Connect with us

China

တရားမဝင်ထီလောင်းကစားလုပ်ကိုင်သည်ဟု သံသယရှိသူ ၁၁ ဦးကို မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်ရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် တရားမဝင်လောင်းကစားလုပ်ကိုင်သည်ဟု စွပ်စွဲခံထားရသူ ၁၁ ဦးကို မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြည်ပတွင် ရေရှည်ပုန်းအောင်းနေကြသည့် အဆိုပါ သံသယရှိသူများသည် တရားမဝင်ထီလောင်းကစားလုပ်ငန်းများကို အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်။ အဆိုပါဂိုဏ်းသည် ဆိုရှယ်မီဒီယာနှင့် အခြားအွန်လိုင်းမဟုတ်သည့် ကြော်ငြာခြင်းများမှတစ်ဆင့် ပြည်တွင်းကိုယ်စားလှယ်များ၊ လောင်းကစားလုပ်သူများကို စုဆောင်းခဲ့ပြီး လူများကို လောင်းကစားပြုလုပ်ရန် ကြီးမားသောမက်လုံးများဖြင့် ဆွဲဆောင်ခဲ့သည်။ အဆိုပါအမှုတွင် အလွန်များပြားသောငွေပမာဏ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဟိုင်နန်ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် MPS ၏ လမ်းညွှန်ချက်များအတိုင်း ရာဇဝတ်မှုဆိုင်ရာ သက်သေများ၊ သတင်းအချက်အလက်များ ရယူစုဆောင်းကာ မလေးရှားနိုင်ငံသို့ အထူးတပ်ဖွဲ့ စေလွှတ်ခဲ့သည်။ မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးအကူအညီဖြင့် မလေးရှားရဲတပ်ဖွဲ့က သံသယရှိသူများကို တရုတ်နိုင်ငံ၏ ထိန်းသိမ်းမှုအောက်သို့ လွှဲပြောင်းပေးခဲ့သည်။
ရဲတပ်ဖွဲ့က အဆိုပါအမှုကို အတွင်းကျကျစုံစမ်းစစ်ဆေးလျက်ရှိပြီး တရားမဝင်ထီလောင်းကစားဂိုဏ်းနှစ်ခုကို ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။
တရုတ်ရဲတပ်ဖွဲ့သည် လောင်းကစားခြင်းနှင့် ဆက်စပ်နေသောရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ဆက်လက်နှိမ်နင်းမည်ဖြစ်ပြီး နိုင်ငံတကာဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေပြီး လွတ်မြောက်နေသည့် သံသယရှိသူ အားလုံးဖမ်းဆီးရမိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MPS မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Chinese police escort 11 suspected illegal lottery operators from Malaysia to China
BEIJING, Nov. 26 (Xinhua) — Police from China’s Hainan Province have escorted 11 individuals accused of running illegal gambling operations back to China from Malaysia, according to a statement released by the Ministry of Public Security (MPS).
The suspects, who had been in hiding overseas, had long been running illegal lottery operations. The gang recruited domestic agents and gamblers through social media and offline promotion, luring people into gambling with the prospect of high odds. The case involved an enormous sum of money, per the statement.
Having collected criminal evidence and information, Hainan’s public security authorities dispatched a task force to Malaysia in accordance with the guidance of the MPS. With the assistance of the Chinese Embassy in Malaysia, Malaysian police transferred the suspects into Chinese custody.
Police have been digging deeper into the case, dismantling two additional illegal lottery gambling rings.
A senior MPS official noted that Chinese police will maintain a high-pressure crackdown on gambling-related crimes, continue to deepen international law enforcement cooperation, and apprehend all suspects at large.