Connect with us

Africa & Middle East

အကျပ်အတည်းများ ရင်ဆိုင်ဖြေရှင်းရန်၊ ဘုံချမ်းသာကြွယ်ဝမှုကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံသစ် တည်ဆောက်ရန် ဆင်ဟွာသုတေသနစီရင်ခံစာ တိုက်တွန်း

ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံချမ်းသာကြွယ်ဝမှုအား နိုင်ငံအားလုံး မျှဝေခံစားသောလမ်းကြောင်းသစ်ဆီသို့ လျှောက်လှမ်းခြင်းကို ဦးဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံသစ် တည်ဆောက်ရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် “အရေးတကြီးကိစ္စတစ်ရပ်” ဖြစ်လာကြောင်း ဆင်ဟွာ Think Tank က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ဆင်ဟွာသတင်းအေဂျင်စီ လက်အောက်ရှိ Think Tank အဖွဲ့တစ်ခုဖြစ်သော ဆင်ဟွာအင်စတီကျုမှ ထုတ်ပြန်သည့် “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံအသစ် ပူးတွဲတည်ဆောက်ခြင်း – ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ဆီသို့ အတူတကွလျှောက်လှမ်းလှုပ်ရှားမှု” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံသစ် တည်ဆောက်ရန် အခြေခံမဟာဗျူဟာမှာ ဘုံအကျိုးဖြစ်ထွန်းသော လော့ဂျစ်ဖြင့် ဗိုလ်ကျကြီးစိုးမှု လော့ဂျစ်ကို ကျော်လွှားရန်ဖြစ်သည်ဟု ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိထိရောက်ရောက်နှင့် အားကောင်းစွာ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး လူသားမျိုးနွယ်အား ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးဆောင်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံသစ်အား တည်ဆောက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံသစ်သည် ဒုတိယကမ္ဘာစစ်အပြီး တည်ထောင်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုမူဘောင်အား ပိုမိုကောင်းမွန်ရန်၊ အဆင့်မြှင့်တင်ရန် ပြုလုပ်ခြင်းကို ကိုယ်စားပြုသင့်သည်ဟု အစီရင်ခံစာက ဆိုသည်။

“လူသားမျိုးနွယ်ဘုံတန်ဖိုးများကို တန်ဖိုးစံနှုန်းအဖြစ် သတ်မှတ်ရန်၊ တရုတ်က အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို စနစ်ကျသောအစီအစဉ်အဖြစ် သတ်မှတ်ရန်၊ တရားမျှတပြီး စနစ်ကျသော ဗဟုဝင်ရိုးအသွင်ပြောင်းမှုနှင့် အားလုံးပါဝင်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို အသွင်ကူးပြောင်းမှုလမ်းကြောင်းအဖြစ် သတ်မှတ်ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အနာဂတ်မျှော်မှန်းချက်အဖြစ် သတ်မှတ်ရန် မဖြစ်မနေ လိုအပ်သည်” ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။ (Xinhua)
…………………..
(Chinese Version)
Xinhua research report urges building new global leadership model to tackle crises, promote shared prosperity
JOHANNESBURG, Nov. 13 (Xinhua) — Building a new model of global leadership has become “a matter of urgency” for the international community to effectively address global crises and lead all countries onto a new path of shared development and common prosperity, said a Xinhua think tank report released on Thursday.
The fundamental strategy for building a new model of global leadership is transcending hegemonic logic with win-win logic, said the report titled “Jointly Building a New Model of Global Leadership — Work Together in Pursuit of a More Just and Rational Global Governance System,” released by Xinhua Institute, a think tank affiliated with Xinhua News Agency.
The international community calls for a new model of global leadership capable of responding powerfully and effectively to global challenges and leading humanity toward a better future, it said.
The new model of global leadership should represent an optimization and refinement of the global leadership framework established after World War II, said the report.
“It is imperative to take the common values of humanity as the value benchmark, the four China-proposed global initiatives as the systematic plan, the pursuit of equitable and orderly multi-polarization and inclusive, mutually beneficial economic globalization as the transformation path and the building of a community with a shared future for humanity as the future vision,” said the report.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.