုသူများကိုပါ ထိခိုက်စေပါသည်။ ယင်း ပစ်မှတ်ထားသူများထဲတွင် ရုရှား၏ ဒရုန်းအစီအစဉ်တွင် ပါဝင်ပတ်သက်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများစွာ ပါဝင်သည်။

အဆိုပါအစီအမံများမှာ ရုရှား၏ ယူကရိန်း ဆန့်ကျင်ရေး ပေါင်းစပ်ဗျူဟာတွင် အသုံးပြုသည်ဟု စွပ်စွဲခံရသော ဆိုက်ဘာအခြေခံအဆောက်အအုံ ထောက်ပံ့သည့် အဖွဲ့အစည်းများကို ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ပိတ်ဆို့အရေးယူမှုများတွင် ရုရှား၏ သဘာဝဓာတ်ငွေ့ရည် အဖွဲ့အစည်းများစွာအပြင် “ရုရှား၏ အရိပ်သင်္ဘောအုပ်စု” ၏ အစိတ်အပိုင်းအဖြစ် ဖော်ပြထားသည့် သင်္ဘောအစင်း ၁၀၀ လည်း ပါဝင်သည်။
အဆိုပါလုပ်ဆောင်ချက်များမှာ အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့မှ မကြာသေးမီက ကြေညာခဲ့သည့် ပိတ်ဆို့အရေးယူမှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ကိုက်ညီမှုရှိပြီး ရုရှားနိုင်ငံအပေါ် စီးပွားရေးဖိအားပေးရန် G7 ၏ လက်ရှိကြိုးပမ်းမှုများကို ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခုအချိန်အထိ ရုရှားနိုင်ငံသည် ကနေဒါနိုင်ငံ၏ အဆိုပါလုပ်ဆောင်ချက်နှင့်ပတ်သက်၍ မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Canada imposes new sanctions against Russia
OTTAWA, Nov. 12 (Xinhua) — Canada on Wednesday imposed a new round of sanctions against Russia, targeting individuals and entities linked to the energy sector, military capabilities and cyber infrastructure.
Canadian Minister of Foreign Affairs Anita Anand announced in a news release that the measures target 13 individuals and 11 entities under the country’s Special Economic Measures (Russia) Regulations.
According to the release, the measures focus on degrading Russia’s conventional and hybrid military capabilities while also hitting its energy revenues and financial enablers. Among those targeted are several individuals and entities involved in Russia’s drone program.
The measures also mark the first time Canada has sanctioned entities that supply cyber infrastructure allegedly used in Russian hybrid strategies against Ukraine, it said.
Additionally, the sanctions list several Russian liquefied natural gas entities, as well as 100 vessels described as part of “Russia’s shadow fleet.”
The release stated that these actions were taken in broad alignment with recent sanctions announced by the United States, the EU and the UK, and support ongoing efforts by the G7 to exert economic pressure on Russia.
So far, Russia has not commented on the Canadian move. ■
English Caption
This photo taken on April 22, 2025 shows a view of the Kremlin in Moscow, Russia. (Photo by Alexander Zemlianichenko Jr/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.