Economy
၉ ကြိမ်မြောက် တရုတ်နိုင်ငံ-တောင်အာရှချစ်ကြည်ရေးအဖွဲ့အစည်းများဖိုရမ်ကို မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပ
မာလေ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
၉ ကြိမ်မြောက် တရုတ်နိုင်ငံ-တောင်အာရှချစ်ကြည်ရေး အဖွဲ့အစည်းများဖိုရမ်ကို မော်လ် ဒိုက်နိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဖိုရမ်ကို တရုတ် ပြည်သူလူထု၏ ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း (CPAFFC)၊ တရုတ်နိုင်ငံနှင့် ချစ်ကြည် ရင်းနှီးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တောင်အာရှဒေသအဖွဲ့ချုပ် (OSARFCC) တို့က ပူးပေါင်း စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါဖိုရမ်သို့ မော်လ်ဒိုက်သမ္မတဟောင်း မိုဟာမက်ဒ်ဝါဟိဒ်ဟက်စ်ဆန်က မော်လ်ဒိုက်သမ္မတ၏ အထူးသံတမန်အဖြစ်တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့သည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုမူ CPAFFC ဥက္ကဋ္ဌ Yang Wanming က ဦးဆောင်တက်ရောက်ခဲ့သည်။
ပေကျင်း၊ ဆန်းရှီး၊ လျောင်နင်၊ ကျီနန်မြို့အပါအဝင် တရုတ်နိုင်ငံ၏ ဒေသရှစ်ခုမှ အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဥ်ကျေးမှု ကဏ္ဍတို့မှ ကိုယ်စားလှယ်များက အဆိုပါဖိုရမ်သို့ တက်ရောက်ခဲ့ကာ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံများမှ ပါဝင်တက်ရောက်လာသူများနှင့် ကျယ်ပြန့်သည့် အပြန်အလှန်ဆွေးနွေးဖလှယ်မှု များကို ပြုလုပ်ခဲ့ကြသည်။
စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်ရေးအတွက် အထူးပြုဆွေးနွေးခဲ့ကြသလို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား လူငယ်ဖလှယ်ရေးကိစ္စရပ်ကိုလည်း ဆွေးနွေးခဲ့ကြသည်။
” အပြန်အလှန် လေ့လာသင်ယူမှု၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးအတွက် အေးအတူပူအမျှ အနာဂတ်” ဟူသော ဆောင်ပုဒ်ဖြင့် ဖိုရမ်ဖွင့်ပွဲ အခမ်းအနား၊ ပိတ်ပွဲအခမ်းအနားများကို ကျင်းပခဲ့သလို ယဉ်ကျေးမှု ဖလှယ်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်ခွဲနှစ်ခုကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် အခမ်းအနားသို့တက်ရောက်ခဲ့သူများက အဓိကကျသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို အကောင်အထည်ဖော်ရေးအတွက် အတူတကွဆက်လက်လုပ်ဆောင်ရန်၊ ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများအတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်း လာစေရန်၊ လူသားမျိုးနွယ်အတွက် အေးအတူပူအမျှ အနာဂတ်အသိုက်အဝန်းတည်ဆောက်ရေးတွင် ပံ့ပိုးကူညီသွားကြရန် ကတိကဝတ်ပြုကြောင်း ပူးတွဲကြေညာချက်တစ်ခုလည်း ထုတ်ပြန်ခဲ့သည်။၁၀ ကြိမ်မြောက် တရုတ်နိုင်ငံ-တောင်အာရှ ချစ်ကြည်ရေးအဖွဲ့အစည်းများဖိုရမ်ကို ၂၀၂၇ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
————————————————-
(English Version)
9th China-South Asia Friendship Organizations Forum held in Maldives
MALE, Nov. 14 (Xinhua)
The 9th China-South Asia Friendship Organizations Forum was held in the Maldives from Thursday to Friday, which was jointly organized by the Chinese People’s Association for Friendship with Foreign Countries (CPAFFC) and the Organization for South Asian Regional Friendship and Cooperation with China (OSARFCC).
Mohammed Waheed Hassan, special envoy of the president of the Maldives and former Maldivian president, attended the event and delivered remarks. Yang Wanming, president of the CPAFFC, led the Chinese delegation.
Representatives from governments as well as economic, trade and cultural sectors of eight Chinese localities, including Beijing, Shanxi, Liaoning and the city of Jinan, engaged in extensive exchanges with participants from the Maldives, Bangladesh, India, Nepal, Pakistan and Sri Lanka. Discussions covered enhancing cooperation in the economy, culture and tourism, as well as youth exchanges between China and South Asian countries.
Under the theme of “Mutual learning, peace, prosperity for a shared future,” the forum featured an opening ceremony, a closing ceremony and two sub-forums on cultural exchanges and trade and investment. A joint declaration was issued after the event, in which participants pledged to work together to implement the four major global initiatives, strengthen solidarity and cooperation within the Global South, and contribute to building a community with a shared future for humanity.
The next edition of the forum will be held in China in 2027. ■
Photo:
Guests attend the trade and investment sub-forum of the 9th China-South Asia Friendship Organizations Forum in the Maldives, Nov. 14, 2025. (Xinhua/Chen Dongshu)
