International Organizations
စပိန်တင်းနစ်အကျော်အမော် အယ်လ်ကာရက်ဇ် တံကောက်ကြောဒဏ်ရာကြောင့် Davis Cup ပြိုင်ပွဲမှနုတ်ထွက်
မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့အဆင့်-၁ တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်မှာ ဒဏ်ရာပြဿနာကြောင့် အီတလီနိုင်ငံ ဘိုလော့ဂ်ညာမြို့တွင် ကျင်းပမည့် Davis Cup Finals အသင်းလိုက်တင်းနစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် စပိန်အသင်းမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။
အယ်လ်ကာရက်ဇ်မှာ နိုဝင်ဘာ ၁၆ ရက်က ဂျန်းနစ် ဆင်နာကို ရှုံးနိမ့်ခဲ့သည့် ATP Finals တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တံကောက်ကြောဒဏ်ရာ အနည်းငယ်ရရှိခဲ့ခြင်းဖြစ်ကာ Davis Cup ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဘိုလော့ဂ်ညာမြို့သို့ သွားရောက်ခဲ့သော်လည်း ဆေးစစ်ချက်အရ ပြိုင်ပွဲမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်ညာဘက်တံကောက်ကြောက ရောင်ရမ်းနေတာမို့ ပြိုင်ပွဲဝင်ဖို့ မသင့်တော်ဘူးလို့ ဆေးအဖွဲ့က အကြံပြုခဲ့ပါတယ်” ဟု အယ်လ်ကာရက်ဇ်က ဆိုရှယ်မီဒီယာပေါ်တွင် ပို့စ်တင်ခဲ့သည်။
“စပိန်အသင်းအတွက် ပါဝင်ကစားခွင့်ရတာက အကောင်းဆုံးအရာပဲလို့ ကျွန်တော် အမြဲပြောခဲ့ဖူးပါတယ်။ ကျွန်တော် အဲဒီဆုဖလားအတွက် တကယ့်ကိုပြိုင်ပွဲဝင်ချင်ခဲ့တာပါ။ အခုတော့ စိတ်မကောင်းစွာနဲ့ပဲ အိမ်ပြန်ရပါတော့မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်၌ ပြင်သစ်တင်းနစ်ကစားသမား အာသာ ရင်ဒါနက်ချ်၏ စပေးဘောရိုက်ချက်ကို တုံ့ပြန်နေသည့် စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်အား တွေ့ရစဉ် (ဆင်ဟွာ)


……………………….
(English Version)
Spain’s Alcaraz out of Davis Cup with hamstring injury
MADRID, Nov. 18 (Xinhua) — World No. 1 Carlos Alcaraz has pulled out of Spain’s team for the Davis Cup finals in Bologna, Italy due to injury.
Alcaraz suffered a slight hamstring injury in his defeat to Jannik Sinner in Sunday’s final at the ATP Finals, and although he had traveled to Bologna with hopes of competing, tests have ruled him out of the tournament.
“I have an edema in my right hamstring and the medical recommendation is not to compete,” he posted on social media.
“I have always said that playing for Spain is the best thing, and I would really like to be able to battle for the title. I am going home feeling sad,” added Alcaraz.
English Caption 1
Carlos Alcaraz poses for a photo after the men’s singles final match between Jannik Sinner of Italy and Carlos Alcaraz of Spain at the ATP Finals tennis tournament in Turin, Italy, on Nov. 16, 2025. (Xinhua/Li Jing)
English Caption 2
Carlos Alcaraz of Spain hits a return during the men’s singles fourth round match against Arthur Rinderknech of France at the 2025 US Open tennis championships in New York, the United States, Aug. 31, 2025. (Xinhua/Li Rui)
