North America
ဂျက်ဖရီ အက်ပ်စတင်းအမှုစာရွက်စာတမ်းများကို လူသိရှင်ကြား ထုတ်ပြန်ရန် တောင်းဆိုထားသည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော် အတည်ပြု
ဝါရှင်တန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ကွယ်လွန်ပြီးဖြစ်သော ဘီလီယံနာ ဂျက်ဖရီအက်ပ်စတင်းအမှုနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ လူသိရှင်ကြား ထုတ်ပြန်ရန် တရားရေးရာ ဝန်ကြီးဌာနအား တောင်းဆိုထားသည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်က နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းတွင် တစ်ပြေးညီ အတည်ပြုခဲ့သည်။ ဤဥပဒေမူကြမ်းသည် ယင်းနေ့အစောပိုင်းတွင် အောက်လွှတ်တော်၌ အတည်ပြုမှုရရှိခဲ့ရာ စတင်အသက်ဝင်ရန် သမ္မတ ထရမ့် လက်မှတ်ထိုးရန် လိုအပ်သေးပေသည်။
အဆိုပါဥပဒေမူကြမ်းတွင် တရားရေးရ ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ ရရှိထားသော အက်ပ်စတင်းအမှု စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုမှုနှင့်သက်ဆိုင်သည့် လျှို့ဝှက်ထားရန်မဟုတ်သော မှတ်တမ်းများ၊ စာရွက်စာတမ်းများ၊ အကြောင်းကြားချက်များနှင့် စုံစမ်းစစ်ဆေးမှုအချက်အလက်များအားလုံးကို ထုတ်ပြန်ရန် တောင်းဆိုထားကြောင်း၊ တရားရေးဌာနအနေဖြင့် ဥပမာအားဖြင့် ထိခိုက်နစ်နာသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် လက်ရှိစုံစမ်းစစ်ဆေးမှုများကို ထိခိုက်စေနိုင်သည့် အချက်အလက်အချို့ကို သိမ်းဆည်းထားခွင့်ပြုကြောင်း အောက်လွှတ်တော် ဝက်ဘ်ဆိုက်၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။
အက်ပ်စတင်းသည် အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ် နာမည်ကျော် အများအပြားနှင့် နီးကပ်စွာ အဆက်အသွယ်ရှိပြီး လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အကျဉ်းထောင်၌ ကွယ်လွန်ကာ “မိမိကိုယ်ကို သတ်သေမှု” ဖြစ်သည်ဟု ချမှတ်ခဲ့သည်။ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဒေါ်နယ်ထရမ့်သည် ၎င်း သမ္မတဖြစ်လာချိန်တွင် အက်ပ်စတင်းအမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ထုတ်ပြန်ပေးမည်ဟု ကတိပြုခဲ့သည်။
အမေရိကန်တရားရေးရာဌာနနှင့် FBI တို့က ဇူလိုင်လ ၇ ရက်၌ ထုတ်ပြန်သည့် မှတ်တမ်းတစ်ခုတွင် အက်ပ်စတင်းသည် နာမည်ကျော် ပုဂ္ဂိုလ်များကို ခြိမ်းခြောက်ငွေညှစ်ရန်အသုံးပြုသည့် “ဖောက်သည်နာမည်စာရင်း” ရှိသည်ဟု ဖော်ပြသော ယုံကြည်စိတ်ချရသည့်အထောက်အထားမရှိကြောင်း၊ အက်ပ်စတင်းသည် ကြံစည်သတ်ဖြတ်မှုကြောင့် သေဆုံးရသည်ဟု ဖော်ပြသော အထောက်အထားမရှိကြောင်း ယူဆထားပြီး ထို့အပြင် အက်ပ်စတင်းအမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို နောက်ထပ် ထုတ်ပြန်တော့မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
