Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းကို လူသားမျိုးနွယ်အား ပြစ်မှုကျူးလွန်မှုအတွက် မျက်ကွယ်သေဒဏ် ချမှတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံးပရိဝုဏ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မတ်တတ်ရပ်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ အထူးတရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ၂၀၂၄ ခုနှစ် ဇူလိုင်လက လူထုဆန္ဒပြပွဲအတွင်း လူသားမျိုးနွယ်အား ပြစ်မှုကျူးလွန်မှုအတွက် မျက်ကွယ်သေဒဏ်အဖြစ် နိုဝင်ဘာ ၁၇ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဟောင်း Asaduzzaman Khan Kamal ကိုလည်း သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲချုပ်ဟောင်း Chowdhury Abdullah Al-Mamun ကိုမူ ယင်းအမှုအတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။

တရားသူကြီး Md Golam Mortuza Mozumder ဦးဆောင်သော အဖွဲ့ဝင်သုံးဦးပါဝင်သည့် အပြည်ပြည်ဆိုင်ရာပြစ်မှုတရားရုံးက လူအများပြည့်ကြပ်နေ‌သော တရားခွင်အတွင်း အဆိုပါ တရားစီရင်ချက်များကို စတင်ဖတ်ကြားခဲ့သည်။

ထို့ပြင် တရားရုံးက အသက် ၇၈ နှစ်အရွယ် ဟာစီနာအား အိန္ဒိယနိုင်ငံမှ ပြန်လာကာ တရားရင်ဆိုင်ရန်လည်း ညွှန်ကြားခဲ့သည်။ ၎င်းသည် ယခင်နှစ်က ရာထူးမှဖယ်ရှားခံခဲ့ရသည့် ကျောင်းသားများဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်တုံ့ပြန်နှိမ်နင်းရန် ညွှန်ကြားမှုဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Ex-Bangladesh PM Hasina sentenced to death in absentia for crimes against humanity
DHAKA, Nov. 18 (Xinhua) — A special tribunal in Bangladesh’s capital Dhaka Monday sentenced Bangladesh’s ousted ex-Prime Minister Sheikh Hasina in absentia to death for crimes against humanity during the country’s July uprising in 2024.
Bangladesh’s former Home Minister Asaduzzaman Khan Kamal was also awarded the death penalty, while former Inspector General of Bangladesh Police Chowdhury Abdullah Al-Mamun was sentenced to five years’ imprisonment in the case.
The three-member International Crimes Tribunal, led by Justice Md Golam Mortuza Mozumder, started reading portions of the judgment at a packed courtroom.
The tribunal has ordered 78-year-old Hasina to return from India and face trial. She is accused of ordering a violent police response to a student protest, which led to her being removed from power last year.
Photo: Security personnel stand guard at the premises of the International Crimes Tribunal in Dhaka, Bangladesh, on Nov. 17, 2025. (Photo by Habibur Rahman/Xinhua)