Africa & Middle East
အီရတ်နိုင်ငံက ရေနံအပေါ်မှီခိုမှုလျှော့ချရန် ခရီးသွားလုပ်ငန်းကိုအားဖြည့်
ဘဂ္ဂဒက်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံတော်ရန်ပုံငွေ ၉၅ ရာခိုင်နှုန်းကို ရေနံအပေါ် မှီခိုနေရသည့်စီးပွားရေးကို ကဏ္ဍစုံလင်လာစေရန် ယဥ်ကျေးမှုခရီးသွားလုပ်ငန်းဝင်ငွေကို နိုင်ငံတော်ဘတ်ဂျက် ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာနအကြီးတန်းအရာရှိတစ်ဦးက နိုဝင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်။
ရည်ရွယ်ချက်အထောက်အကူပြုရန် အစိုးရသည် ယဥ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသုတေသနနေရာများ ပြန်လည်ပြုပြင်မွမ်းမံခြင်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အီဂျစ်ခရီးသွားနှင့် ယဉ်ကျေးမှုအမွေအနှစ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Fadel al-Badrani ကနိုင်ငံပိုင် အီရတ်သတင်းအေဂျင်စီ (INA) သို့ ပြောကြားခဲ့သည်။
Badrani က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ပြန်လည်နိုးကြားလာမှုကို မီးမောင်းထိုးပြခဲ့ပြီး လက်ရှိ နိုင်ငံတွင် အီရတ်ကျွမ်းကျင်သူများနှင့်ပူးတွဲကာ နိုင်ငံတကာတူးဖော်မှုမစ်ရှင်ပေါင်း ၆၀ ကျော် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ယခင်နှစ်များအတွင်း မတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရှေးဟောင်းသုတေသနအဖွဲ့များ ပျက်ကွက်ခဲ့ရခြင်းမှ သိသာစွာပြောင်းလဲလာခြင်းဖြစ်သည်။
အဆိုပါ စီးပွားရေးတွန်းအားပေးမှုသည် အာရပ်ခရီးသွားလုပ်ငန်းအဖွဲ့၏ ဘဂ္ဂဒက်မြို့ကို ၂၀၂၅ ခုနှစ်အတွက် “အာရပ်ခရီးသွားမြို့တော်”အဖြစ် သတ်မှတ်ခြင်းနှင့်တိုက်ဆိုင်ကြောင်းသိရသည်။
“အဆိုပါရွေးချယ်မှုက ဘဂ္ဂဒက်မြို့ရဲ့လမ်းထောင့်တွေ၊ လမ်းတွေနဲ့ဉယျာဥ်တွေကို အနုပညာနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ရာနေရာတွေအဖြစ် ဖန်တီးပြုလုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်မှုနဲ့လမ်းညွှန်မှုအသစ်တွေပေးပါတယ်” ဟု Badrani က ပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Iraq bets on tourism to reduce oil dependence
BAGHDAD, Nov. 24 (Xinhua) — Iraq aims to raise cultural tourism revenue to 30 percent of its state budget to diversify an economy that currently relies on oil for 95 percent of its funding, a senior ministry official said on Monday.
Deputy Minister of Culture, Tourism, and Antiquities Fadel al-Badrani told the state-run Iraqi News Agency (INA) that the government has begun rehabilitating heritage and archaeological sites to support the target.
Badrani highlighted a resurgence in international collaboration, noting that more than 60 international excavation missions are currently operating in the country in partnership with Iraqi experts. This marks a sharp pivot from previous years, when foreign archaeological teams were largely absent due to instability.
The economic push coincides with the Arab Tourism Organization’s designation of Baghdad as the “Arab Tourism Capital” for 2025.
“The selection… has given us a new incentive and direction to make Baghdad, with all its corners, streets, and gardens, a place of artistic and tourist appeal,” Badrani said.
Photo : People visit the 3rd Iraq International Exhibition and Conference for Oil, Gas, and Renewable Energy in Baghdad, Iraq, Sept. 8, 2025. (Xinhua/Khalil Dawood)
