Africa & Middle East
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်နစ္စတန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအား ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းကြောင်း ကြေညာ
ဝါရှင်တန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ကြေညာခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ထို့နောက်မကြာမီတွင်ပင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အတည်ပြုခဲ့ပြီး “နိုင်ငံတော်နှင့် ပြည်သူများလုံခြုံရေးကို ကာကွယ်တာက အမေရိကန်နိုင်ငံရဲ့ ဦးစားပေးတာဝန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန် အမျိုးသားအစောင့်တပ် အဖွဲ့ဝင်နှစ်ဦးသည် အိမ်ဖြူတော်နှင့် လမ်းမအနည်းငယ်သာခြားသည့်နေရာ၌ ပစ်ခတ်တိုက်ခိုက်ခြင်းခံရပြီး တစ်ဦးသေဆုံးခဲ့ရာ အဆိုပါအမှု၏ သံသယရှိသူမှာ အာဖဂန်နစ္စတန် နိုင်ငံသားတစ်ဦးဖြစ်သည်။
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ယင်းသည် “အကြမ်းဖက်မှုဖြစ်ရပ်” တစ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ဘိုင်ဒန်အုပ်ချုပ်သည့်ကာလအတွင်း အာဖဂန်နစ္စတန်မှ ပြည်ဝင်လာသော “နိုင်ငံခြားသားတစ်ဦးချင်းစီတိုင်း” ကို မဖြစ်မနေ ပြန်လည်စစ်ဆေးရမည်ဟု ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနကလည်း လက်ရှိအချိန်မှစ၍ အာဖဂန်နစ္စတန် နိုင်ငံသားများ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သည့် လျှောက်ထားမှုများ လက်ခံဆောင်ရွက်ခြင်းအား ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
ထရမ့်က နိုဝင်ဘာ ၂၇ ရက် ညသန်းခေါင်တွင် လူမှုမီဒီယာ၌ ထပ်မံပို့စ်တင်၍ “တတိယကမ္ဘာ့နိုင်ငံ” အားလုံးမှ ရွှေ့ပြောင်းနေထိုင်မှုများကို ရာသက်ပန်ရပ်ဆိုင်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
美国务院宣布暂停向阿富汗护照持有人签发签证
新华社华盛顿11月28日电 美国国务院28日在社交媒体发文宣布,国务院已暂停向持有阿富汗护照的个人签发签证。
美国国务卿鲁比奥随后在社交媒体发文予以证实,并表示“保护国家和人民安全是美国的首要任务”。
26日,美国两名国民警卫队员在距离白宫仅几个街区的地方遭到枪击,一人死亡,案件嫌疑人为一名阿富汗公民。美国总统特朗普说,这是一起“恐怖行为”,美国必须重新审查在拜登执政期间从阿富汗入境的“每一名外国人”。美国公民及移民服务局宣布,即刻起暂停处理阿富汗公民移民美国的申请。特朗普27日深夜再次在社交媒体上发帖称,将永久暂停来自所有“第三世界国家”的移民。(完)
图说:11月26日,在美国首都华盛顿,警方封锁案发现场附近街道。新华社记者胡友松摄
