Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အားဖြည့်သွားရန် ဆန္ဒရှိသလို ဥရောပသမဂ္ဂအနေဖြင့်လည်း တံခါးဖွင့်မှုဆိုင်ရာ ကတိကဝတ်ကို အခိုင်အမာ ထိန်းသိမ်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၁၈ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးညှိနှိုင်းဆွေးနွေးပွဲ (ဥရောပညှိနှိုင်းဆွေးနွေးပွဲ) ကို မကြာသေးမီရက်က တရုတ်နိုင်ငံ ချိန်တူးမြို့တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အားဖြည့်သွားရန် ဆန္ဒရှိသလို ဥရောပသမဂ္ဂအနေဖြင့်လည်း တံခါးဖွင့်မှုဆိုင်ရာ ကတိကဝတ်ကို အခိုင်အမာ ထိန်းသိမ်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုများကို ဖြေကြားစဉ် ပြောကြားခဲ့သည်။

ဥရောပညှိနှိုင်းဆွေးနွေးပွဲကို ၂၀၀၂ ခုနှစ်မှ ယခုအထိ ၁၈ ကြိမ် ကျင်းပလာခဲ့ပြီဖြစ်ရာ တရုတ်-ဥရောပ ကုမ္ပဏီလုပ်ငန်း စုစုပေါင်း ၁၂,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၃,၃၀၀ ကျော်ရရှိခဲ့ကြောင်း၊ ယင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ပါဝင်မှု အများဆုံး၊ ဥရောပ ကုမ္ပဏီလုပ်ငန်းများ ပါဝင်မှု အကျယ်ပြန့်ဆုံး၊ တရုတ်နှင့် ဥရောပသမဂ္ဂကြား ဖလှယ်မှု အတိုင်းအတာ အကြီးဆုံး ဖြစ်သော ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

တရုတ်နှင့် ဥရောပသမဂ္ဂ စီးပွားရေးသည် မြင့်မားသော အပြန်အလှန် ဖြည့်စွက်မှုရှိပြီး အကျိုးစီးပွားများသည် နက်ရှိုင်းစွာ ပေါင်းစည်းမှုရှိရာ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက် ဆက်ဆံရေး၏ “တည်ငြိမ်မှုအုတ်မြစ်” ဖြစ်ကြောင်း၊ တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ကာလတစ်လျှောက်တွင် နှစ်စဉ် ကုန်သွယ်ရေး တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံမှ ၇၈၀ ဘီလီယံကျော်အထိ တိုးတက်ခဲ့ရာ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း၊ လက်ရှိတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၅ နိုင်ငံသည် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒ ခံစားခွင့်ရှိပြီး တရုတ်-ဥရောပရထားသည် စုစုပေါင်း ရထားအစင်းရေ ၁၂၀,၀၀၀ နီးပါးမောင်းနှင်ပြေးဆွဲခဲ့ကာ ဥရောပ နိုင်ငံ ၂၆ နိုင်ငံမှ မြို့ပေါင်း ၂၀၀ ကျော်အထိ ပေါက်ရောက်ကြောင်း၊ အားသားချက်အပြန်အလှန် ဖြည့်စွက်မှုသည် အပြန်အလှန်အကျိုးဖြစ်ထွန်၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း အားဖြည့်ပေးခဲ့ရာ နှစ်ဖက်ပြည်သူများအား လက်တွေ့ကျ ခိုင်မာသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ ဥရောပသမဂ္ဂနဲ့အတူ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် အားဖြည့်သွားဖို့၊ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့ ဆန္ဒရှိသလို ဥရောပသမဂ္ဂအနေနဲ့လည်း တံခါးဖွင့်မှုဆိုင်ရာ ကတိကဝတ်ကို အခိုင်အမာ လက်ကိုင်ထားနိုင်ပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီး အခွင့်အလမ်းတွေကို ဖမ်းဆုပ်ထားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
外交部:中方愿继续同欧方加强经贸合作,也希望欧方坚守开放承诺
新华社北京11月26日电(记者刘杨、曹嘉玥)第十八届中国—欧盟投资贸易科技合作洽谈会(欧洽会)日前在成都成功举行。外交部发言人毛宁11月26日在例行记者会上答问时表示,中方愿继续同欧方加强经贸合作,也希望欧方能够坚定恪守开放承诺。
毛宁说,欧洽会自2002年至今已举办18届,累计吸引12000多家中欧企业参会,达成意向性合作协议3300多项,是欧盟成员国参与最多、欧方企业参与最广、中欧交流规模最大的投资贸易和创新合作平台。
毛宁表示,中欧经济高度互补,利益深度交融,经贸合作是双方关系的“压舱石”。中欧建交50年来,年贸易额从24亿美元增至7800多亿美元,相互投资存量增长至2700多亿美元。目前25个欧盟成员国享受中方免签政策,中欧班列累计开行近12万列,通达欧洲26个国家200多个城市。优势互补成就了互利共赢,给双方人民带来实实在在的好处。
“我们愿继续同欧方加强经贸合作,推动中欧关系健康稳定发展,也希望欧方能够坚定恪守开放承诺,把握中国发展的重要机遇。”毛宁说。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.