Connect with us

International Organizations

ဂျာမနီက ဆလိုဗက်ကီးယားကို ဂိုးဒါဇင်ဝက်သွင်းယူကာ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

ဂျာမနီနိုင်ငံ လိုက်ပ်ဇ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ဂျာမနီအသင်းနှင့် ဆလိုဗက်ကီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ၌ ဂျာမနီအသင်းမှ နစ်ခ် ဝေါ်လ်တမ်မာဒီ (ယာ-ရှေ့) အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု-A ပွဲစဉ်၌ ဂျာမနီက ဆလိုဗက်ကီးယားကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပြီး ကမ္ဘာ့ခြေစစ်ပွဲစဉ်များကို ရလဒ်ကောင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။သရေတစ်မှတ်ရရှိရုံဖြင့် အုပ်စုဗိုလ်ဖြစ်လာမည့် ဂျာမနီအသင်းက ပွဲစချိန်မှာပင် စိတ်ကြိုက်ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဧည့်သည်အသင်းအား အခွင့်အရေးလုံးဝမပေးရအောင် ကစားနိုင်ခဲ့သည်။ အသင်းခေါင်းဆောင် ဂျော်ရှူအာ ကင်းမစ်ချ်က ဂိုးဧရိယာထဲသို့ အနေတော်ဖြတ်တင်ဘောပေးပို့ခဲ့ရာ နစ်ခ် ဝေါ်လ်တမ်မာဒီက အပြင်းခေါင်းတိုက်၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် အလက်ဇန်းဒါး ပတ်ဗလိုဗစ်နှင့် လီယွန် ဂေါ့ဇ်ကာတို့၏ ပါးနပ်သောတွဲလုံးမှတစ်ဆင့် ဆက်ဂျ် နာဘရီက အဆုံးသတ်ကာ ဒုတိယဂိုးသွင်းယူခဲ့သဖြင့် ‌အိမ်ရှင်အသင်းက စောစောစီးစီး ရလဒ်အသာစီးယူနိုင်ခဲ့သည်။

ဂျာမနီက ပွဲ၏ tempo ကို ဆက်လက်ထိန်းချုပ်ထားခဲ့ရာ ဖလော်ရီယန်ဗက်ဇ်မှာ အခရာကျသည့် ကွင်းလယ်ဗိသုကာတစ်ဦး ဖြစ်လာခဲ့သည်။ ကွင်းလယ်ဖန်တီးရှင် ဗက်ဇ်၏ တိကျသေသပ်သော ဘောလုံးပေးပို့မှုနှစ်ကြိမ်က ဆလိုဗက်ကီးယားခံစစ်ကို ဖရိုဖဲဖြစ်စေခဲ့ကာ ထိုသို့ပေးပို့မှုများမှတစ်ဆင့် လီရွိုင်း ဆာနေးက တည်တည်ငြိမ်ငြိမ်အဆုံးသတ်ကာ ဂျာမနီအတွက် တတိယဂိုးနှင့် စတုတ္ထဂိုးတို့ကို သွင်းယူနိုင်ခဲ့သည်။ ပထမအကျော့၌ ဂျာမနီကို အမှတ်မထင်အနိုင်ရခဲ့သည့် ဆလိုဗက်ကီးယားအနေဖြင့် ယခုပွဲစဉ်၌ ကစားအားမြှင့်ရန် ရုန်းကန်ခဲ့ရပြီး တန်ပြန်တိုက်စစ်သက်သက်ကိုသာ အားပြုခဲ့ရသည့်အတွက် ထိရောက်မှုနည်းပါးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ဂျာမနီက ဆက်လက်၍ ဘောလုံးပိုင်ဆိုင်မှုအသာစီးယူထားခဲ့ပြီး တည်တည်ငြိမ်ငြိမ် ကစားကွက်ဖော်ကာ ဆလိုဗက်ကီးယားကို ခံစစ်ဇုန်၌သာ အချိန်ကုန်ဆုံးစေခဲ့သည်။ ထို့နောက် လူစားဝင်ကစားသမား ရီဒယ် ဘာကူက ကွင်းထဲသို့ဝင်လာပြီးမကြာမီ ပဥ္စမဂိုးသွင်းယူနိုင်ခဲ့သဖြင့် လိုက်ပ်ဇစ်မြို့မှ ပရိသတ်များကို အားတက်စေခဲ့သည်။ ဆက်လက်၍ ဆာနေး၏ ပါးပါးနပ်နပ်ပေးပို့မှုမှတစ်ဆင့် အသက် ၁၉ နှစ်အရွယ် အက်ဆန် အော့ဒရာအိုဂိုက လက်ရွေးစင်အသင်းကြီးနှင့် ပွဲဦးထွက်၌ သွင်းဂိုးရယူနိုင်ခဲ့သည်။

