Connect with us

China

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းလွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-21 ဂြိုဟ်တုတင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က လွှတ်တင်စဥ် (ဆင်ဟွာ)

ရှီးချန်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသထဲသို့ နိုဝင်ဘာ ၂၁ ရက်က ပစ်လွှတ်ခဲ့သည်။
Shiyan-21 ဂြိုဟ်တုကို ပေကျင်းစံတော်ချိန် ညနေ ၆း၅၅ နာရီတွင် Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဂြိုဟ်တုကို အဓိကအားဖြင့် ဂြိုဟ်တုဆက်သွယ်ရေး၊ ရေဒီယိုနှင့် တယ်လီဗေးရှင်း၊ အချက်အလက်ပေးပို့ခြင်းနှင့် အခြားဝန်ဆောင်မှုများအတွက် အသုံးပြုမည်ဖြစ်ပြီး ဆက်စပ်သည့် နည်းပညာစမ်းသပ် လုပ်ဆောင်ခြင်းများနှင့်စိစစ်အတည်ပြုခြင်းလုပ်ငန်းများလည်း လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
ယခုလွှတ်တင်မှုသည် Long March-3B သယ်ဆောင်ရေးဒုံးပျံစီးရီးများ၏ ၆၀၉ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်မှု ခရီးစဉ်ဖြစ်သည်။ (Xinhua)


…………………
(English Version)
China launches new communication technology test satellite
XICHANG, Nov. 21 (Xinhua) — China sent a new communication technology test satellite into space from the Xichang Satellite Launch Center in its southwest Sichuan Province on Friday.
The Shiyan-21 satellite was launched at 6:55 p.m. (Beijing Time) aboard a Long March-3B carrier rocket and entered the preset orbit successfully.
The satellite will be mainly used for satellite communication, radio and television, data transmission and other services — as well as for conducting related technical tests and verifications.
This was the 609th flight mission of the Long March carrier rocket series.
Photo : A Long March-3B carrier rocket carrying the Shiyan-21 satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Nov. 21, 2025. (Photo by Wang Yinjie/Xinhua)