Connect with us

International Organizations

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဒေသများတွင် ဘောလုံးအားကစားဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် ဒေါ်လာတစ်ဘီလီယံ ရန်ပုံငွေထောက်ပံ့မည်ဟု ဖီဖာနှင့် ဆော်ဒီအေဂျင်စီ ကတိပြု

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ရှိ ဆာဗာစင်တာ၌ ကျင်းပသည့် ၄၉ ကြိမ်မြောက် ဥ‌ရောပဘောလုံးအဖွဲ့ချုပ် (UEFA) ပုံမှန်ညီလာခံ၌ မိန့်ခွန်းပြောနေသည့် ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုအား ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဒေသများတွင် ဘောလုံးအားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ခွဲဝေသတ်မှတ်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် Saudi Fund for Development အေဂျင်စီတို့ကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေများအား အားကစားကွင်းများနှင့် မရှိမဖြစ်လိုအပ်သော အထောက်အကူပြု အဆောက်အအုံများ တည်ဆောက်ရေးနှင့် ပြန်လည်မွမ်းမံရေးအတွက် ခွဲဝေပေးမည်ဟု ဖီဖာက ပြောကြားခဲ့သည်။

“ဒီအစီအစဉ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ သူတို့ရဲ့သက်ဆိုင်ရာ ဖီဖာလက်အောက်ခံ အဖွဲ့အစည်းတွေအတွက် အဓိကဦးစားပေးသွားမှာဖြစ်ပြီး ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့ အဆောက်အအုံတွေနဲ့ အထောက်အကူပြုပစ္စည်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးကူညီတာ၊ အခွင့်အလမ်းတွေ ဖန်တီးပေးတာနဲ့ အလွှာအသီးသီး လွှမ်းခြုံပါဝင်လာစေဖို့ နှိုးဆော်အားပေးတာတွေကို လုပ်ဆောင်သွားမှာပါ” ဟု ကြေညာချက်၌ ဖော်ပြထားသည်။

“ဒီသဘောတူညီချက်ဟာ ကျွန်တော်တို့ရဲ့ ဖီဖာလက်အောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ ဘောလုံးအားကစားကို ကမ္ဘာတစ်ဝန်းလုံးမှာ အမှန်တကယ် ထွန်းကားပြန့်ပွားစေမယ့် အဆောက်အအုံတွေနဲ့ အထောက်အကူပြုပစ္စည်းတွေ ရရှိရေးအတွက် ဖန်တီးပေးရာမှာ အလွန်အရေးပါတဲ့ ခြေလှမ်းတစ်ခုပါပဲ” ဟု ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုက ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
FIFA, Saudi agency pledge 1bn dollars to fund football infrastructure in developing countries and regions
GENEVA, Nov. 25 (Xinhua) — FIFA and the Saudi Fund for Development have signed a Memorandum of Understanding to allocate up to one billion U.S. dollars to support developing countries and regions with sports infrastructure.
FIFA said the funds will be allocated for the construction and rehabilitation of sports stadiums and essential surrounding infrastructure.
“The program will prioritize developing nations and their respective FIFA member associations, helping them invest in facilities that drive growth, create opportunity, and inspire participation at every level,” read a statement.
“This agreement is a crucial step in ensuring our FIFA member associations have the facilities to make football truly global,” said FIFA President Gianni Infantino.
English Caption
FIFA President Gianni Infantino speaks during the 49th UEFA ordinary Congress at the Sava Center in Belgrade, Serbia, April 3, 2025. (Photo by Predrag Milosavljevic/Xinhua)