ယခုနိုင်ပွဲကြောင့် ဂျာမနီအသင်းမှာ အုပ်စု-A ၌ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး လာမည့်ဒီဇင်ဘာလတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးသတ်မဲခွဲပွဲအတွက် ဆန်ခါတင်အသင်းများထဲတွင် ပါဝင်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဖေးတံခါးပေါက်မှတစ်ဆင့် ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသည့် ဆလိုဗက်ကီးယားအသင်းမှာမူ play-off အဆင့်ကို ကျော်ဖြတ်နိုင်ရန် အာရုံစိုက်လျက်ရှိသည်။

အုပ်စု-A ၏ အခြားပွဲစဉ်တွင် ‌မြောက်အိုင်ယာလန်က လူဇင်ဘတ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကို အနိုင်ရလဒ်နှင့် ပိတ်သိမ်းနိုင်ခဲ့သည်။ အုပ်စု-G တွင် နယ်သာလန်က လစ်သူယေးနီးယားကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ပြီဖြစ်ကာ နယ်သာလန်၏ သွင်းဂိုးသုံးဂိုးကို ပွဲကစားချိန် မိနစ် ၆၀ ဝန်းကျင်၌ လေးမိနစ်အတွင်း သွင်းယူခဲ့ခြင်းဖြစ်သည်။

ပိုလန်က မော်လ်တာကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း နယ်သာလန်အသင်း၏နောက် ဒုတိယနေရာဖြင့်သာ အဆုံးသတ်ခဲ့သည့်အတွက် ရောဘတ် လီဝန်ဒေါစကီးဦးဆောင်သော ပိုလန်အသင်းမှာ play-off ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု-L တွင် ခရိုအေးရှားက မွန်တီနီဂရိုးကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ခြေစစ်ပွဲတစ်လျှောက် ရမှတ် ၂၂ မှတ် ရယူနိုင်ခဲ့ကာ ရှုံးပွဲလုံးဝမရှိအောင် ကစားနိုင်ခဲ့သည်။ ထို့အတူ ချက်အသင်းကလည်း ဂျီဘရော်တာအသင်းကို ၆ ဂိုးပြတ်အနိုင်ရခဲ့ပြီး အုပ်စုဒုတိယနေရာကို ရယူနိုင်ခဲ့သည်။ (Xinhua)
#Sports #Germany #WorldCupQualifiers #အားကစား #ဂျာမနီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ
……………………………………………….
(English Version)
Germany crush Slovakia to seal World Cup berth
BERLIN, Nov. 17 (Xinhua) — Germany sealed qualification for the 2026 World Cup with a commanding 6-0 win over Slovakia in Group A on Monday, capping a dominant qualifying run.
Needing only a point to clinch first place, Germany established control from the outset and never allowed the visitors to settle. Nick Woltemade opened the scoring with a firm header after captain Joshua Kimmich delivered a precise cross into the box. Moments later, Serge Gnabry finished a slick move with Aleksandar Pavlovic and Leon Goretzka, doubling the lead and underlining the hosts’ early superiority.
Florian Wirtz became the chief architect as Germany continued to dictate the tempo. The playmaker’s incisive passing twice carved open Slovakia’s defensive line, first sending Leroy Sane through for a composed third before picking out the winger at the back post for Germany’s fourth. Slovakia, who had surprised Germany in the reverse fixture, struggled to build momentum and relied on isolated counterattacks that yielded little threat.
After the break, Germany maintained their grip on possession, shifting the ball calmly and stretching the Slovak defense. Substitute Ridle Baku struck the fifth with a driven effort shortly after entering the match, energizing the Leipzig crowd. The final flourish came late when 19-year-old Assan Ouedraogo marked his senior international debut with a deflected finish following another sharp pass from Sane.
The result confirms Germany as Group A winners and secures their place among the seeded teams for December’s final tournament draw. Slovakia now turns its attention to the European play-offs as it attempts to reach the World Cup through the back door.
In the other matches, Northern Ireland edged Luxembourg 1-0 to close their campaign. In Group G, the Netherlands secured their World Cup 2026 berth with a routine 4-0 win over Lithuania, scoring three times in a four-minute burst around the hour mark.
Poland beat Malta 3-2 but finished second behind Oranje, sending Robert Lewandowski’s side into the play-offs. In Group L, Croatia completed an unbeaten qualifying run with 22 points after a 3-2 victory over Montenegro, while the Czech Republic routed Gibraltar 6-0 to seal second place in the section.
English Caption 1
Nick Woltemade (R, front) of Germany celebrates scoring during the 2026 World Cup European Qualifiers football match between Germany and Slovakia in Leipzig, Germany, Nov. 17, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Serge Gnabry (L) of Germany vies with Leo Sauer of Slovakia during the 2026 World Cup European Qualifiers football match between Germany and Slovakia in Leipzig, Germany, Nov. 17, 2025. (Photo by Ulrich Hufnagel/Xinhua)