Connect with us

Politics, Law & Military

ဖုဟွာနှင့် တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး တွေ့ဆုံဆွေးနွေး

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Eliav Belotsercovsky သည် နိုဝင်ဘာ ၁၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ဖုဟွာက ဧည့်သည်သံအမတ်ကြီးအား ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးစိတ်ဓာတ်အား မိတ်ဆက်ပြောကြားခဲ့ပြီး သတင်းမီဒီယာသည် ပြည်သူအချင်းချင်းကူးလူးဖလှယ်ရာ၌ အရေးကြီးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် အစ္စရေးဘက်နှင့်အတူ နှစ်နိုင်ငံမီဒီယာများ သွားလာဆက်ဆံမှုကို အတူတကွမြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

Eliav Belotsercovsky က တရုတ်နိုင်ငံက စီးပွားရေးနှင့် လူမှုရေးတွင် ရရှိခဲ့သည့် ကြီးမားသော ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများသည် နက်ရှိုင်းစွာ အမှတ်တရဖြစ်စေကြောင်း၊ အစ္စရေးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မီဒီယာဖလှယ်မှုများကို တစ်ဆင့်တိုးမြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————-
(Chinese Version)
傅华会见以色列驻华大使贝以理
新华社北京11月13日电(记者孙奕)新华社社长傅华13日在北京会见以色列驻华大使贝以理。
傅华向客人介绍了中共二十届四中全会精神。他表示,新闻媒体在中以人文交流中扮演着重要角色。新华社愿同以方一道,共同推进两国媒体交流往来。
贝以理表示,中国经济社会取得的巨大发展成就令人印象深刻。以方愿同中方进一步加强媒体交流。(完)
图说:11月13日,新华社社长傅华在北京会见以色列驻华大使贝以理。 新华社记者 黄敬文 摄