လတ်တလောတွင် ရီပက်ဘလစ်ကန်ပါတီအတွင်းပိုင်းတွင် အက်ပ်စတင်းအမှုနှင့် ပတ်သက်သော စာရွက်စာတမ်းများ ထုတ်ပြန်ရန် ထောက်ခံမှု ရှိခြင်း/ မရှိခြင်းကြောင့် ကွဲပြဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထရမ့်ဘက်တော်သား အားကိုးရသောလက်ရုံး၊ ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ် Marjorie Taylor Greene က ၎င်းသည် အက်ပ်စတင်းအမှုနှင့် ပတ်သက်သောဖိုင်များအား ထုတ်ပြန်ရန် တောင်းဆိုခဲ့သောကြောင့် ထရမ့်အား ဒေါသထွက်စေခဲ့ပြီး ထရမ့်က လူမှုမီဒီယာပလက်ဖောင်း၌ ၎င်းအား စကားဖြင့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထရမ့်၏ “လှုံ့ဆော်မှုနဲ့ အားပေးမှု” များကြောင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးသည် ခြိမ်းခြောက်ခံနေကြောင်း လွန်ခဲ့သော သီတင်းပတ်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်တွင် ထရမ့်သည် ယခင်ရပ်ချက်တည်များနှင့် ဆန့်ကျင်၍ အက်ပ်စတင်းအမှုနှင့် ပတ်သက်သောစာရွက်စာတမ်း လူသိရှင်ကြား ထုတ်ပြန်ရေးကို မဲပေးထောက်ခံရန် ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ်များအား တိုက်တွန်းခဲ့ပြီး “ငါတို့မှာ ဘာဖုံးကွယ်ထားစရာမှ မရှိဘူး” ဟုဆိုခဲ့သည်။ ထရမ့်၏ သဘောထား လုံးလုံးလျားလျား ပြောင်းလဲသွားရခြင်းမှာ ဒါဇင်နှင့်ချီသော ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ်များက ပါတီအတွင်းပိုင်း အကြီးအကဲများ၏ ညွှန်ကြားမှုကို အမှုမထားဘဲ အက်ပ်စတင်းအမှုနှင့် ပတ်သက်သောစာရွက်စာတမ်းများ လူသိရှင်ကြား ထုတ်ပြန်ရန် မဲပေး ထောက်ခံလိုသောကြောင့် ဖြစ်နိုင်သည်ဟု မီဒီယာအများအပြားက သုံးသပ်ကြသည်။ (Xinhua)
………………………………
(Chinese Version)
美参议院通过法案要求公开爱泼斯坦案文件
新华社华盛顿11月18日电(记者杨伶 熊茂伶)美国国会参议院18日傍晚一致通过一项法案,要求司法部公开已故富商杰弗里·爱泼斯坦相关案件文件。这一法案当天早些时候在众议院获得通过,尚需美国总统特朗普签署后方能生效。
据众议院网站介绍,法案要求司法部公布其掌握的所有与爱泼斯坦案调查和起诉有关的非机密记录、文件、通信和调查材料;允许司法部保留某些信息,如受害者个人信息以及可能影响正在进行的调查的材料。
爱泼斯坦与大批美国政商名流交往密切,因涉嫌性犯罪被捕后,2019年8月死于狱中,被判定为“自杀”。特朗普2024年竞选总统期间承诺,上台后将公布爱泼斯坦案相关文件。美国司法部和联邦调查局7月7日发布备忘录,认定没有可信证据表明爱泼斯坦掌握一份用于勒索知名人士的“客户名单”、没有证据表明爱泼斯坦死于谋杀,并表示今后不会发布更多爱泼斯坦案文件。
近来,共和党内部因是否支持公开爱泼斯坦案文件产生分裂。特朗普阵营得力干将、共和党籍众议员玛乔丽·泰勒·格林上周在社交媒体上说,自己要求公开爱泼斯坦所涉案件档案,因此惹怒特朗普,招致特朗普在社交媒体平台对她展开言语攻击。由于特朗普的“煽动和怂恿”,她的人身安全面临威胁。
16日,特朗普一反先前立场,呼吁共和党众议员投票支持公开爱泼斯坦案文件,称“我们没什么可隐藏的”。多家媒体分析认为,特朗普的态度之所以出现180度大转变,是因为可能有数十名共和党籍众议员不顾党内高层指令,愿意投票支持公开爱泼斯坦案文件。(完)
图说:这是10月8日在美国华盛顿拍摄的日落时分的国会大厦。新华社记者 李睿 摄
