Connect with us

Africa & Middle East

အစ္စရေးဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့ အရှေ့အလယ်ပိုင်းအရေးကိစ္စအတွက် ဖုန်းပြောဆိုဆွေးနွေး

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် တွေ့ဆုံခဲ့မှုအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် လက်ဆွဲနှုတ်ဆက်နေသော ရုရှားသမ္မတ ဗလာတီမာပူတင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဥ် (Pool photo via AP)

ဂျေရုဆလမ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ရုရှားသမ္မတ ဗလာတီမာပူတင်တို့သည် နိုဝင်ဘာ ၁၅ ရက် ညနေခင်းက ဖုန်းပြောဆိုဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြပြီး ထိုသို့ဆွေးနွေးမှုအတွင်း ခေါင်းဆောင် နှစ်ဦးတို့သည် အရှေ့အလယ်ပိုင်းအခြေအနေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု နှစ်ဖက်စလုံးမှ ထုတ်ပြန်သော ကြေညာချက်များအရ သိရသည်။နေတန်ယာဟု၏ဝန်ကြီးချုပ်ရုံးမှထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် ခေါင်းဆောင် နှစ်ဦးတို့သည် ဒေသဆိုင်ရာပြဿနာများအပေါ် ယခင်ပြုလုပ်ခဲ့သော စဥ်ဆက်မပြတ်ဆွေးနွေးပွဲများနောက်ပိုင်း ပူတင် ၏အစီအစဉ်ကို ပြောဆိုဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါကြေညာချက်တွင် ဆွေးနွေးမှုနှင့် ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက်များကို ဖော်ပြထားခြင်းမရှိခဲ့ပေ။

ရုရှားသမ္မတရုံးမှထုတ်ပြန်သော ကြေညာချက်အရ ခေါင်းဆောင်နှစ်ဦးသည် ဂါဇာတွင် အပစ်အခတ်ရပ်စဲပြီးနောက် မကြာသေးမီကပေါ်ပေါက်ခဲ့သော တိုးတက်ဖြစ်ပေါ်မှုများ၊ အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ဆီးရီးယားနိုင်ငံ၏ တစ်ဆင့်တိုးတည်ငြိမ်စေမှု တို့အပါအဝင် အခြားသောအရေးကိစ္စများကို အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု သိရသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ရုရှားက ဂါဇာအရေးကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့သည်။ ယင်းမူကြမ်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်ကို အထောက်အကူပြုနိုင်မည့် သီးခြားအဆိုပြုချက်တစ်ခုကို အတည်ပြုပေးရန် အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တွန်းအားပေးနေမှုအား စိန်ခေါ်သည့် မူကြမ်းလည်း ဖြစ်သည်။

မီဒီယာများတွင်ဖော်ပြထားသောသတင်းများအရ အမေရိကန်၏အဆိုပြုချက်မှာ အများအားဖြင့် ကုလသမဂ္ဂအပေါ် အမှီအခိုကင်းစွာဖြင့် ဂါဇာတွင် နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တစ်ခုချထားရန်၊ အစ္စရေးကိုလည်း ဂါဇာပတ်ဝန်းကျင် လုံခြုံရေးနယ်နိမိတ်အပေါ် အချိန်ကာလ သတ်မှတ်ခြင်းမရှိဘဲ ဆက်လက်ထိန်းချုပ်ခွင့်ပြုရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ထိုအတောအတွင်း ရုရှား၏အဆိုပြုချက်ကမူ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တစ်ခုကို ကုလသမဂ္ဂ၏တိုက်ရိုက်အခွင့်အာဏာအောက်တွင်ဖွဲ့စည်းရန်၊ ဂါဇာတွင် မည်သည့် လူဦးရေဆိုင်ရာ အပြောင်းအလဲ သို့မဟုတ် နယ်မြေပိုင်နက်အပြောင်းအလဲကိုမဆို ဆန့်ကျင်ရန်နှင့် နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း အကောင်အထည်ပေါ်လာရန် တောင်းဆိုခြင်းတို့အပေါ် အာရုံစိုက်ထားခြင်းဖြစ်သည်။ (Xinhua)
———————————
(English Version)
Israeli PM, Russian president discuss Middle East issues over phone
JERUSALEM, Nov. 15 (Xinhua)
Israeli Prime Minister Benjamin Netanyahu and Russian President Vladimir Putin held a phone conversation on Saturday evening, during which the two leaders exchanged views on the Middle East situation, according to statements from both sides.
Netanyahu’s office said in a statement that the two leaders spoke at Putin’s initiative, following a series of previous talks on regional issues. It did not provide further information on the talks.
According to the Russian presidency, the two leaders exchanged in details the recent developments in Gaza in light of the ceasefire, Iran’s nuclear program, and Syria’s further stabilization, among other issues.
On Thursday, Russia introduced its own draft UN resolution on Gaza, challenging a U.S. push for the UN Security Council to approve a separate proposal that would support U.S. President Donald Trump’s Gaza peace plan.
According to media reports, the U.S. proposal wants an international stabilization force in Gaza with broad independence from the UN, and grants Israel continued control over the security perimeter surrounding Gaza for an unspecified period.
Meanwhile, the Russian proposal focuses on creating an international stabilization force under direct UN authority, opposes to any demographic or territorial changes in Gaza, and urges implementing the two-state solution. ■
Photo:
Russian President Vladimir Putin shakes hands with Israeli Prime Minister Benjamin Netanyahu during their meeting at the Kremlin in Moscow, Russia on July 11, 2018. (Pool photo via AP)