China
ရှီကျင့်ဖိန်က ဟောင်ကောင်အဆောက်အအုံ မီးလောင်ကျွမ်းမှုအပေါ် ဝမ်းနည်းနှစ်သိမ့်ကြောင်း ပြောကြား၊ သေဆုံးဒဏ်ရာရမှုများကို အနည်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းရန် တိုက်တွန်း
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အနည်းဆုံး လူ ၁၃ ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဟောင်ကောင် လူနေအဆောက်အအုံမီးလောင်မှုနှင့်စပ်လျဉ်း၍ ဝမ်းနည်းနှစ်သိမ့်ပါကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီသည် သေဆုံးသူများ၏ မိသားစုဝင်များနှင့် ကပ်ဘေးဒဏ်သင့်သူများအား နှစ်သိမ့်ကြောင်း ပြောကြားခဲ့သည်။ ဘက်ပေါင်းစုံက မီးငြှိမ်းသတ်ရန်နှင့် သေဆုံးဒဏ်ရာရမှု၊ ဥစ္စာပစ္စည်းဆုံးရှုံးမှုများ အတတ်နိုင်ဆုံးနည်းပါးစေရန်အတွက် ကူညီကယ်ဆယ်မှုများ အစွမ်းကုန်ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
မီးဘေးဖြစ်ပွားမှုအပြီးတွင် ယင်းမတော်တဆမှုအပေါ် ရှီက အထူးအလေးထားရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် သေဆုံးဒဏ်ရာရမှု နောက်ဆုံးအခြေအနေများကို ချက်ချင်းသိရှိရအောင် ဆောင်ရွက်ခဲ့သည်။
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ဗဟိုပြည်သူ့အစိုးရ ဆက်သွယ်ရေးရုံး ညွှန်ကြားရေးမှူးအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းထံသို့ ၎င်း၏ နှစ်သိမ့်မေးမြန်းကြောင်းနှင့် ဝမ်းနည်းကြောင်းစကားအား တစ်ဆင့်ပြောကြားပေးရန် ညွှန်ကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဟောင်ကောင်၊ မကာအို လုပ်ငန်းရေးရာရုံးနှင့် ဆက်ဆံရေးရုံးတို့အား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ မီးငြှိမ်းသတ်ရေးတွင် အစွမ်းကုန်ကူညီအားပေးရန်၊ ရှာဖွေကယ်ဆယ်မှုများကို တတ်နိုင်သမျှအစွမ်းကုန်ဆောင်ရွက်ရန်၊ ဒဏ်ရာရသူများအား ကယ်ဆယ်ကုသရန်နှင့် သေဆုံးသူများ၏မိသားစုဝင်များကို နှစ်သိမ့်အားပေးရန် ၎င်းက ညွှန်ကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ လူနေအဆောက်အအုံ မီးလောင်မှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးသမားများက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်တွင် လူနေအဆောက်အအုံ မီးလောင်မှုအတွင်း ဒဏ်ရာရသူတစ်ဦးအား Prince of Wales ဆေးရုံသို့ ပို့ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ လူနေအဆောက်အအုံ မီးလောင်မှုဖြစ်ပွားရာနေရာတွင် မီးဘေးဒဏ်သင့်သူများက ကူညီကယ်ဆယ်ရေးစခန်းတွင် ကူညီထောက်ပံ့ရေးပစ္စည်းများ ယူနေကြသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ လူနေအဆောက်အအုံ မီးလောင်မှုဖြစ်ပွားရာနေရာတွင် အမျိုးသားတစ်ဦးဖြတ်သန်းသွားသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
Xi extends condolences over Hong Kong building fire, urges all-out rescue efforts to minimize losses
BEIJING, Nov. 26 (Xinhua) — Chinese President Xi Jinping on Wednesday extended condolences over a deadly residential building fire in Hong Kong, which killed at least 13 people.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, expressed sympathy to the families of the victims and those affected by the disaster. He urged all-out efforts to extinguish the fire and minimize casualties and losses.
In the wake of the fire, Xi attached great importance to the accident and immediately sought updates on the rescue efforts and casualties.
Xi instructed the director of the Liaison Office of the Central People’s Government in the Hong Kong Special Administrative Region (HKSAR) to convey his condolences and sympathies to HKSAR Chief Executive John Lee.
He required the Hong Kong and Macao Work Office of the CPC Central Committee and the liaison office to support the HKSAR government in making all-out efforts to put out the fire, do everything possible in search and rescue, treat the injured, and comfort the victims’ families. ■
1. This photo taken on Nov. 26, 2025 shows rescuers working on a residential building fire site in Hong Kong, south China. (Xinhua/Chen Duo)
2. Rescuers work at a residential area fire site in Hong Kong, south China, Nov. 27, 2025. (Xinhua/Zhu Wei)
3. A person injured in a residential area fire is transferred to Prince of Wales Hospital in Hong Kong, south China, Nov. 26, 2025. (Xinhua/Zhu Wei)
4. Residents affected by a residential area fire receive relief supplies at a relief station in Hong Kong, south China, Nov. 26, 2025. (Xinhua/Chen Duo)
5. A man walks past a residential area fire site in Hong Kong, south China, Nov. 27, 2025. (Xinhua/Zhu Wei)
